Breaking
Ad
Ad
Ad
Category

Uncategorized

Category

မကွေးဆေးရုံမှ covid19 Case 53 နှင့် ပွင့်သစ်စရတနာ ယာဉ်ပေါ်ပါ ခရီးသွားများ ကျန်းမာရေးစစ်ဆေးမှုခံယူရန်လိုအပ်

#ဝင်းဇော် ( မြဝတီ )

မြဝတီ ၊ ဧပြီ ၁၄

မကွေးဆေးရုံ၌ ကုသမှုခံယူနေသော Case- 53 လူနာသည်မတ်လ ၂၉ ရက်၊ ပွင့်သစ်စရတာနာ Higher ယာဉ်အမျိုးအစား ၊ယာဉ်အမှတ် 8H/9577ယာဉ်မောင်းမျိုးမြင့်ဆန်း၊ယာဉ်နောက်လိုက်ကိုဖိုးသား တို့မောင်းနှင်သောယာဉ်နှင့် မြဝတီမှရန်ကုန်သို့လိုက်သွားခဲ့ကြောင်းသိရသည်။

အဆိုပါ Covid 19 positive case 53 အား ရာမညလကျမှတ်အရောင်းကောင်တာမှ လာရောက်ပို့ခြင်း ဖြစ်သော်လည်း ၊ချစ်ကြည်ရေးတံတားအနီး ရာမညဂိတ်တာဝန်ခံ အမျိုးသမီးက ခရီးသည်ဘယ်နှစ်ယောက်ကို မည်သည့်ကားဖြင့်သွားရောက်ပို့ဆောင်ခဲ့သည်ကိုမမှတ်မိတော့ကြောင်းပြောသည်။

အဆိုပါCovid 19 positive case 53 လူနာသည်ထိုင်းနိုင်ငံ မှ မြဝတီမြို့သို့ မတ် ၂၉ ရက် ၁၄း၀၀ အချိန်ရောက်ရှိကာ ၁၇း၀၀ တွင် မြဝတီမြို့မှ ရန်ကုန် သို့ ပွင့်သစ်စရတနာမှန်လုံ ယာဉ်ဖြင့်ခရီးသွားဖော် ၈ ဦးနှင့်အတူ အောင်မင်္ဂလာအဝေးပြေး သို့မတ် ၃၀ ၊၀၄း၀၀ အချိန်ရောက်ရှိခဲ့ကြောင်းသိရသည်။

ထို့နောက် အောင်မင်္ဂလာကားဝန်းမှ ပြည်သို့ မတ် ၃၀ ၊၁၂း၀၀ အချိန်ရောက်ရှိကာ ကျန်းမာရေးစစ်ဆေးမှုခံယူပြီးတစ်ရွာတည်း နေခရီးသွားဖော် ၅ ဦးနှင့်အတူ ဇာနည်အောင် မှန်လုံယာဉ်ဖြင့် မြို့သစ်မြို့သို့ COVID-19 စစ်ဆေးရေးစင်တာ (အထက ၁) သို့ မတ် ၃၀ ၊၁၉း၂၀ သို့ရောက်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါ case 53 နှင့် Contact မည်မျှ ရှိခဲ့သလဲ ။ အတူကားစီးခဲ့သူများမိမိအသိစိတ်ဓာတ်ဖြင့်ကျန်းမာရေးဌာနသို့သတင်ပို့ပြီးဆေးစစ်ချက်ခံယူကြပါရန် တိုက်တွန်းအပ်ပါသည်။

လေဆိပ်နှင့် အဝေးပြေးကွင်းများကို ဘတ်စ်ကားများ ချိတ်ဆက်ပြေးဆွဲမည် ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ Omni Focus ကုမ္ပဏီမှ လေဆိပ်နှင့် အဝေးပြေးကွင်းများကို ယာဉ်အစီးရေ ၂၀ စီးဖြင့် ဘတ်စ်ကားများ ချိတ်ဆက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး…

အိမ်ကွင်း အဝေးကွင်း စီမံကိန်း။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။မြန်မာနိုင်ငံတွင် မယားအတန်း အစားခွဲခြားမှု ပပျောက်ရေးကွန်ရက်၊ ဖတ်စ်လေဒီပါတီ(မြန်မာပြည်)၊ မယား ကြီး မယားငယ် စည်းလုံးညီညွတ်ရေး သမဂ်္ဂ(မငစသ)၊ လစ်လပ်မယားများ စောင့်ရှောက်ရေးအသင်းချုပ်(လမသ) စသည့် အဖွဲ့ကြီးများ ထူးဆန်းအံ့သြ ဖွယ် ပေါ်ထွက်လာလေသည်။နဂိုကတည်းကမှ…

၂၀၂၀ ခုနှစ် ပြည်လုံးကျွတ် ရွေးကောက်ပွဲဟာ မကြာခင်ရောက်ရှိလို့လာပါတော့မယ် ။ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ဆိုတာဟာ နိုင်ငံသားတို့ရဲ့အရေးကြီးလှတဲ့ ရပိုင်ခွင့်တစ်ရပ်ဖြစ်ပါတယ် ။ ဒီမိုကရေစီစနစ်ကိုကျင့်သုံးကြတဲ့နိုင်ငံတွေမှာ နိုင်ငံသားဖြစ်မှု ၊ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့် အခွင့် အရေးများ…