Breaking
Ad
Ad
Ad
Category

Local News

Category

ဒေသတွင်းငါး၊ပုစွန်၊ကဏန်းများ အရောင်းအဝယ် ရပ်ပစ်ရမည့်အထိရောင်းအားကျဆင်းနေ

ပုသိမ်၊ မေ ၂၆

Covid-19 ကပ်ရောဂါ သက်ရောက်မှုအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါး၊ ပုစွန်၊ ကဏန်းများ အရောင်းအဝယ်ကျဆင်းနေသဖြင့် ဒေသတွင်း လုပ်ငန်းရှင်များနှင့် ရေလုပ်သားများ လုပ်ငန်းရပ်ပစ်ရမည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။

''အခုပြည်ပကို တင်ပို့လို့ အဆင်မပြေတော့ ပြည်တွင်းစျေးကွက်မှာ အကြွေးစနစ်နဲ့ ရောင်းထားရတယ်။ ဆက်ပြီးတော့ လနဲ့ချီပြီး ဒီလိုဖြစ်နေဦးမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ လုပ်ငန်းကို ရပ်ပစ်ရတော့မယ်။ ပြည်တွင်းမှာလည်း အလုပ်လက်မဲ့ဦးရေများလာတော့ ဝယ်စားမယ့်သူက မရှိတော့ဘူး။ ပိုက်ဆံမရှိရင်တော့ ဘယ်သူမှ ဝယ်စားတော့မှာ မဟုတ်ဘူး။ တရုတ်နိုင်ငံကို အဓိကတင်ပို့တာ Covid-19 ဖြစ်ပွားနေတော့ စျေးကွက်က ပိတ်ကို ပိတ်ထားတာ။''ဟု ဖျာပုံမြို့မှ ဒို့မိတ်ဆွေ ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးဝင်းအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ရေထွက်ကုန်များဖြစ်သည့် ကဏန်း၊ ပုစွန်၊ ငါးများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး Covid-19 ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှ လက်ရှိအချိန်အထိ တရုတ်မှ အဝယ် မရှိတော့သဖြင့် မတင်ပို့ရသည့်အတွက် ပြည်တွင်း၌သာ ဖြန့်ဖြူရောင်းချနေရပြီး အများစုမှာ ဝယ်ယူစားသုံးခြင်း မရှိသဖြင့် ရောင်းလိုအား ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ရကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်း ရေလုပ်ငန်းကုမ္ပဏီများနှင့် တစ်နိုင် တစ်ပိုင် လုပ်ကိုင်သူ ၃၅၀ ဦး ရှိပြီး ငါး၊ ပုစွန်နှင့် ကဏန်းများကို ယခင်က ပြည်ပသို့ ၅၀ ရာခိုင်နှုန်းတင်ပို့ပြီး ပြည်တွင်းမှာ ၅၀ ရာခိုင်နှုန်း ရောင်းချခဲ့ကာ ယခုအခါ ပြည်ပကို တင်ပို့နိုင်ခြင်း မရှိသည့်အပြင် ပြည်တွင်း၌လည်း ကုန်တင်ပို့ရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သိသိသာသာရောင်းလိုအား ကျဆင်းလာနေကြောင်း သိရသည်။

''Covid-19 ကပ်ရောဂါရဲ့ သက်ရောက်မှုက ရေလုပ်ငန်း လုပ်ကိုင်သူ ပြည်သူတွေကို တော်တော် အခက်တွေ့ စေတယ်။ လက်ရှိအချိန်မှာ ရေလုပ်ငန်း လုပ်ကိုင်သူ အားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ရောဂါ အရေးပေါ် ကာလကျော်လွန်ရင်တော့ ရေလုပ်ငန်းတွေ ပြန်လည်တိုးတက်လာဖို့ရှိတယ်။ ပုသိမ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးနိုင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် Covid-19 မဖြစ်ပွားချိန် ရေလုပ်ငန်းများ ပုံမှန်လည်ပတ်ချိန်က ရေလုပ်သားများ နေ့စဉ် တစ်ရက်ကို ကျပ် ၁၅၀၀၀ မှ ၂၅၀၀၀ ဝင်ငွေရှိကာ လက်ရှိ တစ်ရက်လျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်သာ ဝင်ငွေရရှိတော့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်၊ ဖျာပုံ၊ လပွတ္တာစသည့် ဒေသများရှိ ကမ်းခြေ၊ အင်း၊ အိုင်၊ ချောင်း၊ မြစ်များထဲတွင် ငါး၊ ပုစွန်၊ ကဏန်းများ အများဆုံး ဖမ်းဆီးရမိပြီး ပြည်တွင်းရန်ကုန်စျေးကွက်နှင့် မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

#ကျော်ကျော်

ဧရာဝတီတိုင်းအတွင်းရှိ ရေယာဉ်များ ‘အမ်ဖန်’ စူပါ ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကို ရှောင်ရှားရန် တိုင်းအစိုးရမှ သတိပေး ပုသိမ် ၊ မေ ၂၀ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ ခရီးသည်တင်ရေယာဉ်များ၊ ကုန်တင်…

တိုင်းအတွင်းပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များအားလုံးကို စတင်ပြေးဆွဲခွင့်ပြု ဟင်္သာတ ၊ မေ ၁၇ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသတွင်း မြို့များ အချင်းချင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များအားလုံးကို မေလ ၁၆ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း…

နွားများမှ ရဲစခန်းဆိုင်းဘုတ်ဝင်တိုက်ပြီးပျက်စီးသည့်အပေါ် မကျေနပ်သဖြင့် ပိုင်ရှင်အား ရဲကင်းမှူးမှရိုက်နှက်သဖြင့်စုံခုံဖွဲ့စစ်ဆေးနေ မြောင်းမြ၊ မေ ၁၇ ရောဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့နယ်ကျေးရွာစစ်ဆေးရေးဂိတ်တွင် မေ ၁၃ ရက်က ကူညီဆောင်ရွက်ပေးနေသူ အသက် ၅၀ နှစ်အရွယ် ကိုတင်အောင်မိုးဆိုသူ မွေးထားသည့် နွားအပါအဝင်…

Mask ပြိုင်ပွဲတွင်ဆုရသူများကို ဂုဏ်ပြု မှတ်တမ်းလွှာချီးမြှင့်ပြီးvideo conferencing လုပ်မည် ……………………. Mask ပြိုင်ပွဲကို ပြည်သူတွေသောင်းနဲ့ချီပြီး ပါဝင်ခဲ့ကြတာကို အံ့ဩမိသလို၊ ဝမ်းလည်းသာ ရပါတယ်။ ဒီပြိုင်ပွဲအကြောင်းကိုဂျပန် NHK သတင်းဌာနကတောင် လွှင့်တယ်လို့ သိရပါတယ်။…

ဧရာဝတီတိုင်းဒေသကြီးတွင် ၁၀ ရက်အတွင်း လူဦးရေ ၄၅၆ ဦးလေဘေးဒဏ်သင့်ခဲ့ ပုသိမ်၊ မေ ၁၁ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် မေလ ၁၀ ရက်အတွင်း လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူဦးရေ ၄၅၆ ဦးလေဘေးသင့်ခဲ့ကြောင်း တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး…

မြေလွတ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့်ရရှိရေး လျှောက်ထားသူများထံမှတံစိုးလက်ဆောင်ရယူသူမြေတိုင်းစာရေးကို အရေးယူ ရန်ကုန် ၊ မေ ၁၁ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြေတိုင်း(၄) ဦးမင်းမင်းလတ် အားမြေလွတ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့်ရရှိရေး…

ပင်လယ်ကမ်းခြေတလျောက်ခုံးများ အစုလိုက် အပြုံလိုက်တွေ့ရသော်လည်းသဘာဝဘေးအန္တရာယ်နှင့် ဆက်စပ်မှု မရှိ ဟိုင်းကြီးကျွန်း၊ မေ ၉ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အမှတ်(၃)ရပ်ကွက် ပင်လယ်ကမ်းခြေ တလျောက်တွင် ခုံးများ အစုလိုက် အပြုံလိုက် တွေ့ရှိနေရခြင်းသည် သဘာဝသဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီးဆက်စပ်မှု မရှိဘဲ စိုးရိမ်စရာ…

အင်္ဂပူမြို့နယ်ရှိ Facility Quarantine Center မှအမျိုးသားတစ်ဦးထွက်ပြေးမှုဖြစ်ပွား အင်္ဂပူ၊ မေ ၅ ဧရာဝတီတိုင်းဒေသကြီး၊အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊လိပ်ပေါင်ဆွဲကျေးရွာအုပ်စုရှိ Facility Quarantine မှာဝင်နေသူ အမျိုးသားတစ်ဦးသည် မေလ ၄ ရက် ၊နေ့လည် ပိုင်းက…

ပန်းတနော်မြို့နယ်တွင်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၄ လုံး အမိုးလန်ကာ ၃ လုံး ပြိုကျပျက်စီး ပန်းတနော်၊ မေ ၆ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ဇလပ်ထော်ကျေးရွာတွင် မိုးရွာလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၄ လုံး အမိုးလန်ကာ လူနေအိမ်…