Breaking
Ad
Ad
Ad
Category

Business

Category

မြို့တော်ဝန်မှမြတ်သည်ဟုဆိုသည့်မြို့တော်သတင်းစာစာရင်းစစ်ချုပ်အစီရင်ခံစာတွင်အရှုံးပေါ်နေ


ရန်ကုန် ၊ ဇန်နဝါရီ ၂၄


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှထုတ်ဝေနေသည့် မြို့တော်သတင်းစာမှာအမြတ်ရနေသည်ဟုမြို့တော်ဝန်ပြောကြား ထားသော်လည်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင်အရှုံးပေါ်နေ ကြောင်း အင်းစိန်မြို့နယ် ၊ မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကပြောသည်။


ဒုတိယအကြိမ်ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအ ပေါ်ပြည်သူ့ငွေစာရင်းကော်မတီ၏လေ့လာတွေ့ရှိချက် ၊ သဘော ထားမှတ်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ဆွေးနွေးစဉ်ထည့်သွင်း ပြောခဲ့ခြင်းဖြစ်သည်။


စာရင်းစစ်ချုပ်အစီရင်ခံစာ ထဲထည့်ပြီးထောက်ပြမှမြို့တော်သတင်းစာရပ်ဆိုင်းတာဖြစ်ပါတယ်။ အစောကြီးကတည်းကအ မြင်မှန်ရသင့်တယ်လို့ထင်ပါတယ်။တော်တော်လေးနောက်ကျမှ အမြင်မှန်ရသွားတာက လုံးဝမရတာထက်စာရင် ကျေးဇူးတောင် တင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မြို့တော်မဂ္ဂဇင်းကိုလည်း နှစ်လ တကြိမ်ထုတ်သည့်အတွက် နှစ်လတခါရှုံးနေရာထုတ်ခဲ့သောနှစ် များအား ပြန်တွက်ကြည့်ရင်ရှုံးတဲ့ငွေတွေကနှမြောစရာကောင်း တယ်ဟုတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကပြောသည်။


တချို့ကပြောတယ်။ မြို့တော်သတင်းစာပိတ်လိုက်ပြီပြောတယ်။ သတင်းစာမပိတ်ပါဘူး။ သတင်းစာကိုအသွင်ပြောင်းလိုက်တာပါ။ သတင်းစာ ၊ ဂျာနယ်အများစုကများသောအားဖြင့်ရှုံးတယ်။ အဲအ တွက်ဘာနဲ့ကာဗာလုပ်ရလဲဆိုတော့ ကြောညာနဲ့ကာဗာလုပ်ရတယ် ကျွန်တော်တို့မြို့တော်သတင်းစာကျတော့မြတ်တယ်။ မြတ်ရင်းနဲ့ ဘာလို့ပိတ်လဲဆိုတော့ City Grovement use လိုဖြစ်နေတယ်။ ဘာလို့ရပ်လဲဆိုတော့ကျွန်တော်တို့မှာ ကြောငြာအားကောင်းရှိတယ်။ဒီကြောငြာထဲမှာထည့်မှ ဒီဟာကိုအတည်ပြုမယ် ဆိုတဲ့ဟာ ဘယ်သတင်းစာထဲထည့်ထည့် မြို့တော်သတင်းစာထဲ ထည့်မှမဟုတ်ဘူး။ သတင်းစာကတချို့နေရာတွေမှာ မဆလ ခေတ်ကလိုဆန်ရောင်းရင်ဆီပါတွဲယူရတာတို့ ၊ သတင်းစာလဲ အဲဒီလိုပုံစံမျိုး ၊တချို့လုပ်ငန်းရှင်တွေအတွက် ဈေးတို့ဘာတို့မှာ သတင်းစာ ဟာမယူမနေရ။ဒါမဟုတ်ဘူး။သူယူချင်ယူမှာပေါ့။ ဒါကြောင့်သတင်းစာကမရှုံးနိုင်ဘူး။ မြတ်တယ်။ သို့သော်အဲအမြတ်ကကောင်းလားဆိုတော့ မကောင်းဘူး။အဲတာကြောင့်ဆိုရှယ်မီဒီ ယာအနေနဲ့အွန်လိုင်းပြောင်းလိုက်တာဟုစည်ပင်သာယာရေး ကော်မတီမှပုံမှန်သတင်းစာရှင်းလင်းပွဲတွင်မြို့တော်ဝန်ဦးမောင် မောင်စိုးကပြောသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ဝေသည့် မြို့တော်သတင်းစာ၏ထုတ်လုပ်စရိတ်သည်တစ်စောင်လျင် ကျပ် ၁၂၀ ဖြစ်ပြီး ငွေကျပ် ၅၀ ဖြင့်ရောင်းချနေသဖြင့်နှစ်စဉ်ကျပ် ၇၂ သန်းမှ ၈၂ သန်းအထိ အရှုံးပေါ်နေကြောင်း ၊ မြို့တော်မဂ္ဂဇင်း သည်လည်း တစ်အုပ်လျှင်ကုန်ကျစရိတ် ငွေကျပ် ၂၇၅၀ ဖြစ်ပြီး ကျပ် ၂၀၀၀ ဖြင့်ရောင်းချနေသဖြင့် တစ်အုပ်လျှင် ကျပ် ၇၅၀ ရှုံးနေကြောင်းသိရသည်။


TRK

AA လက်နက်ကိုင်အဖွဲ့မှာတရားဝင်အဖွဲ့အစည်းမဟုတ်သည့်အတွက် အခွန်ပေးစရာမလိုဟုဆို ရန်ကုန် ၊ ဒီဇင်ဘာ ၂၅ AA လက်နက်ကိုင်အဖွဲ့သည် တရားမဝင်အဖွဲ့အစည်းဖြစ်သည့်အတွက် အခွန်ပေးစရာမလိုကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ “ နိုင်ငံရေးအရနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထိခိုက်စရာမရှိဘူးလေ။ သူတို့ကတရားဝင်အဖွဲ့အစည်းမှ မဟုတ်တာ။…

မြို့နယ် ၂၉ ခုတွင် အခြေခံစျေးနှုန်းဖြင့် စပါးဝယ်ယူရန် လုပ်ငန်းရှင်များကို တင်ဒါအဆိုပြုလွှာများခေါ်ယူ ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အခြေခံစျေးနှုန်းဖြင့် စပါးဝယ်ယူရန် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၊ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့က…

ICJ တွင် တရားစွဲမှုကိုထိရောက်စွာ ပြန်လည်တင်ပြနိုင်ခဲ့သဖြင့်ရင်းနှီးမြှုပ်နှံမှုကိုထိခိုက်နိုင်ခြင်းမရှိ ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို မြန်မာနိုင်ငံဘက်မှ ထိရောက်စွာ ပြန်လည်တင်ပြနိုင်ခဲ့ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးထိခိုက်နိုင်ခြင်းမရှိကြောင်း စီးပွားရေးပညာရှင်ပါမောက္ခဒေါက်တာအောင်ထွန်းသက် ကပြောသည်။ “ ICJ…

မြဝတီ ၊ နိုဝင်ဘာ ၉ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ် (၂) မှ ၂၀၂၀ ပြည့်နှစ်တွင် မဲဆောက်မှတဆင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ဘတ်ဘီလီယံ ၁၀၀ အထိရရှိလာမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ဒီတံတားက နိုဝင်ဘာတစ်ရက်နေ့ကတည်းက…

ရန်ကုန်၊ နို၀ငိဘာ ၁ ထိုင်းနိုင်ငံမှထောက်ပံ့ငွေ အမေရိကန်ဒေါ်လာတစ်သန်းခန့်ဖြင့် ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ရေချမ်းပြင် ပုစွန်သားပေါက်စခန်းတွင် ပုစွန်မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစီမံကိန်းဆောင်ရွက်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဇင်ထူးက ပြောသည်။ အမှန်တစ်ကယ် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကတည်းကစရမှာ။ ထိုင်းထောက်ပံ့ငွေက နောက်ကျနေတဲ့အတွက် မစနိုင်တာ။…

တိုင်းအစိုးရ ရောင်းချမြေကွက်များ ပေါက်ဈေး အပြင် Infrastructure လိုအပ်ချက် စရိတ်ပါ ဝယ်သူက ထပ်မံ ပေးသွင်းရမည် ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံခန့်ခွဲမှုနှင့် ရောင်း ချနေ‌သော…

၂၀၂၀ ခုနှစ်တွင် ပင်စင် ယူမည့်အစိုးရဝန်ထမ်း ၃၀ဝ၀ဝ အတွက် တည်ဆောက်နေသည့် အိမ်ရာစီမံကိန်းတစ်ခုကို မလေး ရှားကုမ်္ပဏီနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းကပြော သည်။ ““တိုင်းဒေသကြီးအစိုးရ အဖွဲ့ဘက်ကို…

“ချေးငွေပြဿနာ၊ အတိုးနှုန်း ပြဿနာ၊ ဒုတိယတစ်ချက်က အရင်က ၀န်ထမ်းတွေ အများကြီးခန့်တဲ့ ကုမ်္မဏီတွေကျတော့လည်း အခုလို စီးပွားရေး တုံ့နှေးတဲ့အချိန်မှာ ပိုပြီးတော့ . . .´´ လက်ရှိ တိုင်းပြည်စီးပွားရေးအခြေ အနေနှင့် ဆန်စပါးအခြေခံစျေးနှုန်း…

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြေ နေရာများ ပြန်လည်ချထားရန် မြေကွက် များ စတင် ရွေးချယ်နေပြီဖြစ်ကာ စီမံကိန်း အကောင်အထည်ဖော်မှု၌ မူလအမည် ပေါက် ပိုင်ရှင်များကို ဦးစားပေးကာ ပြန် လည်ရောင်းချပေးသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း…