Breaking
Ad
Ad
Ad
Category

News

Category

Covid-19 ကြောင့်၂၀၁၉ ခုနှစ်တွင် ခွင့်ပြုခဲ့သည့် မော်တော်ယာဉ် သွင်းကုန်လိုင်စင်များကို သက်တမ်း နှစ်လ ထပ်တိုးခွင့်ပြုမည်

ရန်ကုန်၊ မေ၁၈

၂၀၁၉ ခုနှစ်အတွင်း ခွင့်ပြုခဲ့သည့် မော်တော်ယာဉ် တင်သွင်းခွင့်သွင်းကုန်လိုင်စင်များကို သက်တမ်းနှစ်လထပ်တိုးခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ကုန်သွယ်ရေး ကြန့်ကြာတာတွေရှိတယ်ဆို​​​ပြီးတင်ပြတာတွေရှိပါတယ်။ ပြီးခဲ့တယ့်နှစ်က မိုဒယ်သတ်မှတ်ချက်နဲ့ ခွင့်ပြုထားတဲ့ ကားလိုင်စင်တွေကလည်း သွင်းဖို့အခက်အခဲ ရှိနေတယ်ဆိုပြီးပြောတယ်။ ဒါကြောင့်၂၀၁၉ ခုနှစ် မော်တော်ယာဉ် သွင်းကုန်လိုင်စင်တွေကို မတ်လကုန်အထိပဲ ခွင့်ပြုပေးမယ်ဆိုတဲ့ ကြေညာချက်အစား နောက်ထပ် နှစ်လခွင့်ပြုပေးတာဖြစ်ပါတယ်။ သက်တမ်းတိုးဖို့အတွက်ကိုလည်း အွန်လိုင်းကနေတစ်ဆင့် ဆောင်ရွက်နိုင်အောင် စီစဉ်ပေးထားပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Covid-19 ကြောင့် ကုန်သွယ်ရေးကိစ္စများတွင် သက်ရောက်မှုရှိနေသည့်အတွက် ကုန်သွယ်မှုများ အဆင်ပြေစေရန် ရည်ရွယ်ပြီး ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်၊ တာချီလိတ်ကုန်သွယ်ရေး ဇုန်တို့မှ တင်သွင်းရန်ခွင့်ပြုပေးထားသည့် ၂၀၁၉ ခုနှစ်အတွင်းခွင့်ပြုခဲ့သော မော်တော်ယာဉ်သွင်းကုန်လိုင်စင်များကို ခွင့်ပြုထုတ်ပေးသည့်ရက်မှ သက်တမ်းသုံးလကုန်ဆုံးပါက ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်အထိသာ ခွင့်ပြုခြင်းအစား သက်တမ်း နှစ်လ ထပ်တိုးခွင့်ပေးမည်ဖြစ်ပြီး ယင်းကာလအတွင်း အပြီးတင်သွင်းရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဆက်နိုင်

စျေးများအားလုံး၊ထမင်းဆိုင်နှင့် လမ်းဘေးဆိုင်များစည်းကမ်းနှင့် ညီမှ ပြန်ဖွင့်ခွင့်ပြုမည် ပုသိမ်၊ မေ ၁၆ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိစျေးများအားလုံးနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်၊ ထမင်းဟင်းရောင်းချသည့်ဆိုင်နှင့် အခြားလမ်းဘေးဆိုင်အားလုံးကို မေလ ၁၆ ရက်မှစတင်၍ စည်းကမ်းနှင့် အညီ ပြန်လည်ဖွင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း…

ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိသောစီးပွားရေးလုပ်ငန်းများကိုကျပ် ၁၃ ဘီလီယံ ထုတ်ချေးပေးထား ရန်ကုန် ၊ မေ ၁၆ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့်ထိခိုက်မှုရှိသောစီးပွားရေးလုပ်ငန်းများအပေါ် နိုင်ငံတော်အစိုးရက ချေးငွေထုတ်ချေးပေး ထားရာတွင်ကျပ် ၁၃ ဘီလီယံအထိ ထုတ်ချေးပေးထားကြောင်းကုန်သည်စက်မှုအသင်းချုပ် အထွေထွေ…

တစ်နိုင်ငံလုံးကိုရက်သတ္တ (၂) ပတ်ခန့်စာ ရိက္ခာဝေနိုင်ရန်ဆောင်ရွက်နေ နေပြည်တော် ၊ မေ ၁၃ COVID-19 ရောဂါထိန်းချုပ်နေစဉ်ကာလအတွင်းအကြပ်အတည်း ဖြစ်ချိန်တွင် တစ်နိုင်ငံလုံး၏ ရက်သတ္တ (၂) ပတ်ခန့်စာ ရိက္ခာဝေနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်းအရန်ရိက္ခာဝယ်ယူရေး ညှိနှိုင်းအစည်းအဝေးတွင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး…

ရန်ကုန် Lock Down ၁၀ မြို့နယ်မှ ဧရာဝတီတိုင်းသို့ လာပါကမြို့အတွင်းဝင်ခွင့်မရှိ ပုသိမ်၊ မေ ၁၂ ရန်ကုန်တိုင်းဒေသကြီအတွင်းရှိ Lock Down ပြုလုပ်ထားသည့် မြို့နယ် ၁၀ မြို့နယ်မှ ရပ်ကွက်များရှိရာ ဒေသများမှ…

Mask မတပ်သည့်ဈေးသည့်များကိုဒဏ်ရိုက်ရာ ၂၅ သိန်းကျော်ရရှိ ပုသိမ် ၊ မေ ၁၂ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဈေးများတွင် နှာခေါင်းစည်း Mask မတပ်သည့် ဈေးသည်ပေါင်း ၆၀၀ ဦးကျော်ကိုဒဏ်ရိုက်ခဲ့ကာ ဒဏ်ငွေ ၂၅ သိန်းကျော်ရခဲ့ကြောင်း…

ယနေ့မှစ၍ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ပုံမှန်အတိုင်းဆောင်ရွက်ပေးမည် ရန်ကုန် ၊ မေ ၁၁ မော်တော်ယာဉ်များကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကိုယနေ့ ( မေ ၁၁ ရက်)မှစ၍ ပုံမှန်အတိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရင်လွန်ဒဏ်ကြေးများကိုလည်း အချိန်ကာလတစ်ခုအထိ တိုးမြှင့်သတ်မှတ်ပေးထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ “…

ကြံခင်းမြို့ရှိ ဧရာဝတီ မြစ်အတွင်း ကျောက်စုပ် မော်တော်စည်းကမ်းမဲ့ ကျူးကျော်ကာကျောက်များစုပ်ယူနေ ကြံခင်း ၊ မေ ၈ ဧရာဝတီတိုင်းနယ်နိမိတ်အတွင်းကြံခင်းမြို့နယ်၊ ကျွန်းကြီးကျေးရွာဘေးရှိ ဧရာဝတီမြစ်အတွင်းသို့ ကျောက်စုပ် မော်တော် အစီး ၃ဝ ကျော် စည်းကမ်းမဲ့…

ပုသိမ်အထည်ချုပ်စက်ရုံတချို့ပြန်ဖွင့်လှစ်ထားသော်လည်း စည်းကမ်းနှင့်ညီမညီစစ်ဆေးပေးစေချင် ပုသိမ် ၊ မေ ၅ ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံ အားလုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွန်ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်ပြီးဖြစ်သော်လည်းစည်းကမ်းချက်များနှင့်ညီညွတ်မှုရှိမရှိစစ်ဆေး ပေးစေချင်ကြောင်းအလုပ်သမားခေါင်းဆောင် မအိမွန်စိုးက ပြောသည်။ “စက်ရုံထဲရောက်မှ ၆…

ယနေ့တွင် Covid Positive လူနာ ၆ ယောက်တွေ့သဖြင့်လုံးဝ မပေါ့ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြည်သူများအားအသိပေး နေပြည်တော် ၊ မေ ၄ COVID-19ရောဂါပိုးရှိသူ ယနေ့ တွင် ၆ ယောက်တွေ့ရှိသဖြင့် မပေါ့ဆကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း…