Breaking
Ad
Ad
Ad
Author

MMcities

Browsing

၂၀၂၀ ခုနှစ်တွင် ပင်စင် ယူမည့်အစိုးရဝန်ထမ်း ၃၀ဝ၀ဝ အတွက် တည်ဆောက်နေသည့် အိမ်ရာစီမံကိန်းတစ်ခုကို မလေး ရှားကုမ်္ပဏီနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းကပြော သည်။

““တိုင်းဒေသကြီးအစိုးရ အဖွဲ့ဘက်ကို နေပြည်တော်က နေ ၂၀၂၀ မှာ ပင်စင်ယူမယ့် ဝန်ထမ်း သုံးသောင်းလောက်က ရန်ကုန်မှာ နေချင်တယ်လို့ပြော ပါတယ်။ အဲဒါကြောင့် နေရေး အတွက် ဆောင်ရွက်ပေးနိုင်မယ် ဆိုရင် မြန်မြန်လေး ဆောင်ရွက် ပေးပါဆိုတဲ့အတွက် ဒီစီမံကိန်းကို ပုဂ်္ဂလိကကဏ္ဍက တင်ဒါခေါ်ခဲ့ ပါတယ်။ ဒါဟာ သူတို့တင်ဒါ မှာ အဆင့်ဆင့်ရွေးချယ်ပြီး နောက်ဆုံးမှာ အခွင့်အလမ်းအ များဆုံး အစိုးရဘက်ကိုပေးခဲ့တဲ့ အောင်မြင်ခဲ့တဲ့ မလေးရှား ကုမ်္ပဏီဖြစ်ပါတယ်””ဟု ဦးဖြိုး မင်းသိန်းက ပြောသည်။

အဆိုပါ စီမံကိန်းမှာ ေါီသည ှနငုညေ ှာမေအ ဃငအပ ီငျအမငခအ စီမံကိန်းဖြစ်ပြီး တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် ကုမ်္ပဏီများအနက် မလေးရှားနိုင်ငံမှ ထိပ်တန်းကုမ်္ပ ဏီကြီးတစ်ခုဖြစ်သော နြမြပေေ ကုမ်္ပဏီက အောင်မြင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ေါီသည ှနငုညေ ှာမေအ ဃငအပ ီငျအမငခအ ကိုဆောက်လုပ် ရေးဝန်ကြီးဌာနက ဝန်ထမ်းများ အတွက် အိမ်ရာများတည် ဆောက်လျက်ရှိသော်လည်း အစိုးရဘတ်ဂျက်ဖြင့် ယင်းစီမံ ကိန်း အကောင်အထည်ဖော်ရန် မှာ အချိန်ကြာမြင့်မည်ဖြစ်ခြင်း ကြောင့် ပုဂ်္ဂလိကကဏ္ဍနှင့် ပူး ပေါင်းပါက ကာလတိုအတွင်း ပြီးစီးပြီး ဝန်ထမ်းများနေရေးအ တွက် စီမံပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် စီမံကိန်းအ တွင်း အိမ်ရာ ၄ လုံးခန့်တည် ဆောက်နေပြီဖြစ်ပြီး ကျန်ရှိ သော ဧရိယာများကို ပုဂ်္ဂလိက ကဏ္ဍနှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်လိုက်မည်ဆိုပါက ယင်းအဆောက်အအုံများ အား လုံး ကာလတိုအတွင်း၌ ပြီးစီး သွားမည်ဖြစ်ကြောင်း သိရ သည်။ TRK

တိုင်းနှင့်ပြည်နယ် အချို့ တွင် ရေကြီးနစ်မြုပ်မှုကြောင့် ငါးမွေးမြူရေးကန်ဧကပေါင်း ၇၀ဝ ကျော်ထိခိုက်ပျက်စီး ဆုံး ရှုံးခဲ့ကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူးဦးဝင်းကြိုင်က ပြောသည်။

““ဒီနှစ်က ထူးထူးကဲကဲ မြန်မာပြည်ရဲ့ တောင်ပိုင်းဒေသ တွေဖြစ်တဲ့ ကရင်နဲ့မွန်မှာတော့ ရေတော်တော်ကြီးတယ်။ သဘာဝ ဘေးဒုက်္ခကြောင့် တောင်ပြိုလို့ သေတာတို့ မြို့ကြီးတွေ၊ ရွာတွေ မှာ ရေနစ်မြုပ်ပြီးတော့ ဆုံးရှုံးမှု တွေ အကြီးအကျယ် ကြုံရပါ တယ်။ ကရင်နဲ့မွန်မှာ စုစုပေါင်း ငါးကန်ဧက ၇၈၂ ဧကနဲ့ ကျပ် သိန်းပေါင်း ၂၈၀ဝ လောက် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါတယ်””ဟု ဦးဝင်းကြိုင်ကပြောသည်။

ပြီးခဲ့သည့် လအတွင်းက မြန်မာတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ရှိ မြို့နယ်အချို့၏ ကျေးရွာများ၌ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ တောင်ပြိုခြင်းကြောင့် လူသေ ဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မိုးရွာ သွန်းမှုကြောင့် မြန်မာပြည်အ ထက်ပိုင်းရှိ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ရေကြီး၍ မြန်မာ ပြည်အောက်ပိုင်းဒေသများသို့ ရေဆင်းလာခြင်း၊ မိုးရွာသွန်း ခြင်း၊ ထူးကဲဒီရေမြင့်တက်ခြင်း တို့ကြောင့် ဧရာဝတီတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက် ခြမ်း)ရှိ မွေးမြူရေးငါးကန်များ ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက် စီးဆုံးရှုံးနိုင်သဖြင့် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားရန် တိုက်တွန်းထားသော်လည်း လက်ရှိတွင် ယင်းအခြေအနေများ မှ လွတ်မြောက်သွားသည့်အနေ အထားရှိကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည် နယ်များတွင် ရေကြီးရေလျှံမှု ကြောင့် ငါးကန်များ ထိခိုက် ပျက်စီးဆုံးရှုံးပါက ငါးသား ပေါက်များ အခမဲ့ကူညီထောက် ပံ့ရန် မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံတော်ပိုင် ငါးသားပေါက် စခန်းများ၌ ငါးသားပေါက်များ ထိန်းသိမ်းပြုစုထားကြောင်း ငါး လုပ်ငန်းဦးစီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် ရေကြီး နစ်မြုပ်မှုကြောင့် ငါး/ပုစွန်မွေး မြူရေးကန် ပျက်စီးဆုံးရှုံးမှုမှာ ရန်ကုန်တိုင်းဒေသကြီးရှိ ကွမ်း ခြံကုန်းမြို့နယ်တွင် ဧကပေါင်း ၁၀၄၄ ဧက၊ ကော့မှူးမြို့နယ် တွင် ဧက ၆၄ ဧက၊ ပဲခူးတိုင်း ဒေသကြီးရှိ ပဲခူးမြို့နယ်တွင် ဧကပေါင်း ၁၂၉၁ ဧက၊ ညောင် လေးပင်မြို့နယ်တွင် ဧက ၃၅ ဧကနှင့် ကရင်ပြည်နယ်တွင် ဧကပေါင်း ၈၀ဝ ကျော် ပျက် စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ TRK

တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များအား လုံးလက်မှတ်ရေးထိုး၍ တပ်မ တော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်မောင်မောင်ကတင်သွင်းသည့် ဥပဒေမူကြမ်းနှင့် ဗိုလ်မှူးချုပ်အောင်စန်းချစ်က ဦးဆောင်တင်သွင်းသည့် ဥပဒေမူကြမ်းဟူ၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး လက်မှတ်ရေးထားကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့်စပ်လျဉ်း၍အား လေ့လာစိစစ်မှုများပြုလုပ်နိုင်ရန်အတွက် ပူးပေါင်းကော်မတီတို့ကို ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က စက်တင်ဘာ ၁၇ ရက်တွင်လည်းကောင်း၊ စက်တင်ဘာလ ၂၀ ရက်တွင်လည်းကောင်း ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်သို့ အသိပေးကြေညာသည်။

ထိုပူးပေါင်းကော်မတီတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော်တို့မှ ဥပဒေကြမ်း ကော်မတီဝင်များ အားလုံး လူဦး ရေ(၃၀)ပါဝင်ကြောင်းလည်း လွှတ်တော်နာယက၏ အသိပေး ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
တပ်မတော်အနေဖြင့် စက်တင်ဘာလ (၁၀) ရက်နေ့ကလည်းကောင်း၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင်လည်းကောင်း ၂၀ဝ၈ ဖွဲ့စည်းပုံကိုဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်ရပ်ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလ (၁၀) ရက်တွင် တင်သွင်းသည့် ဒုတိယအကြိမ်ပြင်ဆင်ဥပဒေမူကြမ်း၏ ရည်ရွယ်ချက်မှာ ““ပြည် ထောင်စုဝန်ကြီးများနှင့် ဝန်ကြီး ချုပ်များသည် နိုင်ငံတော်၏ လုံ ခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရင်းသားများ အရေး စသည့်ရေးရာများတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ် သစ်္စာစောင့်သိရိုသေပြီး အနာဂတ်ယုံကြည်စိတ်ချမှု ရှိစေ ရန် ပြည်ထောင်စုဝန်ကြီး (သို့ မဟုတ်) တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များသည် နိုင်ငံခြားဆက်စပ်မှု၊ နိုင်ငံခြား လွှမ်းမိုးမှု မရှိစေရန် ၎င်းင်းတို့ ကိုယ်တိုင်နှင့် ၎င်းင်းတို့ဇနီး၊ သား သမီးတစ်ဦးဦးနှင့် နိုင်ငံခြားသား တစ်ဦးဦး ဆွေမျိုးတော်စပ်မှုကို အကြောင်းပြု၍ မိမိတို့နိုင်ငံကို သူလျှိုအလုပ်မခံရစေရန်၊ မိမိ တို့နိုင်ငံကို သစ်္စာဖောက်မှု မခံရ စေရန်၊ မိမိတို့၏ နိုင်ငံအရေး ကိစ်္စများတွင် ပြည်ပနိုင်ငံများ ဝင်ရောက်မစွက်ဖက်နိုင်ရေးကို ရည်ရွယ်ပါသည်””ဟု တင်သွင်းမှုတွင် ဖော်ပြပါရှိသည်။

ထိုရည်ရွယ်ချက်အရ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ တင်သွင်းသော ပြင်ဆင်ချက်မူကြမ်းတို့မှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၂၃၂ (က)နှင့် စပ်လျဉ်း ၍ပြင်ဆင်ရန် တင်ပြခြင်း၊ ပုဒ်မ ၂၆၁ (က)တို့ကို ပြင်ဆင်စေရန် တင်ပြခြင်းဖြစ်သည်ဟုလည်း သိရသည်။

ပုဒ်မ ၂၃၂(က) သည် ပြည် ထောင်စုဝန်ကြီးများ၏ အရည် အချင်းသတ်မှတ်ချက်နှင့် စပ် လျဉ်းသည့် အကြောင်အရာဖြစ်ပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့၏ ပြင် ဆင်ချက်တင်ပြမှုတွင် ““မိမိ တို့ နိုင်ငံ၏ နောက်ခံ သမိုင်းကြောင်း အခြေအနေများအရ နိုင်ငံခြားနှင့် လျှို့ဝှက်ဆက်သွယ်မှုများ တား ဆီးနိုင်ရန် မိမိတို့ ပြည်တွင်းရေး တွင် ပြည်ပနိုင်ငံများက ဝင် ရောက်စွက်ဖက်မှုမပြုနိုင်ရန် နိုင်ငံတော်၏ အရေးကြီးသည့် ပြည်ထောင်စုဝန်ကြီးအဆင့် ပုဂိ်္ဂုလ်သည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ်္စာစောင့် သိရိုသေသည့်သူ ဖြစ်ရမည့် အပြင် ပြည်သူလူထု အပြန် အလှန်ယုံကြည်မှုဖြင့် နိုင်ငံ တော်နှင့် နိုင်ငံသားများ၏ အကျိုးကို စွမ်းစွမ်းတမံဆောင် ရွက်နိုင်စေရန် ပြင်ဆင်ခြင်းဖြစ် သည်””ဟုလည်းကောင်း၊ ပုဒ်မ ၂၆၁ (က)သည် တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ အရည်အချင်းသတ်မှတ်ချက်ဖြစ် ပြီး အထက်ပါအတိုင်းပင် ပြင် ဆင်စေခြင်းဟုလည်းကောင်း ဖော် ပြထားသည်။
ယခုကဲ့သို့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၏ ပြင်ဆင်ချက်တင်သွင်းလာခြင်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သော ဦးရဲထွဋ် က““အဲဒါကတော့ အရင်လည်း ဖွဲ့ စည်းပုံထဲမှာ ဒီဟာနဲ့ပတ်သက် ပြီးပါတယ်လေ။ ပုဒ်မ ၅၉(စ) တို့ ဘာတို့ဆိုတာ။ အခုသူတို့ ပြင်ဆင်ချက်က ၅၉(စ)ကို ပိုပြီး ခိုင်မာအောင်လုပ်တဲ့သဘောလို့ ယူဆနိုင်တာပေါ့။ ၅၉(စ)လုံးပါ သတ်မှတ်ချက် ကို ပိုပြီး ချဲ့ထွင် လိုက်တဲ့ သဘောဖြစ်နိုင်တာပေါ့””ဟု သုံးသပ်ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကမူ ယခု တင်သွင်းလာသော ဥပဒေမူ ကြမ်းနှင့်ပတ်သက်၍ ““ပြည် ထောင်စု ဝန်ကြီးတွေဆိုတာ ကလည်း နိုင်ငံတော်ရဲ့ အရေး ကြီးတဲ့ ယန်္တရားတွေကို ဦးဆောင် မှုပြုရတဲ့ ပုဂ်္ဂိုလ်တွေဖြစ်တယ်။ နောက်တစ်ခုက ဝန်ကြီးချုပ်တွေ ဆိုတာကလည်း ပြည်နယ်တစ်ခု ချင်းစီရဲ့ အခြေခံမှာ အားလုံးကို တာဝန်ယူရမယ့် ပုဂ်္ဂိုလ်တွေဖြစ် တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကတော့ ဒီလို နိုင်ငံခြားအဆက် အဆံနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေ ရဲ့ မစပ်ယှက်ဖို့အတွက်ကိုတော့ မူအားဖြင့် နှစ်ခြိုက်မှုတော့ရှိပါ တယ်””ဟု ပြောသည်။

လက်ရှိတွင်ပြည်ထောင်စု လွှတ်တော်က ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင် ရေးပူးပေါင်းကော်မတီတစ်ရပ် ကို ဖွဲ့စည်းထားပြီးဖြစ်ကာ၊ ကော်မတီက လွှတ်တော်သို့ အစီ ရင်ခံစာတင်ပြခြင်း၊ လွှတ်တော် မှ ကော်မတီသို့ ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းတစ် ရပ် ရေးဆွဲခြင်းတို့ကို ဆောင်ရွက် စေခြင်း စသည့် လုပ်ငန်းစဉ်များ ရှိနေပြီးဖြစ်သည်။

ထို့ပြင် ယင်းကော်မတီတွင် တပ်မတော်သားလွှတ်တော် ကိုယ် စားလှယ်အစုအဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ် (၇) ဦးပင် ပါဝင် တက်ရောက်လျက်ရှိသည်။ သို့သော် ထိုကော်မတီ တွင် တပ်မတော်အစုအဖွဲ့ကိုယ်စားပြု ကော်မတီဝင်များဘက်မှ ပြင်ဆင်ရေးနှင့်ပတ်သက်၍ တစ်စုံ တစ်ရာတင်ပြခြင်း၊ ဆွေးနွေး ခြင်းများကို ကော်မတီအစည်း အဝေးကာလများအားလုံးတွင် ပြုလုပ်ခဲ့ခြင်းမရှိဘဲ ယခုကဲ့ သို့ လွှတ်တော်တွင် သီးခြားတင်သွင်းမှု ပြုလုပ်လာခြင်းဖြစ်သည်။ De.L- 009

“နိုင်ငံတစ်ခု၏ အင်အား”

‘ နေ့စဉ် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာပြေးရသူ ဒုက်္ခသည်ပေါင်း သန်းချီလျက်ရှိ၊ တပ်မတော်အင်အား
ရှိသော်လည်း မငြိမ်းချမ်းပေ . . . ‘

မင်္ဂလာဒုံလေဆိပ်သို့ အလုပ် သဘောဖြင့် အမြဲလိုဝင်ထွက်နေခဲ့ သော်လည်း ဟိုတလောကမှ လေဆိပ် အဝင် လမ်းဘေးဝယ် အနီရောင် ဆိုင်း ဘုတ်ကြီးဖြင့် ရေးသားစိုက်ထူထား သော “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆိုသည့် စာတန်း ကြီးကို သတိပြုမိ၍ အံ့သြသွားပါသည်။ ဤစာတန်းမျိုးကို ယခင် စစ်အစိုးရ လက်ထက်ကတော့ မြို့တိုင်းရွာတိုင်း တွင် နေရာအနှံ့ တွေ့မြင်နေကျဖြစ်၍ အထူးတဆန်းမဖြစ်မိပါ။ စစ်အစိုးရ လက်ထက်ဖြစ်သဖြင့် စစ်တပ်ကို ဇန်းတင်သော ကြေညာချက်များ၊ ကြွေး ကြော်သံများကို လူမြင်သူမြင် ချိတ်ဆွဲ ထားပေလိမ့်မည်။ နိုင်ငံခြားသားတိုးရစ် များဆိုလျှင်ထိုစဉ်က “ပြည်သူ့သဘောထားတို့၊ တပ်မတော် သည် အမျိုးသားရေးကိုဘယ်တော့မှ သစ်္စာမဖောက်တို့ စာသားများပါဝင်သော ဧရာမ အနီရောင်ဆိုင်းဘုတ်ကြီးများကို မြန်မာ နိုင်ငံတစ်လွှား လမ်းဆုံလမ်းခွများတွင် တွေ့ရသည်နှင့် အထူးတဆန်းဖြစ်ကာ အလုအယက် ဓာတ်ပုံရိုက်ကြပါသည်။ သူတို့က ကတ်သီးကတ်သတ်တွေလည်း မေးသေးသည်။ “အမျိုးသားရေးဆိုတာ ဘာနဲ့တိုင်းတာမှာလဲ”၊ “သစ်္စာဖောက်၊ မဖောက် ဘယ်လိုလုပ်သိမလဲ” စသည် ဖြင့်ဖြစ်သည်။ ကျွန်တော်တို့ဧည့်လမ်း ညွှန်များမှာ ကိုယ့်အစိုးရအကြောင်း မကောင်းမပြောရ၊ နိုင်ငံရေးမဆွေးနွေး ရဟု စည်းကမ်းထုတ်ပြန်ထားသော ကြောင့် ရေငုံနှုတ်ပိတ်ကာ ဘာမျှမပြော ဘဲ ပြုံးနေကြရသည်က များပါသည်။

ကိုယ့်နိုင်ငံအကြောင်းတော့ အားလုံးသိပြီးဖြစ်၍ မပြောချင်ပါ။ ကမ်္ဘာ့သမိုင်းကို ပြန်ကြည့်သောအခါ တပ်မတော်အင်အားရှိရေး သက်သက် ကို အဓိကထားကာ တိုင်းပြည်ကို စစ်အင်အားဖြင့် တည်ဆောက်ခဲ့ကြ သော နိုင်ငံများအကြောင်းကို အကျဉ်း ချုပ် ပြောချင်ပါသည်။

မြောက်ကိုရီးယား
မြောက်ကိုရီးယားစစ်တပ်ကို ၁၉၃၂ ဧပြီ ၂၅ တွင် စတင်ထူထောင် သည်။ တပ်မတော်၏ခေါင်းဆောင်မှာ သွားလေသူ ခေါင်းဆောင်ကြီးကင်ဂျုံအန်းဖြစ်သည်။ ၁၉၄၈ ဖေဖော်ဝါရီ (၈) ရက်မှစ၍ ခေတ်မီတပ်မတော်ကို စတင် တည်ဆောက်ခဲ့သည်။ ၂၀၁၀ စာရင်း အရ ကြည်းရေလေ တပ်မတော်သား ပေါင်း ဆယ့်တစ်သိန်းကျော် (၁,၁၀၆,ဝ၀ဝ) ရှိပြီး အရန်တပ်သားပေါင်း ရှစ်သန်း ကျော် (၈,၂၀ဝ,ဝ၀ဝ) ရှိသည်။

မြောက်ကိုရီးယားရေတပ်တွင် ခေတ်မီရေငုပ်သင်္ဘော အစင်း(၇၀) ရှိ သည်။ (စက်မှုနှင့်စီးပွားရေးဖွံ့ဖြိုးတိုး တက်သော တောင်ကိုရီးယားရေတပ်မှာ ပင် ရေငုပ်သင်္ဘော ၁၀ စင်းပဲရှိသည်)။ မြောက်ကိုရီးယားလေတပ်၌ တိုက်လေ ယာဉ် အစီးပေါင်း (၈၂၀)ရှိသည်။ ရွေ့လျားဒုံးပစ်စင် (၂၀ဝ)ခန့်ရှိသည်။ ၎င်းင်းပြင် မရေတွက်နိုင်သော အမြောက် လက်နက်များ၊ ဒုံးကျည်များနှင့် နျူက လီးယားလက်နက် တပ်ဆင်ထားသည့် ဒုံးပျံထိပ်ဖူးပေါင်း(၄)ခုမှ (၈)ခုအတွင်း ရှိသည်ဟု နိုင်ငံတကာက ခန့်မှန်း ထားသည်။ တပ်မတော်သို့ စစ်မှုမထမ်း မနေရစနစ်ကိုကျင့်သုံးပြီး တပ်ထဲဝင် သူများသည် အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ကြရ သည်။ နျူကလီးယားလက်နက် စမ်း သပ်ခြင်းနှစ်ကြိမ်၊ တာဝေးပစ်ဒုံးကျည် စမ်းသပ်ခြင်း ၄ ကြိမ်ပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယားတပ်မတော်၏ အသုံးစရိတ်မှာ နှစ်စဉ် အမေရိကန် ဒေါ်လာ(၆)ဘီလီယံမှ (၁၀)ဘီလီယံ ရှိပြီး တိုင်းပြည် ဂျီဒီပီ ၏ ၂၅% ကို စစ်စရိတ် အသုံးပြုခြင်းဖြစ်သည်။ မြောက်ကိုရီးယားအစိုးရ၏ ပေါ်လစီမှာ ဆွန်ဂန်ဟုခေါ်သော တပ်မတော်အင်အား ရှိဖို့ အဓိကဝါဒဖြစ် သည်။ မြောက်ကိုရီးယား အစိုးရ သတင်းဌာနမှ တပ်မတော်၏အသုံး စရိတ်မှာတိုင်းပြည်ဘတ်ဂျက်၏ ၁၅.၈ % ရှိသည်ဟုကြေညာခဲ့သော်လည်း နိုင်ငံ တကာ မဟာဗျူဟာ လေ့လာရေးဌာန ၏ အဆိုအရ မြောက်ကို ရီးယား၏စစ်ရေးအသုံးစရိတ်မှာ အစိုးရ တစ်ဖွဲ့လုံး ဘတ်ဂျက်၏ ၂၅% မှ ၃၅ % အထိရှိနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။

ထိုသို့တိုင်းပြည်၏ဘဏ္ဍာငွေကို စစ်စရိတ်အတွက် လွန်လွန်ကျူးကျူး အသုံးပြုမှုကြောင့် တိုင်းပြည်၏စီးပွား ရေးမှာ နာလန်မထူနိုင်အောင်ဖြစ်ခဲ့ရ သည်။ တိုင်းသူပြည်သားများမှာ ငတ်မွတ်ခေါင်းပါးမှုဘေးဒဏ်ကို ခံစား နေခဲ့ကြသည်။ ၁၉၉၅မှ စတင်ကာ နိုင်ငံတကာမှအလုံးအရင်းနှင့် ရိက်္ခာ ကူညီထောက်ပံ့ခဲ့သောကြောင့် တိုင်းသူ ပြည်သားများမှာ သက်သာရာရခဲ့သည်။ သို့သော် တံခါးပိတ်စီးပွားရေးစနစ်နှင့် လွန်ကဲသော စစ်အသုံးစရိတ်များကြောင့် နိုင်ငံသားများမှာ ဆင်းရဲမွဲတေခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းများဘေးမှ ယခု အထိ မလွတ်ကင်းကြသေးပေ။

အီရန်
ကမ်္ဘာ့တပ်မတော်အင်အားစာရင်း ၌ စစ်သည်တော် ငါးသိန်းကျော် (၅၁၃,ဝ၀ဝ) ရှိသော အီရန်နိုင်ငံက ၁၆၆ နိုင်ငံတွင် အဆင့်(၈)ချိတ်ဆွဲ၏။ ကျန်းမာသန်စွမ်းသော အမျိုးသားမှန် သမျှ အသက်(၁၉)နှစ်ပြည့်လျှင် တပ် ထဲသို့ မဝင်မနေရ သွတ်သွင်းလေ့ရှိ၏။ အရှေ့အလယ်ပိုင်းဒေသတွင် အင်အား အကြီးဆုံးသော ဒုံးကျည်စနစ်ကို ပိုင် ဆိုင်ထား၏။ စကတ်(ဘီ)နှင့် စကတ် (စီ) ကဲ့သို့သော မြောက်ကိုရီးယားလုပ် တာဝေးပစ် ဒုံးကျည်များကို ဝယ်ယူ အသုံးပြုခဲ့သည်။ အင်အားကြီးမား သော ကြည်းတပ်၊ လေတပ်များကို ပိုင်ဆိုင်ထားပြီး နျူကလီးယားလက် နက်များ လျှို့ဝှက်ထုတ်လုပ်ရန်ကြံစည် လုပ်ဆောင်နေသည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက သင်္ကာမကင်းဖြစ်ကာ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ မှ စုံစမ်းစစ်ဆေးမှုများပြုလုပ် ခဲ့ရာမှ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ၁၉၉၅ မှစကာ မပြေမလည်ဖြစ်ခဲ့ သည်။ ကုလသမဂ်္ဂအပါအဝင် နိုင်ငံ တော်တော်များများက အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်များကြောင့် စီးပွားရေးပိတ်ဆို့ အရေးယူခဲ့ကြသည်။ ကုလသမဂ်္ဂက ၁၉၉၆ တွင် စတင် ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး အမေရိကန်ပြည် ထောင်စုကလည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့အပါအဝင် အီရန်၌ ရင်းနှီး မြှုပ်နှံမှုအားလုံးကို တားမြစ်ရပ်ဆိုင်း ခဲ့သည်။ အီရန်ဗဟိုဘဏ်အပါအဝင် ဘဏ္ဍာရေးဖြတ်သန်းစီးဆင်းခွင့်၊ အာ မခံလုပ်ငန်း ငွေကြေးလွှဲပြောင်းမှု၊ အင် တာနက်နည်းပညာနှင့် ငွေကြေးကဏ္ဍကိုပါ အမေရိကန်က ထပ်မံပိတ်ဆို့ခဲ့ သည်။ ယူရေနီယံသန့်စင်ရေးလုပ်ငန်း များကို ရပ်ဆိုင်းထားရန် နိုင်ငံတကာ ၏တောင်းဆိုမှုကို မလိုက်လျောဘဲ အာခံနေသောကြောင့် ပို၍ တင်းကျပ် သော ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် အနောက်နိုင်ငံများက စဉ်းစားနေကြပြီ ဖြစ်သည်။

ပြည်ပသို့ ရေနံတင်ပို့နိုင်မှု ထက် ဝက်ကျော် ကျဆင်းသွားသည့်အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်မလာတော့သောကြောင့် အီရန်တွင် အလုပ်လက်မဲ့နှုန်းနှင့် ငွေကြေးဖောင်းပွ မှုနှုန်းများ တစ်ရှိန်ထိုး ကြီးထွားလာ သည်။ ပညာတတ်များ နိုင်ငံခြားထွက် ခွာမှုနှုန်းများ များပြားလာသောကြောင့် ဦးနှောက်ယိုစီးမှု ပြဿနာကိုရင်ဆိုင် နေရသည်။

အီရတ်
အာဏာရှင်ဆက်ဒမ်ဟူစိန် လက် ထက်တွင် အီရတ်၏စစ်အင်အားမှာ အရှေ့အလယ်ပိုင်းတွင်သာမက ကမ်္ဘာ မှာပါ တဖြည်းဖြည်းကြီးထွားလာလေ သည်။ ရေနံတင်ပို့ရောင်းချခြင်းမှ ရသော တိုင်းပြည်၏နိုင်ငံခြားငွေများ ကို အီရတ်တပ်မတော် အင်အားကြီး ထွားရေးကို အဓိကထား၍ လုပ်ဆောင် ခဲ့သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ရေရှည်ရင်းနှီးမြှုပ်နှံမှု မပြုဘဲ စစ်တပ်ကိုသာ အင်အားကြီး အောင် တည်ဆောက်ခဲ့သော ဆက်ဒမ် ဟူစိန်သည် စစ်အင်အားကြီးထွားလာ သည်နှင့် အိမ်နီးချင်းနိုင်ငံများကို စစ်ရေးဖြင့် စတင်ခြိမ်းခြောက်လာတော့ သည်။ အီရန်နှင့် နှစ်ပေါင်းများစွာ စစ်ဖြစ်သည်။ အိမ်နီးချင်းကူဝိတ်နိုင်ငံ ကို ၎င်းင်း၏ ပြည်နယ်တစ်ခုအဖြစ် တစ်ဖက်သတ်ကြေညာပြီး ၁၉၉၁ တွင် ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခဲ့ရာ အီရတ်၏ကျူးကျော်မှုကို တစ်ကမ်္ဘာ လုံးက လက်မခံဘဲ ကန့်ကွက်ရှုတ်ချခဲ့ ကြသည်။ အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်များက ကူဝိတ်လွတ် မြောက်ရေးအတွက် ဝင်ရောက်ကူညီ တိုက်ခိုက်ခဲ့ကြရာ ကန်္တာရမုန်တိုင်းစစ် ပွဲဟုလူသိများခဲ့ကြသည်။ အမေရိကန် သမ်္မတ ဂျော့ဘုရှ်(အကြီး) က ကူဝိတ် လွတ်မြောက်ရေးစစ်ပွဲကိုဆင်နွှဲခဲ့သော် လည်း အီရတ်အား သိမ်းပိုက်ခြင်းမပြု ဘဲ မြို့တော်ဘဂ်္ဂဒက်အနားရောက်ခါမှ မဟာမိတ်တပ်များကို ပြန်ဆုတ်ခွာ စေခဲ့သည်။

အီရတ်နိုင်ငံသည် ထိုအချိန်မှစ ကာ ကျားနာတစ်ကောင်သဖွယ် ဖြစ် လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ထက် စစ်အာဏာရှင်စနစ်သက်ဆိုးရှည် ရေးကိုသာ ဦးတည်ကြိုးပမ်းခဲ့သဖြင့် တိုင်းပြည်မှာ တစ်စတစ်စ ယိုယွင်းခဲ့ရ သည်။ နောင်အခါတွင် သမ်္မတ(သား) ဂျော့ဘုရှ်လက်ထက်၌ ဆက်ဒမ်ဟူစိန် လည်း အမေရိကန်တပ်ဖွဲ့ဝင်များ၏လက်ရဖမ်းဆီးမှုကိုခံရကာ ကြိုးပေး ကွပ်မျက်ခံခဲ့ရသည်။ ဆက်ဒမ်ဟူစိန် မရှိတော့သော်လည်း နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့သော တိုင်းပြည်၏စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငြိမ်ဝပ် ပိပြားရေး၊ တရားဥပဒေစိုးမိုးရေးများ ကို ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက် နေရဆဲဖြစ်သည်။

ဆီးရီးယား
ယနေ့ကမ်္ဘာပေါ်တွင် အစိုးရနှင့် အတိုက်အခံသူပုန်များ အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပွားနေရာ ဆီးရီးယားနိုင်ငံ တပ်မတော်ကို ၁၉၄၆ တွင် စတင်ထူ ထောင်ခဲ့သည်။ လက်ရှိ စစ်တပ်ဖွဲ့ စည်းပုံကိုမူ ၁၉၇၁ တွင် ဖွဲ့စည်းခဲ့သည့် တပ်မတော်သည် သမ်္မတ ဘာရှား အယ်လ်အာဆတ်၏ ကွပ်ကဲမှု လက် အောက်တွင်ရှိသည်။ စစ်ဌာနချုပ်မှာ မြို့တော် ဒမာစကက်တွင် ရှိသည်။ အသက် ၁၈ နှစ်နှင့်အထက် အမျိုး သားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းထားသည်။ စစ်အသုံးစရိတ် နှစ်စဉ် ၁.၈ ဘီလီယံဒေါ်လာ အသုံးပြု သည်။ ဆီးရီးယားစစ်တပ်သည် မိမိ ပြည်သူများကို ရက်စက်စွာ သတ် ဖြတ်နှိမ်နှင်းမှုများကြောင့် လောလော ဆယ်အထိ ဆီးရီးယားပြည်တွင်းစစ် တွင် အရပ်သား ခုနစ်သောင်းအထိ အသက်ဆုံးရှုံးခဲ့ရပြီဟု ကုလသမဂ်္ဂက တရားဝင်ထုတ် ပြန်ကြေညာထားသည်။ သမ်္မတအာဆတ်၏ လုပ်ရပ်များ ကြောင့် ဆီးရီးယားစစ်တပ်ကို နိုင်ငံ တကာမှ ထောက်ခံမှုမရှိတော့သော် လည်း ရုရှား၊ ဘီလာရုစ်၊ အီရန်၊ တရုတ်၊ မြောက်ကိုရီးယား နိုင်ငံများက ကျောထောက်နောက်ခံ ပေးထားကြ သည်။ ၂၀၁၀ ခုနှစ် စာရင်းဇယားများ အရ ဆီးရီးယားတပ်မတော်တွင် အမြဲ တမ်းတပ်သား နှစ်သိန်းနှစ်သောင်းနှင့် အရန်တပ်သား နှစ်သိန်းရှစ်သောင်းရှိ သည်ဟုဆိုသည် (ပြည်တွင်းစစ်ဖြစ် နေသဖြင့် ကျဆုံးသွားသူ၊ ဘက်ပြောင်း ခိုလှုံသူ၊ တပ်မှထွက်ပြေးသူများလည်း ရှိသဖြင့် တပ်သားအရေအတွက်မှာ ယခုအခါ မှန်းဆရခက်ပါသည်)။

ဆီးရီးယားတွင် တောင့်တင်းသော စစ်အင်အားရှိပြီး ၁၉၈၂ တွင် လက်ဘ နွန်စစ်ပွဲ၊ ၁၉၇၅ မှ ၁၉၉၀ တွင် လက် ဘနွန်ပြည်တွင်းစစ်၊ ၁၉၇၀ ကျော် နှစ်များက အစ်္စရေးနှင့် ယွန်ကစ်ပါ စစ်ပွဲ၊ ခြောက်ရက်စစ်ပွဲ စသည့်စစ်ပွဲ များတွင် ပါဝင်တိုက်ခိုက်ဖူးသည်။ ၁၉၉၁ က ပင်လည်ကွေ့စစ်ပွဲတွင် အာရပ်တပ်ပေါင်းစုနှင့်အတူ ပါဝင် တိုက်ခိုက်ခဲ့သည်။ ဆီးရီးယားတပ်မ တော်၏ ကြီးမားသောစစ်အင်အားတွင် တင့်ကားအစီးပေါင်း(၄၉၅၀)၊ တိုက် ခိုက်ရေးယာဉ် (၂၉၅၀ )စီး၊ မော်တာ (၁၀၁၀)၊ ဟောင်ဝဇ်ဇာအမြောက် (၂၁၃၀)၊ လေယာဉ်ပစ်အမြောက် (၁၆၇၅)လက်၊ လေဆာလမ်းညွှန်စနစ် သုံး တင့်ဖျက်လောင်ချာပေါင်း (၆၈၉၀)၊ ဘက်စုံသုံးဒုံးကျည်အစင်း (၅၀ဝ)၊ တာဝေးပစ်ဒုံးကျည်(၈၆)စင်း၊ မြေပြင် မှဝေဟင်ပစ်လောင်ချာ (၄၂၃၅ )စင်း ရှိသည်။

ယခုအခါ အတိုက်အခံသူပုန်နှင့်ပြည်သူများကို တင့်ကားများ၊ လက် နက်ကြီးများဖြင့် ပစ်ခတ်နှိမ်နင်း ရုံသာ မက ဓာတုလက်နက်များကိုပါသုံး၍ တိုက်ခိုက်ကြောင်း အနောက်နိုင်ငံများ က စွပ်စွဲကြသည်။ လူထုအုံကြွမှုအရေး အခင်းများတွင်လည်း ဆီးရီးယားစစ် တပ်သည် သမ်္မတအာဆတ် နုတ်ထွက် ပေးရေး၊ ဒီမိုကရေစီတောင်းဆိုဆန်္ဒပြ သူများကို တိုက်ခိုက်နှိမ်နင်းခဲ့သည်။ ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်ရန် အထက်ကပေးအပ်သော အမိန့်ကို မနာခံလိုကြသဖြင့် အဆင့်မြင့်အရာရှိ များအပါအဝင် ဆီးရီးယားတပ်မတော် သား တစ်သောင်းကျော်သည် ဘက် ပြောင်းခြင်း၊ တပ်မှထွက်ပြေးခြင်းတို့ ကိုပြုခဲ့ကြသည်။ ဆီးရီးယား၌ နေ့စဉ် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာပြေးရ သူ ဒုက်္ခသည်ပေါင်း သန်းချီလျက်ရှိ သည်။ တပ်မတော်အင်အားရှိသော် လည်း ဆီးရီးယားမှာ မငြိမ်းချမ်းပေ။
အခြားသာဓကများအဖြစ် ကျူးဘား၊ ဆီယာလီယွန်၊ မာလီ၊ ဂွါတီမာလာ၊ ခမာနီလက်ထက်က ကမ$2ောဒီးယား၊ နာဇီပါတီနှင့် ဟစ်တလာလက်ထက် က ဂျာမနီတပ်မတော်၊ ဒုတိယကမ်္ဘာ စစ် မတိုင်မီက ဂျပန်တပ်မတော်၊ မူဆို လိုနီလက်ထက် အီတလီတပ်မတော် စသည်ဖြင့် ဥပမာများစွာ ရှိပါသည်။ စာရှည်မည်စိုးသဖြင့် မဖော်ပြတော့ပါ။
အခြားတစ်ဖက်တွင် တိုင်းပြည်၏အင် အားကို စစ်အင်အားဖြင့် အဓိကထား မတည်ဆောက်ဘဲ စီးပွားရေး အောင် မြင်မှု၊ နိုင်ငံသားများ၏ လူနေမှုအဆင့် မြင့်မားမှု။ ပညာရေးထွန်းကားမှု၊ နိုင်ငံရေးတည်ငြိမ်မှု အားအပေါ်တွင် တည်ဆောက်ယူပြီး တိုင်းပြည် စီးပွား ရေးအဆင့်အတန်း မြင့်မားလာသည် နှင့်အမျှ တပ်မတော်အင်အားပါ အလို လိုခေတ်မီ တိုးတက်ခိုင်မာလာစမြဲဖြစ် ကြောင်း နိုင်ငံအချို့ကိုအကျဉ်းချုပ်ဥပမာ ဆောင်ပြလိုပါသည်။ ထိုနှစ်နိုင်ငံမှာ စင်ကာပူနိုင်ငံနှင့် ဆွဇ်ဇာလန်နိုင်ငံ တို့ ဖြစ်ကြပါသည်။

စင်ကာပူနိုင်ငံနှင့်စင်ကာပူတပ်မတော်
စင်ကာပူသည် တစ်ချိန်က တံငါ ရွာကလေးဖြစ်သည်။ ၁၈၁၉ တွင် ဆာစတန်းဖို့ဒ်ရပ်ဖယ်ဆိုသော အင်္ဂလိပ် လူမျိုးတစ်ယောက်က ပင်လယ်ဆိပ် ကမ်းအဖြစ် စတင်အသုံးပြုခဲ့သည်။ အိန်္ဒိယနှင့် တရုတ်ကြားတွင် ကုန်သွယ် ရေး ကြားခံဌာနအဖြစ် စတင်ခဲ့ရာမှ အလျင်အမြန် ကြီးထွားလာကာ အရှေ့ တောင်အာရှနိုင်ငံများ အားလုံးအတွက် အရေးပါသော ပင်လယ်ဆိပ်ကမ်း တစ်ခုဖြစ်လာခဲ့သည်။ ၁၉၆၃ တွင် မလေးရှား ဖက်ဒရယ်ပြည်ထောင်စု တွင် ပြည်နယ်တစ်ခုအဖြစ် အင်္ဂလိပ် လက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီး ၁၉၆၅ သြဂုတ်လ (၉)ရက်တွင်မှ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် မလေးရှားထံမှ ခွဲထွက်ရပ်တည်ခဲ့ သည်။ ထိုအချိန်မှစ၍ စင်ကာပူသည် စီးပွားရေး ဖွံ့ဖြိုတိုးတက်မှုလမ်းကြောင်း ကိုသာ တစ်စိုက်မတ်မတ် လျှောက် လှမ်းခဲ့သည်။ သယံဇာတ နတ်္ထိဖြစ်နေ သော စင်ကာပူနိုင်ငံကို ဝန်ကြီးချုပ် လီကွမ်ယုခေါင်းဆောင်သော ပညာ တတ် အရပ်သားအစိုးရက လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ပညာ ရေးပေါ်တွင် အခြေခံကာ သူဌေးနိုင်ငံ တစ်ခုဖြစ်အောင် အစွမ်းကုန်ကြိုးစားခဲ့ ကြသည်။ ဝန်ဆောင်မှုနှင့်စီမံခန့်ခွဲမှုတို့ တွင် စင်ကာပူသည် အရှေ့တောင်အာရှ၊ အာရှအဆင့်ကိုကျော်၍ ကမ်္ဘာ့အဆင့် ကိုပင် ရောက်ရှိသွားလေသည်။ စီးပွား ရေးကောင်းလာသောအခါ ကျွဲကူး ရေပါဆိုသလိုပင် စင်ကာပူအမျိုးသား တပ်မတော်မှာလည်း ကမ်္ဘာ့အဆင့်မီ ခေတ်မီတပ်မတော်တစ်ရပ် ဖြစ်လာခဲ့ လေသည်။ လွတ်လပ်ရေးရပြီးနောက် ဗြိတိသျှတပ်များ စင်ကာပူတွင်တပ်စွဲ ၍ ကာကွယ်ရေးတာဝန်ယူခဲ့သေးသော် လည်း ၁၉၇၁ တွင် ဗြိတိသျှတို့က ၎င်းင်း တို့တပ်အားလုံးကို ပြန်လည်ရုပ်သိမ်း သွားခဲ့သည်။ ထိုအချိန်လောက်ကျမှ စင်ကာပူသည် အစ်္စရေး၏အကူအညီ ဖြင့် စင်ကာပူတပ်မတော် ကို အလျင် အမြန် စတင်ဖွဲ့စည်းခဲ့သည်။ စင်ကာပူ သည် ဂျီဒီပီ၏ ငါးရာခိုင်နှုန်းကိုသာ ကာကွယ်ရေးအတွက် နှစ်စဉ်သုံးစွဲခဲ့ သည်။ ယခုအခါ အာရှတွင် ခေတ်အမီ ဆုံး လက်နက်များတပ်ဆင်ထားသည့် တပ်မတော်တစ်ရပ်အဖြစ် စင်ကာပူ တပ်မတော်ကို အသိအမှတ်ပြုကြ သည်။

ဆွဇ်ဇာလန်တပ်မတော်
စီးပွားရေးကောင်းပြီး တိုင်းပြည် တည်ငြိမ်သော ဆွဇ်ဇာလန်နိုင်ငံတွင် အမြဲတမ်း စစ်တပ်ဟူ၍ အရေအတွက် အနည်းငယ်သာရှိသည်။ အမြဲတမ်း စစ်တပ်တွင်စစ်သည်ပေါင်း ၁၃၄၈၈၆ ယောက်သာရှိသော်လည်း နိုင်ငံအတွက် လိုအပ်ပါက တာဝန်ထမ်းဆောင်ရန် စစ်သင်တန်းဆင်းပြီးသား စစ်သည် (ကျား) ဆယ့်ရှစ်သိန်း၊ (မ)ဆယ့်ရှစ် သိန်း အသင့်ရှိပေသည်။ အသက် (၁၉)နှစ်ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ စနစ်ဖြစ်ပြီး စစ်မှုထမ်းများသည် တပ် တွင် အမြဲနေစရာမလိုဘဲ မိမိအိမ်သို့ လက်နက်နှင့်တကွ ပြန်နေခွင့်ရှိသည်။ ကာကွယ်ရေးအတွက် တိုင်းပြည်ဘတ် ဂျက်၏ ဝ.၉ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံဒေါ်လာ) ကို အသုံးပြုသည်။ ကမ်္ဘာ့ခေတ်အမီဆုံးနှင့် စွမ်းရည်အရှိဆုံး တပ်မတော်များတွင်တစ်ခုအပါအဝင်အဖြစ် ဆွဇ်ဇာလန် တပ်မတော်ကို အားလုံးက လေးစား အသိအမှတ်ပြုကြရသည်။

ထို့ကြောင့်အထက်ပါအကြောင်း အချက်များကို ထောက်ထားကြည့်ရှု မည်ဆိုလျှင် နိုင်ငံတစ်နိုင်ငံတွင် တပ်မ တော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိခြင်းမဟုတ်ဘဲ တိုင်းပြည်၏ စီးပွား ရေး၊ ပညာရေး၊ နိုင်ငံရေးအားများ ရှိလာပါက ရေမြင့်ကြာတင့်ကာ (တိုင်းပြည်အင်အားရှိမှ) တပ်မတော် အင်အားရှိလာမည်ဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်။

သရဝဏ်(ပြည်)

င်ဥပဒေမူကြမ်း လွှတ်တော်ပြင်ပ နိုင်ငံရေးအသိုင်းအဝိုင်းများ လက်မခံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)မှ တင်သွင်းကာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး လက်မှတ်ရေးထိုးထားသည်​့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မ ၅၉(ဂ)၊ ပုဒ်မ ၂၀၁ တို့ကို ပြင်ဆင်ဖြည့်စွက်ချက်များ ပြုလုပ်ထားသော ဒုတိယအကြိမ်ခြေဥပြင်ဥပဒေမူကြမ်းအပေါ် လုံးဝလက်ခံနိုင်စရာမရှိကြောင်း လွှတ်တော်ပြင်ပနိုင်ငံအင်အားစု အသီးသီးက အောက်ပါအတိုင်း သဘောထားမှတ်ချက်ပြုခဲ့ကြသည်။

ဦးသိန်းသန်ဦး ( လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် တရားလွှတ်တော်ရှေ့နေ)

အဲဒါအာဏာသိမ်းတာပဲဗျ။ ဗြောင်အာဏာသိမ်းတဲ့ သဘောပဲ။ လက်ခံနိုင်စရာဘာမှ မရှိဘူး။ အဲဒါဆို ၂၀ဝ၈ ဖွဲ့စည်းပုံလည်း ပြင်မနေပါနဲ့၊ လုပ်မနေပါနဲ့။ ၂၀ဝ၈ ပါ တစ်ခါတည်း ဖျက်သိမ်း လိုက်ပါ။ ပြင်ဆင်ဖို့မလိုတော့ပါဘူး။ ဒီအတိုင်းဆိုရင် မူလအတိုင်းပဲ စစ်အစိုးရအတိုင်းပဲ ပြန်သွားလိုက်ပါတော့။

ဦးမင်းဇေယျာ (ဒုတိယဥက်္ကဋ္ဌ – ပြည်သူ့ပါတီ)

သူတို့က ဒီ ၂၀ဝ၈ ဖွဲ့ စည်းပုံကို ပြင်ဖို့နေနေသာသာ ၂၀ဝ၈ ဖွဲ့စည်းပုံမှာပါတဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ ဒီမိုကရေစီနဲ့ပတ်သက်တဲ့ ချုပ်ခြယ်မှုတွေကို ပိုပြီးတော့ ဝက်အူရစ်လိုက်သလိုပဲ။ တို့က တော့ အဲဒီလိုပဲ မြင်တယ်။
နဂိုရေးဆွဲထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုက တို့က ဒီမိုကရေစီစံနှုန်းနဲ့မ ကိုက်ညီလို့ လက်မခံနိုင်ပါဘူးလို့ တို့က ရှင်းရှင်းလင်းလင်း ပြောထားပြီးသားလေ။ အခု အဲဒါကို ပြင်ဆင် ချက်အဆိုကို တင်သွင်းတဲ့အချက်အလက်တွေက နဂိုရေးဆွဲထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံမှာပါတဲ့ အချက်အလက်တွေကို ပိုပြီးတော့ စစ်တပ်ရဲ့အခန်းကဏ္ဍ ပိုခိုင်မာအောင်၊ နောက်ပြီးတော့ ကာ/လုံရဲ့ အခန်းကဏ္ဍပိုခိုင်မာအောင်၊ ပိုပြီးတော့ ကြီးထွားအောင်၊ နောက်ပြီးတော့ ဒီမိုကရေစီရဲ့ အခန်းကဏ္ဍပိုပြီးတော့ ကြီးထွားအောင် ၊ ပိုပြီးတော့ လျော့ရဲသွားအောင်၊ လျော့နည်းသွားအောင် သူတို့က ဖြည့် စွက်ပြီးတော့ တိုးချဲ့လိုက်တဲ့ အခန်းကဏ္ဍတွေဆိုတော့က ဘယ်လိုမှ လက်ခံလို့မှ မရတဲ့ဟာကြီးပဲ။ ဒါက။
အရင်တုန်းက တပ်မတော်ရဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာ ပြင်လို့ရပါတယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ်္ပာယ်က အခုသူတို့တင်တဲ့ အဆိုနှစ်ခုသုံးခုအရဆိုရင် ပိုပြီးတော့ ထင်ရှား လာတယ်။ ဆိုလိုတဲ့သဘောက တပ်မတော်က သူတို့ရဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံမှာ သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့၊ သူတို့ရဲ့သားစဉ်မြေးဆက် အကျိုးစီးပွားကို ကာကွယ်ဖို့၊ ထိန်းသိမ်းဖို့နဲ့ စစ်တပ်ရဲ့ နိုင်ငံရေးအာဏာကို ၂၀ဝ၈ ဖွဲ့စည်းပုံနဲ့ ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ထက် ပိုပြီးတော့ကို ကြီးမားတဲ့ ရည်ရွယ်ချက်တွေ ရှိနေသလားလို့တောင် စစ်တပ်က ဖော်ပြနေသလားလို့တောင် ခံစားရတယ်။
ပြောချင်တာက တို့ကတော့ အပြုသဘောအရ မျှော်လင့်တယ်။ အထူးသဖြင့် တပ်မတော်ဟာ တစ်စုံတစ်ရာသော အခြေအနေအရ၊ တစ်စုံတစ်ရာသော အခန်းကဏ္ဍအထိ သူတို့တွေက ဒီ၂၀ဝ၈ ဖွဲ့စည်းပုံကို ချုပ်ကိုင်ထားတယ်ဆိုတဲ့ အပြုသဘောအမြင်လေးနဲ့ တို့က တွေးကြည့်ရင်း တွေးကြည့်ရင်းနဲ့ အခုတပ်မတော်ရဲ့ တုန့်ပြန်တဲ့ပုံစံတွေဟာ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ နောက်ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်မှု၊ အထူးသဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ သူတို့ရဲ့ အဆိုတင်သွင်းမှုတွေဟာ မရိုးသားမှုတွေအပြင် ၂၀ဝ၈ ဖွဲ့ စည်းပုံကို ပိုပြီးတော့ ဒီမိုကရေစီစံနှုန်းပျက်အောင်လုပ်နေတယ်လို့ ပြည်သူတွေခံစားသွားမယ်ဆိုရင် ၂၀ဝ၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီနည်းကျကျနဲ့ ဒီလွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ကြိုးစားနေတဲ့ အင်အား စုတွေကို စိတ်ပျက်သွားမယ်။ ပြည်သူတွေကိုလည်း ပိုပြီးတော့ စိတ်ပျက်သွားစေမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်သွားမှာကိုတော့ စိုးရိမ်တယ်။

ဦးရောဘတ်စန်းအောင် (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးအကျဉ်းသားနှင့် တရားလွှတ်တော်ရှေ့နေ)

ကျွန်တော်ပြောချင်တာကတော့ လွှတ်တော်ရှိလို့ ဒီမိုကရေစီတံဆိပ်ကို သုံးလို့ရတာ။ အဲဒီတော့ လွှတ်တော်ကို ဖျက်သိမ်းလိုက်ရင် ဒီမိုကရေစီကွယ်ပျောက်ပြီလို့ပဲ ပြောလို့ရမှာပေါ့။ လွှတ်တော်ရှိမှ ပြည်သူ့ရဲ့ ခံစားချက်တွေ၊ ပြည်သူအကျိုးရှိမယ့် ကိစ်္စတွေကို ဆောင်ရွက်နိုင်မှာ၊ အဲဒီတော့ လွှတ်တော်ကြီးကို ဖျက်သိမ်းလိုက်ပြီဆိုရင်တော့ တစ်သွေးတစ်သံတစ်မိန့်ဆီကို ပြန်သွားတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပေါ်ပေါက်အောင် ကြိုးပမ်းခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေရဲ့စေတနာနဲ့ မေတ်္တာတရားကိုပါ ကျော်ခိုင်းလိုက်ရာရောက်လိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီးက ဒီမိုကရေစီ ဖြစ်စေချင်လို့ စေတနာတွေ၊ မေတ်္တာတွေ၊ ဂရုဏာတွေနဲ့ ဒီမိုကရေစီတံဆိပ်ကပ်ပြီးတော့ စာအုပ်အစိမ်းကို လုပ်ခဲ့တာ။ အဲဒီလုပ်ခဲ့တဲ့အတွင်းမှာ အဆီအနှစ်တစ်ခုအနေနဲ့ပါတာက လွှတ်တော်။ လွှတ်တော် ကို မရှိတော့ဘူး ဖျက်သိမ်းလိုက်ပြီဆိုရင်တော့ ဒါက နေလနှစ်ပါးနဲ့ အလားသဏ္ဍာန်တူတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့ ကွယ်ပျောက်ပြီဖြစ်၍ မှောင်ကြီးမည်းမည်းကျသွားနိုင်တဲ့ အတွက် အဲဒီပြင်ဆင်ချက်အစီအစဉ်ကိုတော့ လုံးဝလက်မခံနိုင်ပါလို့ဘဲ ကျွန်တော်တော့ ပြောချင်တယ်။

ဦးဂျင်မီ (၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်း)

တိုင်းပြည်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို သွားနေပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို လုပ်နေပါတယ်ဆိုမှ။ အရပ်သားအစိုးရ ပီပီပြင်ပြင်ပုံပေါ်လာအောင် ကြိုးပမ်းနေတဲ့ကြားထဲ ကိုက ဒီလိုခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေက တိုင်းပြည်အတွက်တော်တော်ကို အခက်အခဲတွေဖြစ်စေတယ်။ နောက်တစ်ခုကလည်း ဒါ ပြည်သူက လက်ခံမှာမဟုတ်ဘူး။ ဒီဖွဲ့စည်းပုံပြင်ဆင် ချက်ကို။ နောက်တစ်ခုကလည်း ဒါရှင်းရှင်းလေးပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကာ/လုံက သမ်္မတက တာဝန်ခံပြီးခေါ်ခွင့်ရှိတယ်ဆိုတာလည်း ဒါသူတို့ရေးခဲ့တဲ့ ဥပဒေ၊ သူတို့ရေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေ ခံဥပဒေပဲ။ အဲဒီတော့ ကျွန်တော်တို့ကတော့ ဒီဟာနဲ့ပတ်သက်ပြီး လုံးဝလက်မခံဘူး။
ကျွန်တော်တို့ကတော့ တိုင်းပြည်ကို အရပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုပဲ မြင်ချင်တယ်။ အရပ်သားတွေအစိုးရလက်ထဲမှာပဲ ရှိစေချင်တယ်။ ကျွန်တော်တို့ကတော့ဗျာ သမ်္မတဆိုတာ နိုင်ငံတော်ရဲ့ အကြီးအကဲပဲ။ နောက် လက်နက်ကိုင်အဖွဲ့များရဲ့အကြီးအကဲဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ်္မတပဲ ဖြစ်ရမယ်။ ဒါကို အဲဒီလိုဖြစ်အောင်လည်း ကျွန်တော် တို့က ကြိုးစားမှာပဲ။

ဦးမန်းအောင်ပြည်စိုး (ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက်္ကဋ္ဌ)

နိုင်ငံတကာမှာရော …လွှတ်တော်ကို ဖျက်သိမ်းခွင့်ရှိတာ ဘယ်သူတွေလဲ။ အချို့နိုင်ငံတွေမှာတော့ သမ်္မတက လွှတ်တော်ကို ဖျက်သိမ်းဖို့ပါဖို့လုပ်တာမျိုး တစ်ခါတစ်လေတွေ့တယ်။
ဒါတောင် သမ်္မတကနော်။ အဲဒီတော့ ကာ/လုံက လွှတ်တော်ကို ဖျက်သိမ်းခွင့်ဖြစ်လာအောင် လုပ်လာတာမျိုးကတော့ ကျွန်တော်တို့က လက်မခံနိုင်ဘူး။ နောက်တစ်ချက်ကလည်း သမ်္မတက မဟုတ်ဘဲ ကာ/ချုပ်က ကာလုံကို ခေါ်ခွင့်ရှိအောင် လုပ်လာတာမျိုးကိုလည်း ဘယ်လိုလုပ်လက်ခံမလဲ။ သူတို့ရေးဆွဲခဲ့တဲ့ ဥပဒေမှာပဲ သမ်္မတကပဲ ခေါ်ခွင့်ရှိတယ်ဆို သမ်္မတကပဲ ခေါ်ပေါ့။ ကာ/လုံကို ခေါ်ဖို့ ကာကွယ်ရေးဦးစီးချုပ်က သမ်္မတကို အကြံပေးပိုင်ခွင့်ရှိတယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါတွေက လက်ခံနိုင်စရာမရှိတဲ့ အချက်တွေပဲ။

ဦးတင့်ဆန်း (၈၈မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် သတင်းစာဆရာ)

ဒါကို သူတို့လည်း ပြင်လို့ရမှာ မဟုတ်ပါဘူး။ နိုင်ငံရေးစိတ်ဖြေတဲ့သဘောပဲ။ နောက် ဒီဘက်ကို၊ အခြေခံဥပဒေပြင်ဆင်ရေးလုပ်နေတဲ့ အတိုက်အခံဘက်ကို နည်းနည်းလေးရှုပ်ထွေးအောင်လုပ် နေတဲ့သဘောမျိုးဖြစ်နေတယ်။ ဒီပြင်ဆင်ချက်ကိုတော့ ဘယ်လိုမှလည်း လက်ခံနိုင်စရာမရှိဘူး။ ၂၀ဝ၈ ဥပဒေက ဆိုးပါတယ်ဆိုမှ၊ အဲဒီထက်ဆိုးတဲ့ ဥပဒေပြင်ဆင်ချက်ကို တင်လာတာ။ ပြည်သူ လည်း လက်မခံဘူး။ နိုင်ငံရေးအသိုင်းအဝိုင်းကလည်း လက်ခံမယ် မဟုတ်ဘူးလို့ ယုံကြည်တယ်။

ဦးကျော်မြင့် ( ဥက်္ကဋ္ဌ – ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)

ဒါက အဆင်မပြေဘူး။ အဲဒီလိုပုံစံကတော့ အဆင်မပြေဘူး။

ဦးကျော်အောင် (၇၄/၇၅ ကျောင်းသားမျိးဆက်)
သူတို့က လွှတ်တော်မှာ လွှမ်းမိုးနိုင်မယ်ထင်ပြီး ရေးထားခဲ့တဲဥပဒေတွေ။ ဒါတွေက အခုက သူတို့ လွှမ်းမိုးနိုင်ဖို့ မလွယ်ဘူးဆိုတာသိတော့ လုပ်လာတာ။ နောက် စစ်တပ်ရဲ့အာဏာကို မြှင့်ဖို့ ကြိုးစားလာတာပေါ့။ ကာ/လုံရဲ့သြဇာလည်း မြင့်လာအောင်ပေါ့။ သဘောမတူဘူး။ ဒီဥပဒေပြင်ဆင်ချက်ဟာ လုံးဝလက်ခံနိုင်စရာမရှိဘူး။ အရပ်သားအစိုးရသမ်္မတရဲ့ အခွင့်အာဏာတွေကို ထိန်းချုပ် ဖို့ကြိုးစားလာတဲ့ ပြင်ဆင်ချက်ပဲ။

De.L – 009

‘ အသားထဲကထွက်လာ တဲ့ လောက်တွေ၊ ခါးပိုက်ထဲက မြွေပွေးတွေ၊ အတားအဆီး တွေ၊ ဆူးငြှောင့်ခလုတ်တွေ၊ ဒီလမ်းကို ဆက်လျှောက်ကြ ရမယ် . . . . ‘

ဒီလမ်းဂျာနယ်အတွက် ဆရာထင်လင်းဦးက ကျွန်မကို ဆောင်းပါးရေးပေးဖို့တိုက်တွန်းတော့ ကျွန်မနားထဲမှာ “ဒီလမ်း” ဆိုတဲ့ နာမည် လေးကတစ်မျိုးထူးခြားနေတယ်။ ပြောရရင် ကြိုက်နေတယ်။ နာမည်လေး မတိမ်းမယိမ်းဆင်တူတဲ့ ဒီလှိုင်းဆိုတာလည်းရှိနေတာကိုး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးစီးထုတ်ဝေတဲ့ ဒီလှိုင်း စာစောင်မှာလည်း ကျွန်မ ဆောင်းပါးတွေရေးဖူးပါတယ်။ ပင်လယ်ဒီရေတက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ဒီလှိုင်းလိုအင်အားအပြည့်နဲ့ မြန်မာ့ဒီမိုကရေစီ တိုက်ပွဲကို ဆင်နွှဲမယ်ဆိုတဲ့ရည်ရွယ်ချက် အဓိပ်္ပာယ်မျိုးနဲ့ ခေတ်ဟောင်းသတင်းစာဆရာ၊ နိုင်ငံရေးသမားကြီး အဘဟံသာဝတီဦးဝင်းတင် ရွေးခဲ့တယ်ထင်ပါရဲ့။ တကယ်လည်း ဒီလှိုင်းစာစောင်ဟာ ယနေ့အထိ အားအင်အပြည့်နဲ့ ချီတက်နေဆဲပါပဲ။

အခု ဒီလမ်းဂျာနယ်ကိုထူထောင်သူတွေ၊ ထုတ်ဝေသူတွေရဲ့ ရင်ထဲမှာ ဘယ်လိုခံစားချက်ကို ပြောချင်လို့ ဒီလမ်းလို့ နာမည်ရွေးကြသလဲ ကျွန်မ မသိပေမယ့် ကျွန်မကတော့ ဒီလမ်းကို ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသွားရာလမ်းလို့ပဲ ကိုယ့်ဘာသာ အဓိပ်္ပာယ်ကောက်လိုက်တယ်။

ဆရာထင်လင်းဦးကတော့ ၁၃-၁၀-၂၀၁၇ က ဒီလှိုင်းစာစောင်မှာ ““ဒီလမ်း””ဆိုတဲ့ ကဗျာတော့တစ်ပုဒ် ရေးခဲ့တယ်။ ဒီလမ်းဟာ ဘယ်လိုကြမ်း၊ ဒီလမ်းဟာ ဘယ်လိုသွမ်း၊ အမေနဲ့အတူ ခြေတူလှမ်းကြစို့၊ ဒို့အောင်စခန်းလို့ သူက ရေးခဲ့တာပါ။ အဲဒီလိုဆိုတော့ သူရွေးချယ်ခဲ့တဲ့လမ်းဟာ ဘယ်လမ်းလဲ၊ ဘယ်သူ့လမ်းလဲ ဆိုတာကတော့ ထင်းခနဲ၊ ရှင်းခနဲ မြင်သာ သိသာလှပါတယ်။ သူပြောသလိုပါပဲ၊ ဒီလမ်းကြမ်းမှာတော့ သေချာလှပါတယ်။ အပတ်စဉ် အဲဒီလမ်းပေါ်မှာ ကျွန်မ တို့ရင်ဆိုင်ကျော်ဖြတ်နေကြရတဲ့ ဆူး ငြှောင့်ခလုတ်တွေရဲ့အကြောင်း ဒီလမ်း ဂျာနယ်မှာရေးမယ်လို့ စိတ်ကူးထား ပါတယ်။ ဒီအပတ်တော့ လမ်းတစ်လမ်း ကို လျှောက်တယ်ဆိုတာ ကိုယ်လိုရာ ခရီးကို ရောက်ချင်လို့ လျှောက်ကြတဲ့ အကြောင်းနဲ့ ရောက်မယ်ဆိုတာလည်း သေချာပေါက်ယုံကြည်လို့ လျှောက်ကြ တယ်ဆိုတာလေး ဆွေးနွေးချင်ပါတယ်။

အမှန်အတိုင်းဝန်ခံရရင် ဒီမိုကရေ စီဆိုတာ ကျွန်မတို့နဲ့ တကယ့်ကိုအစိမ်း သက်သက် စကားလုံးကြီးတစ်ခုပါ။ ဒါဆို ဒီစကားလုံးကို ဘယ်လိုစသိ တာလဲလို့မေးရင် ရှစ်လေးလုံးအရေး တော်ပုံကြီးက စတယ်လို့ပြောရပါလိမ့် မယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၁ နှစ်က မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ လူထု တော်လှန်ရေး တစ်နည်းအားဖြင့် ဒီမို ကရေစီ ခေတ်ပြောင်းတော်လှန်ရေးဖြစ် တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဆို တာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက် နေ့မှာမှ တစ်နိုင်ငံလုံး ဝုန်းခနဲ ထဆူတာ မျိုးလုံးဝမဟုတ်ပါဘူး။ ဥပမာတင်စား ပြောရရင် မွေ့ရာတွေ၊ ခေါင်းအုံးတွေ အထဲကို မီးပွားကျသလိုပေါ့ ကျကျ ချင်းတော့ မီးထမလောင်ဘူးလေ။ တငွေ့ငွေ့နဲ့ လှိုက်စားနေရာက အပြင် က အောက်ဆီဂျင်နားအထိလည်း ရောက်ရော ဝုန်းခနဲ ထတောက်တဲ့မီး ဟာ ကျန်တဲ့လောင်စာတွေကိုပါ ကူး စက်သွားပြီး ငြိမ်းဖို့မလွယ်ဖြစ်တာမြင် ဖူးကြပါလိမ့်မယ်။

ကျွန်မတို့ တိုင်းပြည်မှာရှိတဲ့ ပြည် သူလူထုတွေရဲ့ရင်ထဲက စစ်အာဏာရှင် တွေကိုမကျေနပ်တဲ့ မီးစဟာ စွဲလောင် နေတာကြာပါပြီ။ ၁၉၆၂ ခုနှစ်မှာ အရှေ့တောင်အာရှရဲ့ သူဌေးစာရင်းဝင် မြန်မာနိုင်ငံမှာ ပြည်သူရွေးချယ် တင် မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရ လက်ထဲကနေ မြန်မာ့တပ်မတော်က အာဏာသိမ်းတဲ့ အချိန်ကစလို့ ၂၀၁၀ ပြည်သူလူထုလက်ထဲကို တိုင်းပြည်အာ ဏာ ပြန်ထည့်ပေးခဲ့တဲ့အချိန်ထိ တိုင်း ပြည်ရဲ့စီးပွားရေး ထိုးကျသွားခဲ့ရတာ ဟာ ကမ်္ဘာ့အဆင်းရဲဆုံး စာရင်းဝင်ပါ တယ်။ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေရဲ့ အရည်အချင်းကို မှန်းကြည့်နိုင်အောင် ပြောပြတာပါ။ တိုင်းပြည်ငြိမ်ဝပ်ပိပြား ရေးအတွက် လက်နက်နဲ့ နှိပ်ကွပ်တာ ကလွဲရင် ဘာမှမလုပ်တတ် ကြတာ လည်း သူတို့ရဲ့အရည်အချင်းတစ်ရပ် ဆိုပါတော့။ လွတ်လပ်ရေးရတဲ့အချိန် ကစလို့ ၁၄ နှစ်တိတိ ဒီမိုကရေစီစနစ် ရဲ့အရသာကို ခံစားလာခဲ့တဲ့ မြန်မာ ပြည်သူလူထုဟာ စစ်တပ်ရဲ့အာဏာ သိမ်းမှုကို လုံးဝမကြိုက်ပါဘူး။ မကြိုက် လို့ အာဏာဖီဆန်ခဲ့ကြသူတွေကိုလည်း အာဏာရှင်ပီပီ ရက်စက်ပြခဲ့ကြပါ တယ်။

ကျောင်းသားသမဂ်္ဂအရေးအခင်း တို့၊ ဦးသန့်အရေးအခင်းတို့၊ မှိုင်း ရာပြည့်တို့၊ ဆင်မလိုက်သင်္ဘောကျင်း အလုပ်သမားသပိတ်တို့ အဲဒီလို မအောင် မြင်ခဲ့တဲ့ အနှိမ်နင်းခံတော်လှန်ပုန်ကန် ခြင်းတွေ အကြောင်းတော့ အသေး စိတ်ပြောမပြတော့ပါဘူး။ သိမီသူတွေ မကြာခဏ အကြောင်းတိုက်ဆိုင်တိုင်း ပြောနေကြတာမို့ပါ။ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ အနီးဆုံး လူထု မကျေနပ်မှုတွေကိုဖြစ်စေတဲ့ တစ်နည်း အားဖြင့်ပြည်သူအများစု တစ်ပါတီ အာဏာရှင်စနစ်ကို တော်လှန်ချင်စိတ် ပေါက်စေတဲ့ အစိုးရရဲ့ဗိုလ်ကျမှုကိုပြော ပြပါ့မယ်။ ၁၉၈၇ ခုနှစ် တစ်နှစ်ထဲမှာ နှစ်ကြိမ်တိတိ ငွေစက်္ကူတွေကို တရား မဝင်ကြေညာပါတယ။ အခုခေတ်လူ ငယ်တွေ သဘောပေါက်အောင် ပြော ပြရရင်တော့ နိုင်ငံတော်ဗဟိုဘဏ်ကနေ ရိုက်နှိပ်ထုတ်ဝေပြီး နိုင်ငံအနှံ့ပြည်သူ လူထုတွေ နေ့စဉ်လည်ပတ်သုံးစွဲနေရတဲ့ ကျပ်ငွေစက်္ကူတွေထဲက အချို့ငွေတွေ ကို ပယ်ဖျက်တယ်။ တစ်နည်းအားဖြင့် တရားမဝင်တော့ဘူးလို့ အစိုးရကကြေ ညာလိုက်တာ သူထုတ်ထားတဲ့ပိုက်ဆံ ကို တရားမဝင်ဘူးလို့ သူကပဲပြော လိုက်တာ။ စဉ်းစားကြည့်လေ ဘယ် လောက်တောင် လူမဆန်တဲ့ လုပ်ရပ်လဲ ဆိုတာ။

ကြေညာတာမှ တစ်ကြိမ်တည်း မဟုတ်ဘူး နှစ်ကြိမ်တိတိ ၁၉၈၇ မတ်လမှာတစ်ကြိမ် ကျပ် ၁၀ဝ တန် ငွေစက်္ကူနဲ့ ကျပ် ၅၀ တန်ငွေစက်္ကူ။ အခုလို စက်တင်ဘာလ ၅ရက်နေ့မှာ တစ်ကြိမ် ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန် နဲ့ ၂၅ကျပ်တန်။ နှစ်ကြိမ်ပေါင်းလိုက်ရင် ငွေစက်္ကူ ၅မျိုးကို တရားဝင်ဖျက်သိမ်း လိုက်တာ။ ပြည်သူလူထုလက်ထဲက ဗမာငွေတွေဟာ ကျပ်ငွေတွေဘဝကနေ စက်္ကူတွေဖြစ်သွားတော့တယ်။ တစ် နိုင်ငံလုံးမှာ ရှိရှိသမျှ လှည်းနေလှေ အောင်း မြင်းဇောင်းပါမကျန် ပြည်သူ တွေဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အရူးမီးဝိုင်းဖြစ်ကြရရှာတယ်။ အချို့ တကယ်ရူးသွားတယ်။ ကျွန်မ ဘကြီး တစ်ယောက်ဆို သူအလုပ်လုပ်နေတဲ့ စပါးဆွဲတဲ့ သမ်္ဗန်ကြီးကိုရောင်းပြီး အသစ်ဝယ်ဖို့လုပ်တဲ့အချိန်မှာ သူ့သမ်္ဗန် ကိုဝယ်သူက ငွေချေပြီးယူသွားလို့မှ တစ်နာရီမကြာသေးဘူး ရေဒီယိုကနေ ငွေစက်္ကူ သတင်းလည်းကြေညာရော ၂ရက်လောက် သတိလစ်သွားတာ စကားမေးမရတော့ဘူး။ အဲဒီကစလို့ ယဉ်ယဉ်လေးနဲ့ စိတ်နောက်သွားတာ ဆုံးသွားတဲ့အထိပါပဲ။

ဒါက ကျွန်မနဲ့အနီးဆုံးက အဖြစ် အပျက်မို့ ထင်ထင်ရှားရှားမှတ်မိနေတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့် ရင် ကျွန်မတို့မသိလိုက်တဲ့ ပြည်သူလူ ထုတွေရဲ့ငွေစက်္ကူနဲ့ ပတ်သက်တဲ့ ပရိ ဒေဝသောကဟာ ဒီထက်ပိုများနိုင် တယ်။ အဲဒီခေတ်ကာလက အခုခေတ် လို ဖေ့စ်ဘွတ်ခ်တွေ၊ ဖုန်းတွေမရှိတဲ့ ခေတ်၊ ွှဠ တောင် အိမ်တိုင်းမရှိသလို ရေဒီယိုလောက်ရှိရင်ကို အတော်ပြေ လည်တဲ့အိမ်လို့ပြောလို့ရတယ်။ ဆိုလို တာက ဆက်သွယ်ရေးနည်းပညာတွေ အရာရာနောက်ကျနေတဲ့ ခေတ်ကြီးဆို တော့ ငွေစက်္ကူဂယက် နှိပ်စက်လို့ ဘယ်သူတွေ ဘယ်လောက်တောင်ဘဝ တွေ ပျက်ကုန်ကြရသလဲ အတိအကျ မသိနိုင်ခဲ့ဘူးပေါ့။ ဒါပေမဲ့ သေချာတာ တစ်ခုက အစိုးရကို တစ်နိုင်ငံလုံးက ပြည်သူလူထုတွေ စိတ်နာကုန်ကြတယ် ဆိုတာပါပဲ။ အာဏာရှင်ဟာ ပြည်သူ ကို မသနားတတ်ဘူး။ ပြည်သူ့အပေါ် မှာ ကိုယ်ချင်းစာတရား အလျဉ်းမထား ဘူးဆိုတာ မျက်ဝါးထင်ထင်မြင်သွား ကြတာ အဆိုးထဲကအကောင်းပါပဲ။
အရင်တုန်းက ဘယ်အစိုးရတက် တက် ကိုယ်လုပ်မှ ကိုယ်စားရမှာလို့ ခံယူထားတဲ့ သူတွေကိုယ်တိုင် ကိုယ့် စီးပွားရေးတွေပျက်၊ ကိုယ့်ငွေတွေစက်္ကူ ဖြစ်ကုန်တဲ့အခါ အစိုးရကိုစိတ်ဆိုးကြ တော့တယ်။ အာဏာရှင်အစိုးရဆိုတာ ဒီလို တဇောက်ကန်းလုပ်တတ်ပါလား ဆိုပြီး မြင်သွားကြတော့တယ်။ ဒါ ကြောင့်မို့ ၁၉၈၈ မတ်လ စက်မှုတက်္က သိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ လုံထိန်းတွေလက်ချက်နဲ့ သေရာကစခဲ့တဲ့ ရှစ်လေးလုံးအရေး တော်ပုံကြီးဟာ တစ်နိုင်ငံလုံးကို ကူး စက်လောင်ကျွမ်း သွားခဲ့ရတာပေါ့။ အင်းစိန်ကြို့ကုန်းအရှေ့ လက်ဖက်ရည် ဆိုင်လေးတစ်ဆိုင်မှာ ကျောင်းသားနဲ့ အရပ်သားရန်ပွဲကစခဲ့တဲ့ ဇာတ်လမ်း မဟုတ်သလို ၈.၈.၈၈ ကျမှ ထဆန်္ဒပြ ကြတဲ့ ကောက်ရိုးမီးတော်လှန်ရေးလည်း မဟုတ်ပါဘူး။ ရက်စက်တဲ့ အဏာရှင် အစိုးရအပေါ် စိတ်နာနေတဲ့ ပြည်သူ တွေရဲ့ရင်ထဲမှာ စွဲနေပြီဖြစ်တဲ့ တငွေ့ငွေ့ မီးပုံထဲ လေတစ်ချက်ပင့်တိုက်လိုက် သလို ဖြစ်သွားရတာပါ။ အဲဒီတုန်းက လမ်းမပေါ်ထွက်ပြီး“တစ်ပါတီ အာဏာ ရှင်စနစ်ကျဆုံးရေး ဒို့အရေး” ဆိုတဲ့ ကြွေးကြော်သံဟာ တကယ်ကို ရင်ထဲ ကထွက်ပေါ်လာခဲ့တာ။ ပြည်သူတွေ အားလုံးရဲ့ရင်ထဲကနေ ခံစားချက်တွေ တူညီသွားတဲ့အခါ အာဏာရှင်တွေ အသွင်ပြောင်းပြီး ဖွဲ့စည်းထားတဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကြီးလည်း ပြုတ်ကျသွားရတော့တာပေါ့။

တစ်ပါတီအာဏာရှင်စနစ် နိဂုံး ချုပ်ရေးနဲ့အတူ “ဒီမိုကရေစီရရှိရေး ဒို့အရေး” ဆိုတဲ့ကြွေးကြော်သံကိုလည်း ကျွန်မတို့ပြည်သူတွေ ကြွေးကြော်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ မှန်ရာကိုဝန်ခံရရင် အဲဒီအချိန်ကာလတုန်းက ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ အဓိပ်္ပာယ်ကို ပြည်သူအ တော်များများ တကယ်တိတိကျကျ မသိရိုးအမှန်ပါ။ သို့သော် ဒီမိုကရေစီ စနစ်ဟာ တစ်ပါတီအာဏာရှင်စနစ် ထက်တော့ ကောင်းမှာသေချာတယ်လို့ တော့ ယုံကြည်ခဲ့ကြတယ်။ ယုံကြည် ခဲ့ကြတဲ့အတိုင်း ကျွန်မတို့ဒီလမ်းကို ရွေးချယ်တယ်၊ ဆက်လျှောက်တယ်။ အခုထိတော့ မရောက်သေးဘူး။ ဘယ် အထိရောက်ပြီလဲလို့မေးရင် ပြောပြ စရာ မိုင်တိုင်အတိအကျကို မပြော နိုင်သေးတာ။ သေချာတာကတော့ ဒီလမ်းမှာ ကျွန်မတို့အနေအထားက ချုံနွယ်ပိတ်ပေါင်းတွေကို ရှင်းနေရ တုန်း ရှိပါသေးတယ်။

အသားထဲကထွက်လာတဲ့ လောက် တွေ၊ ခါးပိုက်ထဲက မြွေပွေးတွေလမ်း ပေါ်မှာ ကန့်လန့်တိုက်နေတဲ့ အတား အဆီးတွေ ဆူးငြှောင့်ခလုတ်တွေ ရှင်းရင်း ခရီးဆက်နေကြရတာမို့ ခရီးက ထင် သလောက် မတွင်သေးတာလည်း တစ် ကြောင်းဆိုပါတော့။ ဒါပေမဲ့ ဒီလမ်းကို ဆက်လျှောက်ကြရမယ်။ ဒီလမ်းကို ဦးဆောင်လျှောက်နေတဲ့ ကျွန်မတို့ရဲ့ လူထုခေါင်းဆောင်ကို ယုံကြည်တယ်။ သူ့နောက်ကနေ ထက်ကြပ်မကွာ လိုက် ရတဲ့အတွက်လည်း ဒီလမ်းကနေသွား ရင် တစ်နေ့ ဒီမိုကရေစီနိုင်ငံတော် သစ်ဆီကို ရောက်ကိုရောက်ရမယ်လို့ ယုံကြည်တယ်။ဒီလမ်းကို အရမ်းလျှောက် နေတာ မဟုတ်ဘူး၊ ရောက်မယ်ဆိုတာ ယုံကြည်လို့ လျှောက်နေခြင်း ဖြစ်ပါတယ်။ ဂျေလှသင်

ရေ စီဆိုတာ ကျွန်မတို့နဲ့ တကယ့်ကိုအစိမ်း သက်သက် စကားလုံးကြီးတစ်ခုပါ။ ဒါဆို ဒီစကားလုံးကို ဘယ်လိုစသိ တာလဲလို့မေးရင် ရှစ်လေးလုံးအရေး တော်ပုံကြီးက စတယ်လို့ပြောရပါလိမ့် မယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၁ နှစ်က မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ လူထု တော်လှန်ရေး တစ်နည်းအားဖြင့် ဒီမို ကရေစီ ခေတ်ပြောင်းတော်လှန်ရေးဖြစ် တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဆို တာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက် နေ့မှာမှ တစ်နိုင်ငံလုံး ဝုန်းခနဲ ထဆူတာ မျိုးလုံးဝမဟုတ်ပါဘူး။ ဥပမာတင်စား ပြောရရင် မွေ့ရာတွေ၊ ခေါင်းအုံးတွေ အထဲကို မီးပွားကျသလိုပေါ့ ကျကျ ချင်းတော့ မီးထမလောင်ဘူးလေ။ တငွေ့ငွေ့နဲ့ လှိုက်စားနေရာက အပြင် က အောက်ဆီဂျင်နားအထိလည်း ရောက်ရော ဝုန်းခနဲ ထတောက်တဲ့မီး ဟာ ကျန်တဲ့လောင်စာတွေကိုပါ ကူး စက်သွားပြီး ငြိမ်းဖို့မလွယ်ဖြစ်တာမြင် ဖူးကြပါလိမ့်မယ်။
ကျွန်မတို့ တိုင်းပြည်မှာရှိတဲ့ ပြည် သူလူထုတွေရဲ့ရင်ထဲက စစ်အာဏာရှင် တွေကိုမကျေနပ်တဲ့ မီးစဟာ စွဲလောင် နေတာကြာပါပြီ။ ၁၉၆၂ ခုနှစ်မှာ အရှေ့တောင်အာရှရဲ့ သူဌေးစာရင်းဝင် မြန်မာနိုင်ငံမှာ ပြည်သူရွေးချယ် တင် မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရ လက်ထဲကနေ မြန်မာ့တပ်မတော်က အာဏာသိမ်းတဲ့ အချိန်ကစလို့ ၂၀၁၀ ပြည်သူလူထုလက်ထဲကို တိုင်းပြည်အာ ဏာ ပြန်ထည့်ပေးခဲ့တဲ့အချိန်ထိ တိုင်း ပြည်ရဲ့စီးပွားရေး ထိုးကျသွားခဲ့ရတာ ဟာ ကမ်္ဘာ့အဆင်းရဲဆုံး စာရင်းဝင်ပါ တယ်။ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေရဲ့ အရည်အချင်းကို မှန်းကြည့်နိုင်အောင် ပြောပြတာပါ။ တိုင်းပြည်ငြိမ်ဝပ်ပိပြား ရေးအတွက် လက်နက်နဲ့ နှိပ်ကွပ်တာ ကလွဲရင် ဘာမှမလုပ်တတ် ကြတာ လည်း သူတို့ရဲ့အရည်အချင်းတစ်ရပ် ဆိုပါတော့။ လွတ်လပ်ရေးရတဲ့အချိန် ကစလို့ ၁၄ နှစ်တိတိ ဒီမိုကရေစီစနစ် ရဲ့အရသာကို ခံစားလာခဲ့တဲ့ မြန်မာ ပြည်သူလူထုဟာ စစ်တပ်ရဲ့အာဏာ သိမ်းမှုကို လုံးဝမကြိုက်ပါဘူး။ မကြိုက် လို့ အာဏာဖီဆန်ခဲ့ကြသူတွေကိုလည်း အာဏာရှင်ပီပီ ရက်စက်ပြခဲ့ကြပါ တယ်။

ကျောင်းသားသမဂ်္ဂအရေးအခင်း တို့၊ ဦးသန့်အရေးအခင်းတို့၊ မှိုင်း ရာပြည့်တို့၊ ဆင်မလိုက်သင်္ဘောကျင်း အလုပ်သမားသပိတ်တို့ အဲဒီလို မအောင် မြင်ခဲ့တဲ့ အနှိမ်နင်းခံတော်လှန်ပုန်ကန် ခြင်းတွေ အကြောင်းတော့ အသေး စိတ်ပြောမပြတော့ပါဘူး။ သိမီသူတွေ မကြာခဏ အကြောင်းတိုက်ဆိုင်တိုင်း ပြောနေကြတာမို့ပါ။ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ အနီးဆုံး လူထု မကျေနပ်မှုတွေကိုဖြစ်စေတဲ့ တစ်နည်း အားဖြင့်ပြည်သူအများစု တစ်ပါတီ အာဏာရှင်စနစ်ကို တော်လှန်ချင်စိတ် ပေါက်စေတဲ့ အစိုးရရဲ့ဗိုလ်ကျမှုကိုပြော ပြပါ့မယ်။ ၁၉၈၇ ခုနှစ် တစ်နှစ်ထဲမှာ နှစ်ကြိမ်တိတိ ငွေစက်္ကူတွေကို တရား မဝင်ကြေညာပါတယ။ အခုခေတ်လူ ငယ်တွေ သဘောပေါက်အောင် ပြော ပြရရင်တော့ နိုင်ငံတော်ဗဟိုဘဏ်ကနေ ရိုက်နှိပ်ထုတ်ဝေပြီး နိုင်ငံအနှံ့ပြည်သူ လူထုတွေ နေ့စဉ်လည်ပတ်သုံးစွဲနေရတဲ့ ကျပ်ငွေစက်္ကူတွေထဲက အချို့ငွေတွေ ကို ပယ်ဖျက်တယ်။ တစ်နည်းအားဖြင့် တရားမဝင်တော့ဘူးလို့ အစိုးရကကြေ ညာလိုက်တာ သူထုတ်ထားတဲ့ပိုက်ဆံ ကို တရားမဝင်ဘူးလို့ သူကပဲပြော လိုက်တာ။ စဉ်းစားကြည့်လေ ဘယ် လောက်တောင် လူမဆန်တဲ့ လုပ်ရပ်လဲ ဆိုတာ။

ကြေညာတာမှ တစ်ကြိမ်တည်း မဟုတ်ဘူး နှစ်ကြိမ်တိတိ ၁၉၈၇ မတ်လမှာတစ်ကြိမ် ကျပ် ၁၀ဝ တန် ငွေစက်္ကူနဲ့ ကျပ် ၅၀ တန်ငွေစက်္ကူ။ အခုလို စက်တင်ဘာလ ၅ရက်နေ့မှာ တစ်ကြိမ် ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန် နဲ့ ၂၅ကျပ်တန်။ နှစ်ကြိမ်ပေါင်းလိုက်ရင် ငွေစက်္ကူ ၅မျိုးကို တရားဝင်ဖျက်သိမ်း လိုက်တာ။ ပြည်သူလူထုလက်ထဲက ဗမာငွေတွေဟာ ကျပ်ငွေတွေဘဝကနေ စက်္ကူတွေဖြစ်သွားတော့တယ်။ တစ် နိုင်ငံလုံးမှာ ရှိရှိသမျှ လှည်းနေလှေ အောင်း မြင်းဇောင်းပါမကျန် ပြည်သူ တွေဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အရူးမီးဝိုင်းဖြစ်ကြရရှာတယ်။ အချို့ တကယ်ရူးသွားတယ်။ ကျွန်မ ဘကြီး တစ်ယောက်ဆို သူအလုပ်လုပ်နေတဲ့ စပါးဆွဲတဲ့ သမ်္ဗန်ကြီးကိုရောင်းပြီး အသစ်ဝယ်ဖို့လုပ်တဲ့အချိန်မှာ သူ့သမ်္ဗန် ကိုဝယ်သူက ငွေချေပြီးယူသွားလို့မှ တစ်နာရီမကြာသေးဘူး ရေဒီယိုကနေ ငွေစက်္ကူ သတင်းလည်းကြေညာရော ၂ရက်လောက် သတိလစ်သွားတာ စကားမေးမရတော့ဘူး။ အဲဒီကစလို့ ယဉ်ယဉ်လေးနဲ့ စိတ်နောက်သွားတာ ဆုံးသွားတဲ့အထိပါပဲ။

ဒါက ကျွန်မနဲ့အနီးဆုံးက အဖြစ် အပျက်မို့ ထင်ထင်ရှားရှားမှတ်မိနေတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့် ရင် ကျွန်မတို့မသိလိုက်တဲ့ ပြည်သူလူ ထုတွေရဲ့ငွေစက်္ကူနဲ့ ပတ်သက်တဲ့ ပရိ ဒေဝသောကဟာ ဒီထက်ပိုများနိုင် တယ်။ အဲဒီခေတ်ကာလက အခုခေတ် လို ဖေ့စ်ဘွတ်ခ်တွေ၊ ဖုန်းတွေမရှိတဲ့ ခေတ်၊ ွှဠ တောင် အိမ်တိုင်းမရှိသလို ရေဒီယိုလောက်ရှိရင်ကို အတော်ပြေ လည်တဲ့အိမ်လို့ပြောလို့ရတယ်။ ဆိုလို တာက ဆက်သွယ်ရေးနည်းပညာတွေ အရာရာနောက်ကျနေတဲ့ ခေတ်ကြီးဆို တော့ ငွေစက်္ကူဂယက် နှိပ်စက်လို့ ဘယ်သူတွေ ဘယ်လောက်တောင်ဘဝ တွေ ပျက်ကုန်ကြရသလဲ အတိအကျ မသိနိုင်ခဲ့ဘူးပေါ့။ ဒါပေမဲ့ သေချာတာ တစ်ခုက အစိုးရကို တစ်နိုင်ငံလုံးက ပြည်သူလူထုတွေ စိတ်နာကုန်ကြတယ် ဆိုတာပါပဲ။ အာဏာရှင်ဟာ ပြည်သူ ကို မသနားတတ်ဘူး။ ပြည်သူ့အပေါ် မှာ ကိုယ်ချင်းစာတရား အလျဉ်းမထား ဘူးဆိုတာ မျက်ဝါးထင်ထင်မြင်သွား ကြတာ အဆိုးထဲကအကောင်းပါပဲ။
အရင်တုန်းက ဘယ်အစိုးရတက် တက် ကိုယ်လုပ်မှ ကိုယ်စားရမှာလို့ ခံယူထားတဲ့ သူတွေကိုယ်တိုင် ကိုယ့် စီးပွားရေးတွေပျက်၊ ကိုယ့်ငွေတွေစက်္ကူ ဖြစ်ကုန်တဲ့အခါ အစိုးရကိုစိတ်ဆိုးကြ တော့တယ်။ အာဏာရှင်အစိုးရဆိုတာ ဒီလို တဇောက်ကန်းလုပ်တတ်ပါလား ဆိုပြီး မြင်သွားကြတော့တယ်။ ဒါ ကြောင့်မို့ ၁၉၈၈ မတ်လ စက်မှုတက်္က သိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ လုံထိန်းတွေလက်ချက်နဲ့ သေရာကစခဲ့တဲ့ ရှစ်လေးလုံးအရေး တော်ပုံကြီးဟာ တစ်နိုင်ငံလုံးကို ကူး စက်လောင်ကျွမ်း သွားခဲ့ရတာပေါ့။ အင်းစိန်ကြို့ကုန်းအရှေ့ လက်ဖက်ရည် ဆိုင်လေးတစ်ဆိုင်မှာ ကျောင်းသားနဲ့ အရပ်သားရန်ပွဲကစခဲ့တဲ့ ဇာတ်လမ်း မဟုတ်သလို ၈.၈.၈၈ ကျမှ ထဆန်္ဒပြ ကြတဲ့ ကောက်ရိုးမီးတော်လှန်ရေးလည်း မဟုတ်ပါဘူး။ ရက်စက်တဲ့ အဏာရှင် အစိုးရအပေါ် စိတ်နာနေတဲ့ ပြည်သူ တွေရဲ့ရင်ထဲမှာ စွဲနေပြီဖြစ်တဲ့ တငွေ့ငွေ့ မီးပုံထဲ လေတစ်ချက်ပင့်တိုက်လိုက် သလို ဖြစ်သွားရတာပါ။ အဲဒီတုန်းက လမ်းမပေါ်ထွက်ပြီး“တစ်ပါတီ အာဏာ ရှင်စနစ်ကျဆုံးရေး ဒို့အရေး” ဆိုတဲ့ ကြွေးကြော်သံဟာ တကယ်ကို ရင်ထဲ ကထွက်ပေါ်လာခဲ့တာ။ ပြည်သူတွေ အားလုံးရဲ့ရင်ထဲကနေ ခံစားချက်တွေ တူညီသွားတဲ့အခါ အာဏာရှင်တွေ အသွင်ပြောင်းပြီး ဖွဲ့စည်းထားတဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကြီးလည်း ပြုတ်ကျသွားရတော့တာပေါ့။

တစ်ပါတီအာဏာရှင်စနစ် နိဂုံး ချုပ်ရေးနဲ့အတူ “ဒီမိုကရေစီရရှိရေး ဒို့အရေး” ဆိုတဲ့ကြွေးကြော်သံကိုလည်း ကျွန်မတို့ပြည်သူတွေ ကြွေးကြော်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ မှန်ရာကိုဝန်ခံရရင် အဲဒီအချိန်ကာလတုန်းက ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ အဓိပ်္ပာယ်ကို ပြည်သူအ တော်များများ တကယ်တိတိကျကျ မသိရိုးအမှန်ပါ။ သို့သော် ဒီမိုကရေစီ စနစ်ဟာ တစ်ပါတီအာဏာရှင်စနစ် ထက်တော့ ကောင်းမှာသေချာတယ်လို့ တော့ ယုံကြည်ခဲ့ကြတယ်။ ယုံကြည် ခဲ့ကြတဲ့အတိုင်း ကျွန်မတို့ဒီလမ်းကို ရွေးချယ်တယ်၊ ဆက်လျှောက်တယ်။ အခုထိတော့ မရောက်သေးဘူး။ ဘယ် အထိရောက်ပြီလဲလို့မေးရင် ပြောပြ စရာ မိုင်တိုင်အတိအကျကို မပြော နိုင်သေးတာ။ သေချာတာကတော့ ဒီလမ်းမှာ ကျွန်မတို့အနေအထားက ချုံနွယ်ပိတ်ပေါင်းတွေကို ရှင်းနေရ တုန်း ရှိပါသေးတယ်။

အသားထဲကထွက်လာတဲ့ လောက် တွေ၊ ခါးပိုက်ထဲက မြွေပွေးတွေလမ်း ပေါ်မှာ ကန့်လန့်တိုက်နေတဲ့ အတား အဆီးတွေ ဆူးငြှောင့်ခလုတ်တွေ ရှင်းရင်း ခရီးဆက်နေကြရတာမို့ ခရီးက ထင် သလောက် မတွင်သေးတာလည်း တစ် ကြောင်းဆိုပါတော့။ ဒါပေမဲ့ ဒီလမ်းကို ဆက်လျှောက်ကြရမယ်။ ဒီလမ်းကို ဦးဆောင်လျှောက်နေတဲ့ ကျွန်မတို့ရဲ့ လူထုခေါင်းဆောင်ကို ယုံကြည်တယ်။ သူ့နောက်ကနေ ထက်ကြပ်မကွာ လိုက် ရတဲ့အတွက်လည်း ဒီလမ်းကနေသွား ရင် တစ်နေ့ ဒီမိုကရေစီနိုင်ငံတော် သစ်ဆီကို ရောက်ကိုရောက်ရမယ်လို့ ယုံကြည်တယ်။ဒီလမ်းကို အရမ်းလျှောက် နေတာ မဟုတ်ဘူး၊ ရောက်မယ်ဆိုတာ ယုံကြည်လို့ လျှောက်နေခြင်း ဖြစ်ပါတယ်။ ဂျေလှသင်

ယခုနှစ်ပိုင်းအတွင်း အင်အားစာရင်းတောင်းခံမှုမရှိသေးဟု ပါတီများပြော

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥပဒေပါ လုပ်ပိုင် ခွင့်နှင့် တာဝန်များအရလည်း ကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ အရလည်းကောင်း ပါတီများ၏ ပါတီဝင်ဦးရေကို စစ်ဆေးစိစစ် ဆောင်ရွက်မှုများနှင့် ပတ်သက် ၍ ကော်မရှင်ဘက်မှ ပြောကြား ချက်များတွင် ကွဲလွဲမှုများရှိနေပြီး၊ ယခုနှစ်ပိုင်းအတွင်းတွင်လည်း ကော်မရှင်က ပါတီဝင်စာရင်းများ တောင်းခံမှု မရှိသေးကြောင်း နိုင်ငံရေးပါတီအချို့၏ ပြော ကြားချက်များအရ သိရှိရသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥပဒေ တာဝန်နှင့် လုပ်ပိုင်ခွင့်များအခန်းပါ ပုဒ်မ ၁၀ (ဌ)တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ““နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေနှင့်အညီ နိုင်ငံ ရေးပါတီများကို မှတ်ပုံတင် ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီး ကြပ်စေခြင်း””တို့ကို လုပ် ဆောင်ရမည်ဖြစ်ကြောင်း ဖော် ပြပါရှိထားသည်။

ထိုဥပဒေပါ အချက်အရ ဆောင်ရွက်ရာတွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပ ဒေ၏ ဆက်လက် ရပ်တည် ပိုင်ခွင့်မရှိခြင်းအခန်းပါ ပုဒ်မ ၇ တွင် ““ပုဒ်မ ၅၊ ပုဒ်မခွဲ (စ)ပါ သတ်မှတ်ချက်အတိုင်း ပါတီဝင်ဦးရေကို စည်းရုံးမှုမပြု နိုင်ကြောင်း တွေ့ရှိခြင်း””ဟု ဖော်ပြပါရှိပြီး၊ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅(စ) တွင် ဖော်ပြထား ချက်မှာ ““ပြည်ထောင်စုတစ် ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက် မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀ဝ၀ ကို စည်းရုံးရမည်ဖြစ် ကြောင်း ဝန်ခံချက် (သို့မဟုတ်) တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်တစ်ခုအတွင်းသာ စည်းရုံး မည့်ပါတီဖြစ်ပါက နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု သည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅၀ဝ ကို စည်းရုံးရ မည်ဖြစ်ကြောင်း ဝန်ခံချက်””ကို ကော်မရှင်သို့ တင်ပြရမည် ဟု ဖော်ပြပါရှိထားသည်။

ထိုနှင့် တစ်ဆက်တည်းတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေ၏ ဆက်လက်ရပ် တည်ပိုင်ခွင့်မရှိခြင်း အခန်းပါ ပုဒ်မ (၁၃)တွင် ““ပါတီတစ်ခု သည် ပုဒ်မ ၅၊ ပုဒ်မ(စ)ပါ အနည်းဆုံး ပါတီဝင် အရေ အတွက်ကို သတ်မှတ်ထားသည့် ရက်အတွင်း စည်းရုံးရရှိပြီးဖြစ် ကြောင်း ကော်မရှင်သို့ တင်ပြရ မည်။ ယင်းသို့ တင်ပြပြီးသည့် နောက်ပိုင်းတွင် ယင်းပါတီ၏ ပါတီဝင်အရေအတွက်မှာ သတ် မှတ်ထားသည့် အနည်းဆုံး ပါတီဝင် အရေအတွက်အောက် လျော့နည်းသွားပါက ရက် ပေါင်း ၉၀ အတွင်း သတ်မှတ် ချက်များအတိုင်း ပြည့်မီစေရေး အတွက် ဆောင်ရွက်ရမည်။ ယင်းသို့ ဆောင်ရွက်ခြင်း မပြု နိုင်လျှင် ကော်မရှင်က ယင်း ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းများကို ပယ် ဖျက်၍ ပါတီကိုလည်း ဖျက် သိမ်းရမည်””ဟု ပါရှိသည်။

လက်ရှိတွင် တရားဝင် တည်ရှိသည့် နိုင်ငံရေးပါတီ များအတွင်း အထက်ပါ ဥပဒေ သတ်မှတ်ချက်များနှင့် မကိုက် ညီသည့် ပါတီများ၊ ပါတီဆိုင်း ဘုတ်နှင့် အလုပ်အမှုဆောင်အဖွဲ့ မျှလောက်သာ အသက်ဝင်တည် ရှိသော ပါတီများ ရှိနေသော် လည်း ထိုဥပဒေပါအချက်များ အတိုင်း လုပ်ဆောင်နိုင်မှု အား နည်းနေကြောင်း နိုင်ငံရေးအသိုင်း အဝိုင်းက ဝေဖန်မှုများရှိသည်။

ဥပဒေပါအတိုင်း ဆောင် ရွက်မှုနှင့် ပတ်သက်၍ ရွေး ကောက်ပွဲ ကော်မရှင်မှ ပြော ရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကမူ ““ခြောက်လ တစ်နှစ်လောက် တော့ ရှိပါပြီ။ ပြန်စိစစ်ပြီးတော့ ပြန်တင်ပြကြပါတယ်။ တင်ပြ တာတော့ အားလုံးပါပဲ။ အား လုံး…အားလုံးဆိုတာက အင်အားစာရင်းကို သူကလျော့ သွားရင်း ပြန်ဖြည့်ရတယ်ဆို တော့ တစ်နှစ်တစ်ခါတင်ရ ပါတယ်။ လျော့သွားရင် တင်ရ ပါတယ်။ တင်ပါတယ်။ ပြီးခဲ့ တဲ့ တစ်ခေါက်က အကုန်လုံးပြန် တင်ပါတယ်”” ဟု လွန်ခဲ့သော တစ်နှစ်ခန့်က ပါတီဝင်အင်အား စာရင်း အတိုးအလျော့ကို တင်ပြ မှုများရှိခဲ့ကြောင်း ပြောကြား သည်။
ပါတီဝင်အင်အားစာရင်း များ တောင်းခံမှုနှင့်ပတ်သက် ၍ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ ခိုင်လုံသည့် တာဝန်ရှိသူတစ်ဦးကမူ ““ပါတီ အားလုံး ပါတီတည်ထောင်ခွင့် စာရင်းတင်ပြီးကတည်းက ဘယ်ပါတီမှမလာဘူး။ စဉ်းစား ကြည့်။ ဒီပါတီတွေက ငါးနှစ် ဆယ်နှစ်အတွင်းမှာ သေတဲ့လူ လည်း မရှိဘူး။ မကြိုက်လို့ ထွက်သွားတဲ့လူလည်း မရှိဘူး။ အသေလည်း မလာဘူး၊ အတိုး လည်း မလာဘူး၊ နှုတ်ထွက်စာ လည်း မလာဘူးလား”” ဟု ပြောကြားမှုရှိသည်။
ယင်းသို့ တင်ပြမှုကိစ်္စရပ် နှင့်ပတ်သက်၍ လက်ရှိအာဏာ ရ ဒီချုပ်ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့်က လည်း ““ကျွန်တော်တို့ကတော့ အရင်တစ်ခေါက်တော့ တောင်း တာ ကျွန်တော်တို့သိတယ် ခင်ဗျ။ ဒီနှစ်အတွက်တော့ တောင်းတဲ့စာတွေ မရောက် သေးပါဘူး။ ကျွန်တော်တို့ရဲ့မူ ကတော့ ဗဟိုကိုပဲ၊ တိုင်းနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေက တာဝန်ခံရပါတယ်။ ကျွန်တော် တို့က အခြားအဖွဲ့အစည်းက အဲဒီလို ပါတီဝင်အင်အားစာရင်း တောင်းရင် မပေးပါဘူး။ ကျွန် တော်တို့ ဗဟိုကပဲ ပေးထား တယ်။ လိုရင် ဗဟိုကပဲ ပေးမယ် ဆိုတဲ့ မူကို ကျွန်တော်တို့ ချ ထားပါတယ်”” ဟု ပြောကြား မှုရှိသည်။

ဒေါက်တာမျိုးညွန့်၏ ပြောကြားချက်အရ ရွေးကောက် ပွဲကော်မရှင်အနေဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ် အလိုက်သာ ပါတီဝင်အင်အား စာရင်းကို တောင်းယူခဲ့ပြီး ဗဟိုသို့တောင်း ခံမှု မရှိသောကြောင့် ပါတီဝင် အင်အားစာရင်းကို ပေးခဲ့ရခြင်း မရှိဟု သိရသည်။

ဒီမိုကရက်တစ်ပါတီ(မြန် မာ) ဥက်္ကဋ္ဌ ဦးသုဝေကလည်း ““ကျွန်တော်တို့ဆီတော့ တောင်းတယ်ထင်တာပဲ။ သေ ချာတောင် မမှတ်မိဘူး”” ဟု ကော်မရှင်၏ ပါတီဝင် အင်အား စာရင်းတောင်းခံမှုနှင့် စပ်လျဉ်း ၍ ပြောကြားသည်။
ကရင်အမျိုးသားဒီမိုက ရက်တစ်ပါတီဥက်္ကဋ္ဌ ဦးမန်း အောင်ပြည်စိုးကလည်း ““ဟို တုန်းက တစ်ခါတော့လာလို့ပေး လိုက်ရတယ်။ အခုတော့ မလာ တော့ဘူး””ဟု ပြောကြားသည်။

ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်မှ ခိုင်လုံသည့် တာဝန်ရှိသူတစ်ဦးက ဒီလမ်းသို့ ပြောကြားမှုတွင် ဥပဒေပါ အတိုင်း ပါတီဝင်အင်အား စာရင်း တောင်းခံသည်ကိုပင် မိမိတို့၏ ပါတီအတွင်းရေးကို ကော်မရှင်က ဝင်ရောက်စွက် ဖက်ခြင်းဟုလည်းကောင်း၊ ပါတီများ၏ လုပ်ပိုင်ခွင့်ကို ဝင် ရောက်ကျူး ကျော်သည်ဟု လည်းကောင်း စွပ်စွဲပြောဆိုခံရ မှုများပင်ရှိကြောင်း ပါရှိသည်။ De.L-009

ဓာတ်ပုံ – (သြဂုတ် ၂၉ ရက်က ပြုလုပ်သော ရွေး/ကော်၏ ရွေးကောက်ပွဲဖြစ်စဉ်များတွင် ကဏ္ဍစုံမှ ပါဝင်သူများဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ – UEC)

တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ၂၀၂၀ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မဖြစ်ဖြစ်အောင် လုပ်သွားမည်ဖြစ်ကြောင်း ဒီချုပ် ဗဟိုပြန်ကြားရေးအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။ စက်တင်ဘာလ ၁၇ ရက် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေး ဖွဲ့တို့အကြား ကျိုင်းတုံငြိမ်းချမ်းရေးဆွေးနွေးမှုကို ပြုလုပ်သွားမည်ဖြစ်ပြီး အဆင်မပြေပါက စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း၊ သို့သော်တိုက်ပွဲဖြစ်ပွားသည့်ဒေသများမှလွဲ၍ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုတိုက်ပွဲတွေဖြစ်တာ မကောင်းဘူး။ နယ်စပ်ကုန်သွယ်ရေးတွေ ထိခိုက်မှုရှိသလို ဒေသမှာရှိတဲ့ ပြည်သူလူထုတွေ မလုံခြုံဘူး။ ပြီးတော့ အစိုးရရဲ့ ဂုဏ်သိက်္ခာလည်း ကျတယ်။ နိုင်ငံတော်အတိုင်ပင်ခံကိုယ် တိုင် ဒီနှစ်ကုန်မှာ ငြိမ်းချမ်းရေးတွေ့ဆုံပွဲရှိတယ်။ အဲဒီမတိုင်ခင်ဖြစ်သွားတာ။ ဒီလိုတိုက်ပွဲတွေဖြစ်တော့ ရွေးကောက်ပွဲအတွက် ထိခိုက်တယ်။ ရွေးကောက်ပွဲပိတ်ခံရမှာပေါ့။ ကိုယ့်အခွင့်အရေးဆုံးရှုံးတာပေါ့။ ဒါပေ မဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်သွားမယ်”ဟု ဗဟိုပြန်ကြားရေးအတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောသည်။

ယင်းအပြင် တပ်မတော်ဘက်မှ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များအပါအဝင် NCA မထိုးရသေးသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးဆွေးနွေးမည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင်အပစ်ရပ်ကြေညာခဲ့ပြီး လာမည့် စက်တင်ဘာ ၂၁ ရက်တွင်သက်တမ်းကုန်မည် ဖြစ်သည်။ ယင်းကြောင့်ကျိုင်းတုံမြို့နယ်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အရေးကြီးဆုံးဖြစ်ကြောင်း သိရသည်။ TRK

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ထွက်ပေါ်ရေးအတွက် ပမာဏအနေဖြင့် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးကို ဆန်းစစ်မှုများပြုလုပ်နေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီလမ်းသတင်းသို့ ပြောကြားလိုက်သည်။

ဒီချုပ်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်အမည်စာရင်းများပြုစုနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေမှုအပေါ် လက်ရှိကိုယ်စားလှယ်များအပေါ် အရည်အသွေးဆန်းစစ်သည့် အနေအထားမျိုးသာ ရှိသေးခြင်းဖြစ်ကြောင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် လက်ရှိကိုယ်စားလှယ်များအတွင်းမှ ရာခိုင်နှုန်း ၂၀ ခန့် ပြန်လည်ပါ၀င်နိုင်ခြင်း မရှိတော့ဟု ပါတီတွင်းသတင်းအရင်းအမြစ်များက ပြောကြားမှုရှိခြင်းမှာလည်း မှန်းခြေအနေဖြင့်သာ ရှိသေးသည်ဟု ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များနှင့်ပတ်သက်သည့် တိုင်ကြားစာများဌာန တာ၀န်ခံလည်းဖြစ်သော ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ De.L – 009

…………………………………………………………………..

Union Code Vision

၂၀၂၀ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်များကို အရည်အသွေးဆန်းစစ်မှုများ ဒီချုပ်ပြုလုပ်
ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းခန့် ပြန်မပါနိုင်ဟု မှန်းခြေ ထွက်ပေါ်

ရန်ကုန်၊ စက်တင်ဘာ ၂၃
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ထွက်ပေါ်ရေးအတွက် ပမာဏအနေဖြင့် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးကို ဆန်းစစ်မှုများပြုလုပ်နေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီလမ်းသတင်းသို့ ပြောကြားလိုက်သည်။

ဒီချုပ်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်အမည်စာရင်းများပြုစုနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေမှုအပေါ် လက်ရှိကိုယ်စားလှယ်များအပေါ် အရည်အသွေးဆန်းစစ်သည့် အနေအထားမျိုးသာ ရှိသေးခြင်းဖြစ်ကြောင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် လက်ရှိကိုယ်စားလှယ်များအတွင်းမှ ရာခိုင်နှုန်း ၂၀ ခန့် ပြန်လည်ပါဝင်နိုင်ခြင်း မရှိတော့ဟု ပါတီတွင်းသတင်းအရင်းအမြစ်များက ပြောကြားမှုရှိခြင်းမှာလည်း မှန်းခြေအနေဖြင့်သာ ရှိသေးသည်ဟု ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များနှင့်ပတ်သက်သည့် တိုင်ကြားစာများဌာန တာဝန်ခံလည်းဖြစ်သော ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ De.L – 009

ဒီလမ်းအယ်ဒီတာ့ပေးချက်

‘၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ . . . ထပ်တိုးပြဌာန်းဖို့ လုပ်လာတဲ့ . . .
စကားလုံး၊ စကားရပ်တွေဟာ မြန်မာပြည်မှာ
ပြဌာန်းခဲ့ဖူးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်စာအုပ်မှာမှမပါ . . . အဲဒါကို အရင်ကလည်း ဒီလိုဥပဒေမျိုး ပြဌာန်းခဲ့ဖူးပါတယ်လို့ ဆိုလာရင် ဒါဟာ ကျား-ကျား မီးယပ်လုပ်တာပဲဖြစ် . . .’

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အဆိုတစ်ခုကို တင်သွင်းလာခဲ့ကြောင်း ကြားသိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ(က)ရဲ့ အပိုဒ်ခွဲ (၅)အဖြစ်နဲ့ “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့် အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဆိုတဲ့ စကားရပ်များကို ထပ်မံဖြည့်စွက်ဖို့၊ ပြီးတော့ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(က) ရဲ့အပိုဒ် (၅) အဖြစ်နဲ့လည်း ထို့အတူပဲ ထပ်မံဖြည့်စွက်ဖို့ဆိုပြီး တင်သွင်းလာတာပါ။
အဲဒီလို ထပ်မံဖြည့်စွက်လိုတယ် ဆိုပြီး တင်သွင်းလာတဲ့ အချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း(၃) နိုင်ငံတော်အကြီးအကဲ ကဏ္ဍက ပုဒ်မ ၅၉(စ)ကို မိတ္တကူးလာတဲ့ စကားရပ် တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ စာရေးသူအနေနဲ့ကတော့ အဲဒီပုဒ်မ ၅၉(စ)ဆိုတာက ဒေါ်အောင်ဆန်းစု ကြည် သမ္မတမဖြစ်ရလို့ အမည်တပ် ရေးမထားရုံတမည် ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တစ်ရပ်လို့ သတ်မှတ်ထား ပါတယ်။ ဒီအကြောင်းကိုလည်း “၅၉ (စ) သို့မဟုတ် အဂတိလေးပါးဖြင့် စိုက်ပျိုး ခဲ့သောအပင်”ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ကို ရေးသားခဲ့ဖူးပါတယ်။
ဒီဥပဒေဟာ လူပုဂ္ဂိုလ်တစ် ယောက်ကို အသေအချာရည်ညွှန်းပြီး ရေးဆွဲစေခဲ့၊ ပြဋ္ဌာန်းစေခဲ့တဲ့ ဥပဒေ လို့ပြောရင် တချို့တွေက ဆတ်ဆတ် ခါကြပါတယ်။ မဟုတ်ပါဘူး တွင်တွင် ငြင်းကြပါတယ်။ တချို့တွေကလည်း ဒီဥပဒေဟာ ဗိုလ်ချုပ်အောင်ဆန်းကိုယ် တိုင် မူဝါဒချမှတ် ရေးဆွဲစေခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မှာလည်း ထည့်သွင်းရေးဆွဲပြဋ္ဌာန်းခဲ့ သယောင်ယောင် ပြောကြတာတွေကို ကြားခဲ့ရဖူးပါတယ်။ အဲဒီတုန်းက လည်း ဒီ ၅၉(စ) လို ဥပဒေဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါ ကြောင်း ဟောပြောပွဲတွေမှာ ထည့် ဟောပြောခဲ့ရ၊ ဂျာနယ်တွေမှာဆောင်း ပါးတွေ ရေးခဲ့ရပါသေးတယ်။

၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အချက်(၇)ချက် ပါဝင်တဲ့ အဆိုတစ်ရပ်ကို တင်သွင်းခဲ့ပြီးတော့ တိုင်းပြုပြည်ပြုလွှတ်တော်က တစ်ခဲ နက် ထောက်ခံအတည်ပြုခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဇွန် ၁၈ ရက်နေ့မှာ အဖွဲ့ ဝင် ၇၅ ဦး ပါဝင်တဲ့ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း ကော် မတီနဲ့ ဆပ်ကော်မတီများကို ဖွဲ့စည်းခဲ့ ပြီး ရေးဆွဲစေခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ အဲဒီပုဒ်မ ၅၉(စ)လို ဇနီး၊ ခင်ပွန်း၊ သားသမီး၊ သမက်ချွေးမ စတာတွေကိုပါ လိုက်ပြီး ကန့်သတ်တဲ့ ဥပဒေပုဒ်မ ဘယ်နေရာ မှာမှ မပါခဲ့ပါဘူး။

အခုလည်း လွှတ်တော်ထဲမှာ ပုဒ်မ ၂၃၂(က) အပိုဒ်ခွဲ(၅)နဲ့ ပုဒ်မ ၂၆၁(က) ပုဒ်မခွဲ(၅)အဖြစ် ပုဒ်မ ၅၉ (စ) ပါ စကားရပ်တွေကို ထပ်မံတိုးချဲ့ပြင်ဆင် ဖို့ တင်သွင်းလာတဲ့ကိစ္စမှာ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉဏစိုးက ဒီလိုဥပဒေမျိုးဟာမြန်မာပြည်က ဖွဲ့စည်းပုံအခြေခံဥပဒေတွေဖြစ်တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ တစ်ပါတီအာဏာရှင်စနစ် ထူထောင်ခဲ့တဲ့ ၁၉၇၄ ခုနှစ် ဥပဒေမှာပါ မပါရှိခဲ့ဘူးလို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ သူ့ပြောဆိုချက်က ရှင်းရှင်းလေးပါပဲ။

မြန်မာနိုင်ငံမှာ မဆလတစ်ပါတီ အာဏာရှင်စနစ်ကို တည်ဆောက်ခဲ့တဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်တဲ့အခါ နိုင်ငံတော် အခန်းကစလို့ အထွေထွေပြဋ္ဌာန်းချက်များအထိ အခန်း(၁၆) ခန်းပါဝင်ပါ တယ်။ နိုင်ငံတော်အကြီးအကဲဆိုတဲ့ အခန်းတော့ မတွေ့ရပါဘူး။

အခန်း (၅) နိုင်ငံတော်ကောင်စီ ကဏ္ဍ ပုဒ်မ ၆၄ မှာ ပြည်သူ့လွှတ် တော်သည် နိုင်ငံတော်ကောင်စီကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ထဲမှအောက်ပါပုဂ်္ဂိုလ်များဖြင့် ရွေးချယ် တင်မြှောက်ဖွဲ့စည်းရမည် –
(က) ပြည်နယ်နှင့်တိုင်း တစ်ခုစီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ က မိမိတို့အထဲမှ တစ်ဦးကျစီ ရွေးချယ် တင်​မြှောက်​​သော ကိုယ်စားလှယ်များ (ခ) ပုဒ်မခွဲ(က)အရ ရွေးချယ်တင်​​မြှောက်​​သော ကိုယ်စားလှယ်ဦးရေနှင့် ညီမျှသည့်အရေအတွက်ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက မိမိ တို့အထဲမှ ရွေးချယ်တင်​​မြှောက်​​သော ကိုယ်စားလှယ်များလို့ ပြဋ္ဌာန်းထားပါ တယ်။ ပြီးတော့ ပုဒ်မ ၆၅ မှာတော့ ပုဒ်မ(၆၄) ပုဒ်မခွဲ(က)နှင့် (ခ)တို့အရ ရွေးချယ်တင်​မြှောက်​ထားသော နိုင်ငံ တော်ကောင်စီဝင်များသည် မိမိတို့ အထဲမှ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌတစ် ဦး၊ ဒုတိယဥက္ကဋ္ဌတစ်ဦးနှင့် အတွင်း ရေးမှူးတစ်ဦးကို ရွေးချယ်တင်​မြှောက်​၍ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် ကို ရယူရမည်လို့ ပြဌာန်းထားတာကို တွေ့ရပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ အရည်အချင်းကို သတ်မှတ် ပြဋ္ဌာန်းထားတာ မတွေ့ရပါဘူး။ ဒါ ပေမဲ့ မိမိတို့အထဲမှ ဆိုတဲ့ စကားလုံးကိုတော့ သုံးကြိမ်သုံးခါတိတိ သုံးစွဲထား တာကိုတော့ မြင်တွေ့ဖတ်မှတ်မိရပါ တယ်။

အဲဒီနောက် ပုဒ်မ ၆၂ (က)မှာ တော့ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတဖြစ်သည်လို့ ရေး ထားတာကို တွေ့ရပါတယ်။ အဲဒီမှာ လည်း နိုင်ငံတော်သမ္မတ၏ အရည် အချင်း ကန့်သတ်ချက်များဆိုတာကို မတွေ့ရပါဘူး။ အခန်း(၁၁) နိုင်ငံသား များ၏ မူလအခွင့်အရေးနှင့် တာဝန် များ အခန်းကျမှ ပုဒ်မ ၁၄၅(က) မှာ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘ နှစ်ပါးမှ မွေးဖွားသူ အားလုံးသည် နိုင်ငံသားများဖြစ်သည်။ (ခ) ဤဖွဲ့ စည်းပုံ အခြေခံဥပဒေအတည်ပြုပြဋ္ဌာန်း သည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ် ပြီးသူများသည်လည်း နိုင်ငံသားများ ဖြစ်သည်။ ပုဒ်မ (၁၄၆)မှာ နိုင်ငံသား ဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံ သားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေ ဖြင့် ပြဋ္ဌာန်းသည့်အတိုင်းဖြစ်စေရမည် လို့ ပြဌာန်းထားတာကို တွေ့ရပါတယ်။ အဲဒီနောက် ပုဒ်မ ၁၅၅ မှာ – နိုင်ငံ သားတိုင်း၌ (က)ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့် ကျင်လျှင် ပြည်သူ့လွှတ်တော်နှင့် ပြည် သူ့ကောင်စီအဆင့်ဆင့်သို့ ဆန္ဒမဲပေး ပိုင်ခွင့်နှင့် ရွေးချယ်တင်​မြှောက်​ခံပိုင်ခွင့် တူညီစွာရရှိသည်။ (ခ)ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့် ဆင့်သို့ ပြည်သူ့ကိုယ်စားလှယ် ရွေး ချယ်တင်​​မြှောက်​နိုင်ရေးအတွက် ပြည် သူ့ကိုယ်စားလှယ်လောင်း အမည် စာရင်းကို ဥပဒေအရ တင်သွင်းနိုင်ခွင့် ရှိသည်။ (ဂ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ ရွေး ချယ်တင်​မြှောက်​ခြင်းခံရသော ပြည် သူ့ကိုယ်စားလှယ်များကို ဥပဒေနှင့် အညီတာဝန်မှ ပြန်လည်ရုပ်သိမ်းပိုင်ခွင့် ရှိသည်လို့ ပြဋ္ဌာန်းထားတာကို တွေ့ရ ပါတယ်။ အဲဒီအတွက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ၂၀ဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေက ပုဒ်မ၅၉(စ)လို ပုဒ်မမျိုးမပါခဲ့ဘူးဆိုတာ ရှင်းပါတယ်။

နောက်တစ်ခါ ဒီလိုဥပဒေမျိုးကို ပြဋ္ဌာန်းခဲ့ဖူးတယ်လို့ ပုဒ်မ ၅၉(စ)ကို ဆုပ်ကိုင်ထားလိုသူတွေက မကြာခဏ ရည်ညွှန်းကိုးကား ပြောဆိုကြတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရဲ့ အခန်း(၅) နိုင်ငံတော်သမ္မတ ကဏ္ဍ၊ ပုဒ်မ၄၉(က) မှာ ပြဋ္ဌာန်းထား တာကတော့ မိမိကိုယ်တိုင်သော်လည်း ကောင်း မိမိ၏ မိဘနှစ်ပါးသော် လည်းကောင်း ပြည်ထောင်စုနိုင်ငံ၏ ပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည် ထောင်စု နိုင်ငံသားလည်းဖြစ်သော၊ ထို့ပြင် (ခ) ပါလီမန်အမတ်အဖြစ် ရွေး ကောက်တင်​​မြှောက်​ခြင်း ခံနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်း ဖြစ်သော ပုဂ်္ဂိုလ်မျိုးမဟုတ်လျှင် မည်သူမျှ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်ခံပိုင်ခွင့်မရှိစေရလို့ ပြဋ္ဌာန်း ထားချက်ကို တွေ့ရပါတယ်။ အဲဒီအတွက် ပါလီမန်အမတ်အဖြစ် ရွေး ကောက်တင်​မြှောက်​ခံပိုင်ခွင့် အရည်အ ချင်း ကန့်သတ်ချက်ကို ထပ်ရှာကြည့် တဲ့အခါ အခန်း(၆)ပါလီမန် အပိုင်း (၁) အရပ်ရပ်ဆိုင်ရာ၊ ပုဒ်မ၇၄ (၁)ကို တွေ့ရပါတယ်။ အဲဒီမှာ ရေးသားပြဋ္ဌာန်း ထားတာက အောက်ပါပုဂ္ဂိုလ်​​များအား လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ် ရွေးချယ်ခြင်းခံရရန်လည်းကောင်း။ လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ် မဲထည့်စေရန်လည်းကောင်း၊ ခွင့်မပြုရ။ (က)နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ်္စာ တော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ နိုင်ငံသားသော် လည်းကောင်း၊ ခံစားရသော အခွင့် အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊ သို့တည်းမဟုတ်လို့ တွေ့ရပါတယ်။ (ပုဒ်မ ၄၉(က)၊ (ခ) နဲ့ ပုဒ်မ ၇၄(၁) နဲ့ဆက်စပ်ပြီးဖတ်ကြည့်မှ ၁၉၄၇ ခုနှစ် အခြေခံဥပဒေက နိုင်ငံ တော်သမ္မတရဲ့ အရည်အချင်း ကန့် သတ်ချက်ကို သိနိုင်မှာဖြစ်ပါတယ်။)

အဲဒီတော့ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေ တွေအနက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံတော်သမ္မတရဲ့ အရည်အချင်းကို သီးခြားမသတ်မှတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရည်အချင်း ကိုသာ သတ်မှတ်ထားခဲ့တယ်ဆိုတာကို တွေ့ရပြီး ၁၉၄၇ခုနှစ် အခြေခံဥပဒေ နဲ့ ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေတို့မှာတော့ နိုင်ငံတော်သမ်္မတရဲ့ အရည်အချင်းကို ကန့်သတ်တဲ့ ဥပဒေတို့ကို ပြဋ္ဌာန်းခဲ့ တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။
အဲဒီလိုသမ္မတအတွက် အရည်အချင်း ကန့်သတ်ချက်တွေပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ နှစ်ရပ်ကို ပြန်နှိုင်းယှဉ်ကြည့်ရင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မ ၇၄(၁)ဟာ သမ္မတအဖြစ် ရွေးကောက်ခံ ပိုင်ခွင့် အရည်အချင်းကို သမ္မတလုပ် မယ့်သူ ကိုယ်တိုင်အပေါ်မှာသာ အရည် အချင်း ကန့်သတ်ထားခဲ့တာဖြစ်ပြီး ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)ကတော့ သမ္မတအရည် အချင်းကို သမ္မတမလုပ်မယ့် ပတ်သက် ရာပတ်သက်ကြောင်း လူပုဂ်္ဂိုလ်တွေ အပေါ်မှာပါ လိုက်ပြီးကန့်သတ်ထား တာဖြစ်တယ်ဆိုတာ မြင်တွေ့ရပါတယ်။

ချုပ်ပြီးဆိုရရင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅၉(စ)နဲ့ အခုပုဒ်မ ၂၃၂(က) အပိုဒ်ခွဲ (၅)၊ ပုဒ်မ ၂၆၁(က) အပိုဒ်ခွဲ(၅) ဆို ပြီး ထပ်တိုးပြဋ္ဌာန်းဖို့လုပ်လာတဲ့ “မိမိ ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထို တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း” ဆိုတဲ့ စကားလုံး စကားရပ်တွေဟာ မြန်မာပြည်မှာ ပြဋ္ဌာန်းခဲ့ဖူးတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ ဘယ်စာအုပ်မှာမှ မပါ ပါဘူး။ အထူးသဖြင့်တော့ တချို့တချို့ လူတွေ ကိုးကားပြောဆိုကြတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လုံးဝ လုံးဝမပါခဲ့ပါဘူး။ အဲဒါကို အရင်က လည်း ဒီလိုဥပဒေမျိုး ပြဋ္ဌာန်းခဲ့ဖူးပါ တယ်လို့ဆိုလာရင် ဒါဟာ ကျား-ကျား မီးယပ်လုပ်တာပဲ ဖြစ်ပါလိမ့်မယ်။

၈၈ အရေးတော်ပုံ မတိုင်မီကာလ က ရန်ကုန်မြို့မှာ ဟီးနိုးတို့၊ ချက်ဗလက် တို့ဆိုတဲ့ ဘတ်စ်ကားကြီးတွေ ပြေးဆွဲ ခဲ့တာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီအချိန်က စာရေးသူက ကြည့်မြင် တိုင်မှာနေပါတယ်။ ကြည့်မြင်တိုင် ကမ်းနားလမ်းမှာက အမှတ်(၃၂)ယာဉ် လိုင်းပြေးဆွဲပါတယ်။ နတ်စင်လမ်းမှာ ဂိတ်ဆုံးပါတယ်။ အောက်ကြည့်မြင့် တိုင်လမ်းမှာတော့ (၃၃)ကားတွေ ပြေး ဆွဲပါတယ်။ ပန်းပင်ကြီးလမ်းမှာ ဂိတ် ထိုးပါတယ်။ စာရေးသူပြောပြချင်တာ က အဲဒီ ၃၂၊ ၃၃ လိုင်းတွေမှာ ပြေးဆွဲ ခဲ့ကြတဲ့ ချက်ဗလက်ဗိုက်ပူဆိုတဲ့ ကား ကြီးတွေ အကြောင်းပါ။

ချက်ဗလက်ကားဆိုတာက အမေ ရိကန်က ထုတ်လုပ်တဲ့ကားတွေပါ။ ဒါပေမဲ့ အဲဒီဗိုက်ပူကားကြီးတွေမှာ ကားရဲ့ ကိုယ်ထည်ဟာ ရန်ကုန်၊ စမ်း ချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း လို နေရာမျိုးမှာ သစ်သားနဲ့ပြန်ဘောင် ခွေပြီး အပေါ်က သံပြားအုပ်ရိုက်ထား တာပါ။ မိုးတွင်းဆိုရင် အမိုးကရေတွေ တောက်တောက်ကျလို့ ကားထဲမှာ ထီး ဆောင်းရတဲ့အဖြစ်တွေ ရှိခဲ့ဖူးပါတယ်။ ဘော်ဒီဆေးက နတ်စင်လမ်းမှာ မှုတ် ပါတယ်။ ဂီယာအုံက ဂီယာတွေနဲ့ အင် ဂျင်ထဲက ကလီစာတွေက မူရင်းအ တိုင်းမရှိတော့ပါဘူး။ အပိုပစ္စည်းလည်း မှာယူ တင်သွင်းတယ်ဆိုတာတွေမရှိ၊ ပုဇွန်တောင် ကြက်တန်းက တွင်ခုံတွေ မှာတွင် ပြန်ခုတ်ပြီး ထည့်ထားတာတွေ ပါ။ ဂီယာကို တုတ်နဲ့ထောက်ပြီးမောင်း နေတဲ့ ကားကြီးတွေအများစုမှာ ချက် ဗလက် မော်တော်ကားစက်ရုံက ထုတ် လုပ်လိုက်တဲ့ မူရင်းပစ္စည်းဆိုလို့ အောက်ခံ သံဘောင်ဖရိန်ပဲ ရှိပါလိမ့်မယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လည်း ဒီလိုပဲဖြစ်နေမလားလို့ ထင်မိ ပါတယ်။ အရင်ကလည်း ဒီဥပဒေမျိုး ပြဋ္ဌာန်းခဲ့ဖူးပါတယ်လို့ ပြောပြောနေ ကြတဲ့ ၁၉၄၇ ခုနှစ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၄(၁)မှာ ပြဋ္ဌာန်းခဲ့တာက သမ္မတလောင်းကိုယ်တိုင်ကိုသာ ကန့် သတ်ခဲ့ခြင်းဖြစ်ပြီး အခုပြဋ္ဌာန်းထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပုဒ်မ ၅၉(စ)နဲ့အခုထပ်တိုးချဲ့ပြဋ္ဌာန်းဖို့ အဆို ပြုလာတဲ့ ပုဒ်မ ၂၃၂(က)-၅၊ ပုဒ်မ ၂၆၁(က)- ၅ ဆိုတာတွေမှာက သမ္မတ လောင်းကိုယ်တိုင်သာ မဟုတ်တော့ ဘဲနဲ့ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ သမက်၊ ချွေးမဆိုတာတွေ တပြုံတမကြီး ထပ် ဖြည့်တာဟာဖြင့် ၃၃ ဗိုက်ပူကြီးတွေ၊ ၃၂ ဗိုက်ပူကြီးတွေလိုတော့ ဖြစ်နေပြီ။ ချက်ဗလက်တော့ ချက်ဗလက်ပါပဲ။ ဒါပေမဲ့ မုန့်လက်ဆောင်းကုန်း၊ ပုဇွန် တောင် ကြက်တန်းချက်ဗလက်ဆိုတာ လို ဖြစ်နေပါပြီလို့သာ ဆိုရတော့မလို ပါပဲဗျာ။
ထင်လင်းဦး(Wisdom Villa)

ထင္လင္းဦး(Wisdom Villa)

(Union Code Vision)

ဒီလမ်းအယ်ဒီတာ့ပေးချက်
————————–
“ပုဇွန်တောင်ကြက်တန်း ချက်ဗလက်”

‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ . . . ထပ်တိုးပြဌာန်းဖို့ လုပ်လာတဲ့ . . .
စကားလုံး၊ စကားရပ်တွေဟာ မြန်မာပြည်မှာ
ပြဌာန်းခဲ့ဖူးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်စာအုပ်မှာမှမပါ . . . အဲဒါကို အရင်ကလည်း ဒီလိုဥပဒေမျိုး ပြဌာန်းခဲ့ဖူးပါတယ်လို့ ဆိုလာရင် ဒါဟာ ကျား-ကျား မီးယပ်လုပ်တာပဲဖြစ် . . .’

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အဆိုတစ်ခုကို တင်သွင်းလာခဲ့ကြောင်း ကြားသိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ(က)ရဲ့ အပိုဒ်ခွဲ (၅)အဖြစ်နဲ့ “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့် အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဆိုတဲ့ စကားရပ်များကို ထပ်မံဖြည့်စွက်ဖို့၊ ပြီးတော့ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(က) ရဲ့အပိုဒ် (၅) အဖြစ်နဲ့လည်း ထို့အတူပဲ ထပ်မံဖြည့်စွက်ဖို့ဆိုပြီး တင်သွင်းလာတာပါ။

အဲဒီလို ထပ်မံဖြည့်စွက်လိုတယ် ဆိုပြီး တင်သွင်းလာတဲ့ အချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း(၃) နိုင်ငံတော်အကြီးအကဲ ကဏ္ဍက ပုဒ်မ ၅၉(စ)ကို မိတ္တကူးလာတဲ့ စကားရပ် တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ စာရေးသူအနေနဲ့ကတော့ အဲဒီပုဒ်မ ၅၉(စ)ဆိုတာက ဒေါ်အောင်ဆန်းစု ကြည် သမ္မတမဖြစ်ရလို့ အမည်တပ် ရေးမထားရုံတမည် ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တစ်ရပ်လို့ သတ်မှတ်ထား ပါတယ်။ ဒီအကြောင်းကိုလည်း “၅၉ (စ) သို့မဟုတ် အဂတိလေးပါးဖြင့် စိုက်ပျိုး ခဲ့သောအပင်”ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ကို ရေးသားခဲ့ဖူးပါတယ်။
ဒီဥပဒေဟာ လူပုဂ္ဂိုလ်တစ် ယောက်ကို အသေအချာရည်ညွှန်းပြီး ရေးဆွဲစေခဲ့၊ ပြဋ္ဌာန်းစေခဲ့တဲ့ ဥပဒေ လို့ပြောရင် တချို့တွေက ဆတ်ဆတ် ခါကြပါတယ်။ မဟုတ်ပါဘူး တွင်တွင် ငြင်းကြပါတယ်။ တချို့တွေကလည်း ဒီဥပဒေဟာ ဗိုလ်ချုပ်အောင်ဆန်းကိုယ် တိုင် မူဝါဒချမှတ် ရေးဆွဲစေခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မှာလည်း ထည့်သွင်းရေးဆွဲပြဋ္ဌာန်းခဲ့ သယောင်ယောင် ပြောကြတာတွေကို ကြားခဲ့ရဖူးပါတယ်။ အဲဒီတုန်းက လည်း ဒီ ၅၉(စ) လို ဥပဒေဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါ ကြောင်း ဟောပြောပွဲတွေမှာ ထည့် ဟောပြောခဲ့ရ၊ ဂျာနယ်တွေမှာဆောင်း ပါးတွေ ရေးခဲ့ရပါသေးတယ်။

၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အချက်(၇)ချက် ပါဝင်တဲ့ အဆိုတစ်ရပ်ကို တင်သွင်းခဲ့ပြီးတော့ တိုင်းပြုပြည်ပြုလွှတ်တော်က တစ်ခဲ နက် ထောက်ခံအတည်ပြုခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဇွန် ၁၈ ရက်နေ့မှာ အဖွဲ့ ဝင် ၇၅ ဦး ပါဝင်တဲ့ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း ကော် မတီနဲ့ ဆပ်ကော်မတီများကို ဖွဲ့စည်းခဲ့ ပြီး ရေးဆွဲစေခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ အဲဒီပုဒ်မ ၅၉(စ)လို ဇနီး၊ ခင်ပွန်း၊ သားသမီး၊ သမက်ချွေးမ စတာတွေကိုပါ လိုက်ပြီး ကန့်သတ်တဲ့ ဥပဒေပုဒ်မ ဘယ်နေရာ မှာမှ မပါခဲ့ပါဘူး။

အခုလည်း လွှတ်တော်ထဲမှာ ပုဒ်မ ၂၃၂(က) အပိုဒ်ခွဲ(၅)နဲ့ ပုဒ်မ ၂၆၁(က) ပုဒ်မခွဲ(၅)အဖြစ် ပုဒ်မ ၅၉ (စ) ပါ စကားရပ်တွေကို ထပ်မံတိုးချဲ့ပြင်ဆင် ဖို့ တင်သွင်းလာတဲ့ကိစ္စမှာ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉဏစိုးက ဒီလိုဥပဒေမျိုးဟာမြန်မာပြည်က ဖွဲ့စည်းပုံအခြေခံဥပဒေတွေဖြစ်တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ တစ်ပါတီအာဏာရှင်စနစ် ထူထောင်ခဲ့တဲ့ ၁၉၇၄ ခုနှစ် ဥပဒေမှာပါ မပါရှိခဲ့ဘူးလို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ သူ့ပြောဆိုချက်က ရှင်းရှင်းလေးပါပဲ။

မြန်မာနိုင်ငံမှာ မဆလတစ်ပါတီ အာဏာရှင်စနစ်ကို တည်ဆောက်ခဲ့တဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်တဲ့အခါ နိုင်ငံတော် အခန်းကစလို့ အထွေထွေပြဋ္ဌာန်းချက်များအထိ အခန်း(၁၆) ခန်းပါဝင်ပါ တယ်။ နိုင်ငံတော်အကြီးအကဲဆိုတဲ့ အခန်းတော့ မတွေ့ရပါဘူး။

အခန်း (၅) နိုင်ငံတော်ကောင်စီ ကဏ္ဍ ပုဒ်မ ၆၄ မှာ ပြည်သူ့လွှတ် တော်သည် နိုင်ငံတော်ကောင်စီကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ထဲမှအောက်ပါပုဂ်္ဂိုလ်များဖြင့် ရွေးချယ် တင်မြှောက်ဖွဲ့စည်းရမည် –
(က) ပြည်နယ်နှင့်တိုင်း တစ်ခုစီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ က မိမိတို့အထဲမှ တစ်ဦးကျစီ ရွေးချယ် တင်မြှောက်သော ကိုယ်စားလှယ်များ (ခ) ပုဒ်မခွဲ(က)အရ ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်ဦးရေနှင့် ညီမျှသည့်အရေအတွက်ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက မိမိ တို့အထဲမှ ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်များလို့ ပြဋ္ဌာန်းထားပါ တယ်။ ပြီးတော့ ပုဒ်မ ၆၅ မှာတော့ ပုဒ်မ(၆၄) ပုဒ်မခွဲ(က)နှင့် (ခ)တို့အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံ တော်ကောင်စီဝင်များသည် မိမိတို့ အထဲမှ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌတစ် ဦး၊ ဒုတိယဥက္ကဋ္ဌတစ်ဦးနှင့် အတွင်း ရေးမှူးတစ်ဦးကို ရွေးချယ်တင်မြှောက်၍ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် ကို ရယူရမည်လို့ ပြဌာန်းထားတာကို တွေ့ရပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ အရည်အချင်းကို သတ်မှတ် ပြဋ္ဌာန်းထားတာ မတွေ့ရပါဘူး။ ဒါ ပေမဲ့ မိမိတို့အထဲမှ ဆိုတဲ့ စကားလုံးကိုတော့ သုံးကြိမ်သုံးခါတိတိ သုံးစွဲထား တာကိုတော့ မြင်တွေ့ဖတ်မှတ်မိရပါ တယ်။

အဲဒီနောက် ပုဒ်မ ၆၂ (က)မှာ တော့ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတဖြစ်သည်လို့ ရေး ထားတာကို တွေ့ရပါတယ်။ အဲဒီမှာ လည်း နိုင်ငံတော်သမ္မတ၏ အရည် အချင်း ကန့်သတ်ချက်များဆိုတာကို မတွေ့ရပါဘူး။ အခန်း(၁၁) နိုင်ငံသား များ၏ မူလအခွင့်အရေးနှင့် တာဝန် များ အခန်းကျမှ ပုဒ်မ ၁၄၅(က) မှာ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘ နှစ်ပါးမှ မွေးဖွားသူ အားလုံးသည် နိုင်ငံသားများဖြစ်သည်။ (ခ) ဤဖွဲ့ စည်းပုံ အခြေခံဥပဒေအတည်ပြုပြဋ္ဌာန်း သည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ် ပြီးသူများသည်လည်း နိုင်ငံသားများ ဖြစ်သည်။ ပုဒ်မ (၁၄၆)မှာ နိုင်ငံသား ဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံ သားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေ ဖြင့် ပြဋ္ဌာန်းသည့်အတိုင်းဖြစ်စေရမည် လို့ ပြဌာန်းထားတာကို တွေ့ရပါတယ်။ အဲဒီနောက် ပုဒ်မ ၁၅၅ မှာ – နိုင်ငံ သားတိုင်း၌ (က)ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့် ကျင်လျှင် ပြည်သူ့လွှတ်တော်နှင့် ပြည် သူ့ကောင်စီအဆင့်ဆင့်သို့ ဆန္ဒမဲပေး ပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် တူညီစွာရရှိသည်။ (ခ)ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့် ဆင့်သို့ ပြည်သူ့ကိုယ်စားလှယ် ရွေး ချယ်တင်မြှောက်နိုင်ရေးအတွက် ပြည် သူ့ကိုယ်စားလှယ်လောင်း အမည် စာရင်းကို ဥပဒေအရ တင်သွင်းနိုင်ခွင့် ရှိသည်။ (ဂ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ ရွေး ချယ်တင်မြှောက်ခြင်းခံရသော ပြည် သူ့ကိုယ်စားလှယ်များကို ဥပဒေနှင့် အညီတာဝန်မှ ပြန်လည်ရုပ်သိမ်းပိုင်ခွင့် ရှိသည်လို့ ပြဋ္ဌာန်းထားတာကို တွေ့ရ ပါတယ်။ အဲဒီအတွက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေက ပုဒ်မ၅၉(စ)လို ပုဒ်မမျိုးမပါခဲ့ဘူးဆိုတာ ရှင်းပါတယ်။
နောက်တစ်ခါ ဒီလိုဥပဒေမျိုးကို ပြဋ္ဌာန်းခဲ့ဖူးတယ်လို့ ပုဒ်မ ၅၉(စ)ကို ဆုပ်ကိုင်ထားလိုသူတွေက မကြာခဏ ရည်ညွှန်းကိုးကား ပြောဆိုကြတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရဲ့ အခန်း(၅) နိုင်ငံတော်သမ္မတ ကဏ္ဍ၊ ပုဒ်မ၄၉(က) မှာ ပြဋ္ဌာန်းထား တာကတော့ မိမိကိုယ်တိုင်သော်လည်း ကောင်း မိမိ၏ မိဘနှစ်ပါးသော် လည်းကောင်း ပြည်ထောင်စုနိုင်ငံ၏ ပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည် ထောင်စု နိုင်ငံသားလည်းဖြစ်သော၊ ထို့ပြင် (ခ) ပါလီမန်အမတ်အဖြစ် ရွေး ကောက်တင်မြှောက်ခြင်း ခံနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်း ဖြစ်သော ပုဂ်္ဂိုလ်မျိုးမဟုတ်လျှင် မည်သူမျှ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်ခံပိုင်ခွင့်မရှိစေရလို့ ပြဋ္ဌာန်း ထားချက်ကို တွေ့ရပါတယ်။ အဲဒီအတွက် ပါလီမန်အမတ်အဖြစ် ရွေး ကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အ ချင်း ကန့်သတ်ချက်ကို ထပ်ရှာကြည့် တဲ့အခါ အခန်း(၆)ပါလီမန် အပိုင်း (၁) အရပ်ရပ်ဆိုင်ရာ၊ ပုဒ်မ၇၄ (၁)ကို တွေ့ရပါတယ်။ အဲဒီမှာ ရေးသားပြဋ္ဌာန်း ထားတာက အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ် ရွေးချယ်ခြင်းခံရရန်လည်းကောင်း။ လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ် မဲထည့်စေရန်လည်းကောင်း၊ ခွင့်မပြုရ။ (က)နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ်္စာ တော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ နိုင်ငံသားသော် လည်းကောင်း၊ ခံစားရသော အခွင့် အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊ သို့တည်းမဟုတ်လို့ တွေ့ရပါတယ်။ (ပုဒ်မ ၄၉(က)၊ (ခ) နဲ့ ပုဒ်မ ၇၄(၁) နဲ့ဆက်စပ်ပြီးဖတ်ကြည့်မှ ၁၉၄၇ ခုနှစ် အခြေခံဥပဒေက နိုင်ငံ တော်သမ္မတရဲ့ အရည်အချင်း ကန့် သတ်ချက်ကို သိနိုင်မှာဖြစ်ပါတယ်။)

အဲဒီတော့ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေ တွေအနက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံတော်သမ္မတရဲ့ အရည်အချင်းကို သီးခြားမသတ်မှတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရည်အချင်း ကိုသာ သတ်မှတ်ထားခဲ့တယ်ဆိုတာကို တွေ့ရပြီး ၁၉၄၇ခုနှစ် အခြေခံဥပဒေ နဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတို့မှာတော့ နိုင်ငံတော်သမ်္မတရဲ့ အရည်အချင်းကို ကန့်သတ်တဲ့ ဥပဒေတို့ကို ပြဋ္ဌာန်းခဲ့ တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။
အဲဒီလိုသမ္မတအတွက် အရည်အချင်း ကန့်သတ်ချက်တွေပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ နှစ်ရပ်ကို ပြန်နှိုင်းယှဉ်ကြည့်ရင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မ ၇၄(၁)ဟာ သမ္မတအဖြစ် ရွေးကောက်ခံ ပိုင်ခွင့် အရည်အချင်းကို သမ္မတလုပ် မယ့်သူ ကိုယ်တိုင်အပေါ်မှာသာ အရည် အချင်း ကန့်သတ်ထားခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)ကတော့ သမ္မတအရည် အချင်းကို သမ္မတမလုပ်မယ့် ပတ်သက် ရာပတ်သက်ကြောင်း လူပုဂ်္ဂိုလ်တွေ အပေါ်မှာပါ လိုက်ပြီးကန့်သတ်ထား တာဖြစ်တယ်ဆိုတာ မြင်တွေ့ရပါတယ်။

ချုပ်ပြီးဆိုရရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅၉(စ)နဲ့ အခုပုဒ်မ ၂၃၂(က) အပိုဒ်ခွဲ (၅)၊ ပုဒ်မ ၂၆၁(က) အပိုဒ်ခွဲ(၅) ဆို ပြီး ထပ်တိုးပြဋ္ဌာန်းဖို့လုပ်လာတဲ့ “မိမိ ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထို တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း” ဆိုတဲ့ စကားလုံး စကားရပ်တွေဟာ မြန်မာပြည်မှာ ပြဋ္ဌာန်းခဲ့ဖူးတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ ဘယ်စာအုပ်မှာမှ မပါ ပါဘူး။ အထူးသဖြင့်တော့ တချို့တချို့ လူတွေ ကိုးကားပြောဆိုကြတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လုံး၀ လုံးဝမပါခဲ့ပါဘူး။ အဲဒါကို အရင်က လည်း ဒီလိုဥပဒေမျိုး ပြဋ္ဌာန်းခဲ့ဖူးပါ တယ်လို့ဆိုလာရင် ဒါဟာ ကျား-ကျား မီးယပ်လုပ်တာပဲ ဖြစ်ပါလိမ့်မယ်။

၈၈ အရေးတော်ပုံ မတိုင်မီကာလ က ရန်ကုန်မြို့မှာ ဟီးနိုးတို့၊ ချက်ဗလက် တို့ဆိုတဲ့ ဘတ်စ်ကားကြီးတွေ ပြေးဆွဲ ခဲ့တာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီအချိန်က စာရေးသူက ကြည့်မြင် တိုင်မှာနေပါတယ်။ ကြည့်မြင်တိုင် ကမ်းနားလမ်းမှာက အမှတ်(၃၂)ယာဉ် လိုင်းပြေးဆွဲပါတယ်။ နတ်စင်လမ်းမှာ ဂိတ်ဆုံးပါတယ်။ အောက်ကြည့်မြင့် တိုင်လမ်းမှာတော့ (၃၃)ကားတွေ ပြေး ဆွဲပါတယ်။ ပန်းပင်ကြီးလမ်းမှာ ဂိတ် ထိုးပါတယ်။ စာရေးသူပြောပြချင်တာ က အဲဒီ ၃၂၊ ၃၃ လိုင်းတွေမှာ ပြေးဆွဲ ခဲ့ကြတဲ့ ချက်ဗလက်ဗိုက်ပူဆိုတဲ့ ကား ကြီးတွေ အကြောင်းပါ။

ချက်ဗလက်ကားဆိုတာက အမေ ရိကန်က ထုတ်လုပ်တဲ့ကားတွေပါ။ ဒါပေမဲ့ အဲဒီဗိုက်ပူကားကြီးတွေမှာ ကားရဲ့ ကိုယ်ထည်ဟာ ရန်ကုန်၊ စမ်း ချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း လို နေရာမျိုးမှာ သစ်သားနဲ့ပြန်ဘောင် ခွေပြီး အပေါ်က သံပြားအုပ်ရိုက်ထား တာပါ။ မိုးတွင်းဆိုရင် အမိုးကရေတွေ တောက်တောက်ကျလို့ ကားထဲမှာ ထီး ဆောင်းရတဲ့အဖြစ်တွေ ရှိခဲ့ဖူးပါတယ်။ ဘော်ဒီဆေးက နတ်စင်လမ်းမှာ မှုတ် ပါတယ်။ ဂီယာအုံက ဂီယာတွေနဲ့ အင် ဂျင်ထဲက ကလီစာတွေက မူရင်းအ တိုင်းမရှိတော့ပါဘူး။ အပိုပစ္စည်းလည်း မှာယူ တင်သွင်းတယ်ဆိုတာတွေမရှိ၊ ပုဇွန်တောင် ကြက်တန်းက တွင်ခုံတွေ မှာတွင် ပြန်ခုတ်ပြီး ထည့်ထားတာတွေ ပါ။ ဂီယာကို တုတ်နဲ့ထောက်ပြီးမောင်း နေတဲ့ ကားကြီးတွေအများစုမှာ ချက် ဗလက် မော်တော်ကားစက်ရုံက ထုတ် လုပ်လိုက်တဲ့ မူရင်းပစ္စည်းဆိုလို့ အောက်ခံ သံဘောင်ဖရိန်ပဲ ရှိပါလိမ့်မယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လည်း ဒီလိုပဲဖြစ်နေမလားလို့ ထင်မိ ပါတယ်။ အရင်ကလည်း ဒီဥပဒေမျိုး ပြဋ္ဌာန်းခဲ့ဖူးပါတယ်လို့ ပြောပြောနေ ကြတဲ့ ၁၉၄၇ ခုနှစ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၄(၁)မှာ ပြဋ္ဌာန်းခဲ့တာက သမ္မတလောင်းကိုယ်တိုင်ကိုသာ ကန့် သတ်ခဲ့ခြင်းဖြစ်ပြီး အခုပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပုဒ်မ ၅၉(စ)နဲ့အခုထပ်တိုးချဲ့ပြဋ္ဌာန်းဖို့ အဆို ပြုလာတဲ့ ပုဒ်မ ၂၃၂(က)-၅၊ ပုဒ်မ ၂၆၁(က)- ၅ ဆိုတာတွေမှာက သမ္မတ လောင်းကိုယ်တိုင်သာ မဟုတ်တော့ ဘဲနဲ့ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ သမက်၊ ချွေးမဆိုတာတွေ တပြုံတမကြီး ထပ် ဖြည့်တာဟာဖြင့် ၃၃ ဗိုက်ပူကြီးတွေ၊ ၃၂ ဗိုက်ပူကြီးတွေလိုတော့ ဖြစ်နေပြီ။ ချက်ဗလက်တော့ ချက်ဗလက်ပါပဲ။ ဒါပေမဲ့ မုန့်လက်ဆောင်းကုန်း၊ ပုဇွန် တောင် ကြက်တန်းချက်ဗလက်ဆိုတာ လို ဖြစ်နေပါပြီလို့သာ ဆိုရတော့မလို ပါပဲဗျာ။

ထင်လင်းဦး(Wisdom Villa)

ကို ပြဋ္ဌာန်းခဲ့ဖူးတယ်လို့ ပုဒ်မ ၅၉(စ)ကို ဆုပ်ကိုင်ထားလိုသူတွေက မကြာခဏ ရည်ညွှန်းကိုးကား ပြောဆိုကြတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရဲ့ အခန်း(၅) နိုင်ငံတော်သမ္မတ ကဏ္ဍ၊ ပုဒ်မ၄၉(က) မှာ ပြဋ္ဌာန်းထား တာကတော့ မိမိကိုယ်တိုင်သော်လည်း ကောင်း မိမိ၏ မိဘနှစ်ပါးသော် လည်းကောင်း ပြည်ထောင်စုနိုင်ငံ၏ ပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည် ထောင်စု နိုင်ငံသားလည်းဖြစ်သော၊ ထို့ပြင် (ခ) ပါလီမန်အမတ်အဖြစ် ရွေး ကောက်တင်မြှောက်ခြင်း ခံနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်း ဖြစ်သော ပုဂ်္ဂိုလ်မျိုးမဟုတ်လျှင် မည်သူမျှ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်ခံပိုင်ခွင့်မရှိစေရလို့ ပြဋ္ဌာန်း ထားချက်ကို တွေ့ရပါတယ်။ အဲဒီအတွက် ပါလီမန်အမတ်အဖြစ် ရွေး ကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အ ချင်း ကန့်သတ်ချက်ကို ထပ်ရှာကြည့် တဲ့အခါ အခန်း(၆)ပါလီမန် အပိုင်း (၁) အရပ်ရပ်ဆိုင်ရာ၊ ပုဒ်မ၇၄ (၁)ကို တွေ့ရပါတယ်။ အဲဒီမှာ ရေးသားပြဋ္ဌာန်း ထားတာက အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ် ရွေးချယ်ခြင်းခံရရန်လည်းကောင်း။ လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ် မဲထည့်စေရန်လည်းကောင်း၊ ခွင့်မပြုရ။ (က)နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ်္စာ တော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ နိုင်ငံသားသော် လည်းကောင်း၊ ခံစားရသော အခွင့် အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊ သို့တည်းမဟုတ်လို့ တွေ့ရပါတယ်။ (ပုဒ်မ ၄၉(က)၊ (ခ) နဲ့ ပုဒ်မ ၇၄(၁) နဲ့ဆက်စပ်ပြီးဖတ်ကြည့်မှ ၁၉၄၇ ခုနှစ် အခြေခံဥပဒေက နိုင်ငံ တော်သမ္မတရဲ့ အရည်အချင်း ကန့် သတ်ချက်ကို သိနိုင်မှာဖြစ်ပါတယ်။)

အဲဒီတော့ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေ တွေအနက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံတော်သမ္မတရဲ့ အရည်အချင်းကို သီးခြားမသတ်မှတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရည်အချင်း ကိုသာ သတ်မှတ်ထားခဲ့တယ်ဆိုတာကို တွေ့ရပြီး ၁၉၄၇ခုနှစ် အခြေခံဥပဒေ နဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတို့မှာတော့ နိုင်ငံတော်သမ်္မတရဲ့ အရည်အချင်းကို ကန့်သတ်တဲ့ ဥပဒေတို့ကို ပြဋ္ဌာန်းခဲ့ တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။
အဲဒီလိုသမ္မတအတွက် အရည်အချင်း ကန့်သတ်ချက်တွေပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ နှစ်ရပ်ကို ပြန်နှိုင်းယှဉ်ကြည့်ရင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မ ၇၄(၁)ဟာ သမ္မတအဖြစ် ရွေးကောက်ခံ ပိုင်ခွင့် အရည်အချင်းကို သမ္မတလုပ် မယ့်သူ ကိုယ်တိုင်အပေါ်မှာသာ အရည် အချင်း ကန့်သတ်ထားခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)ကတော့ သမ္မတအရည် အချင်းကို သမ္မတမလုပ်မယ့် ပတ်သက် ရာပတ်သက်ကြောင်း လူပုဂ်္ဂိုလ်တွေ အပေါ်မှာပါ လိုက်ပြီးကန့်သတ်ထား တာဖြစ်တယ်ဆိုတာ မြင်တွေ့ရပါတယ်။

ချုပ်ပြီးဆိုရရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅၉(စ)နဲ့ အခုပုဒ်မ ၂၃၂(က) အပိုဒ်ခွဲ (၅)၊ ပုဒ်မ ၂၆၁(က) အပိုဒ်ခွဲ(၅) ဆို ပြီး ထပ်တိုးပြဋ္ဌာန်းဖို့လုပ်လာတဲ့ “မိမိ ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထို တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း” ဆိုတဲ့ စကားလုံး စကားရပ်တွေဟာ မြန်မာပြည်မှာ ပြဋ္ဌာန်းခဲ့ဖူးတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ ဘယ်စာအုပ်မှာမှ မပါ ပါဘူး။ အထူးသဖြင့်တော့ တချို့တချို့ လူတွေ ကိုးကားပြောဆိုကြတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လုံး၀ လုံးဝမပါခဲ့ပါဘူး။ အဲဒါကို အရင်က လည်း ဒီလိုဥပဒေမျိုး ပြဋ္ဌာန်းခဲ့ဖူးပါ တယ်လို့ဆိုလာရင် ဒါဟာ ကျား-ကျား မီးယပ်လုပ်တာပဲ ဖြစ်ပါလိမ့်မယ်။

၈၈ အရေးတော်ပုံ မတိုင်မီကာလ က ရန်ကုန်မြို့မှာ ဟီးနိုးတို့၊ ချက်ဗလက် တို့ဆိုတဲ့ ဘတ်စ်ကားကြီးတွေ ပြေးဆွဲ ခဲ့တာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီအချိန်က စာရေးသူက ကြည့်မြင် တိုင်မှာနေပါတယ်။ ကြည့်မြင်တိုင် ကမ်းနားလမ်းမှာက အမှတ်(၃၂)ယာဉ် လိုင်းပြေးဆွဲပါတယ်။ နတ်စင်လမ်းမှာ ဂိတ်ဆုံးပါတယ်။ အောက်ကြည့်မြင့် တိုင်လမ်းမှာတော့ (၃၃)ကားတွေ ပြေး ဆွဲပါတယ်။ ပန်းပင်ကြီးလမ်းမှာ ဂိတ် ထိုးပါတယ်။ စာရေးသူပြောပြချင်တာ က အဲဒီ ၃၂၊ ၃၃ လိုင်းတွေမှာ ပြေးဆွဲ ခဲ့ကြတဲ့ ချက်ဗလက်ဗိုက်ပူဆိုတဲ့ ကား ကြီးတွေ အကြောင်းပါ။

ချက်ဗလက်ကားဆိုတာက အမေ ရိကန်က ထုတ်လုပ်တဲ့ကားတွေပါ။ ဒါပေမဲ့ အဲဒီဗိုက်ပူကားကြီးတွေမှာ ကားရဲ့ ကိုယ်ထည်ဟာ ရန်ကုန်၊ စမ်း ချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း လို နေရာမျိုးမှာ သစ်သားနဲ့ပြန်ဘောင် ခွေပြီး အပေါ်က သံပြားအုပ်ရိုက်ထား တာပါ။ မိုးတွင်းဆိုရင် အမိုးကရေတွေ တောက်တောက်ကျလို့ ကားထဲမှာ ထီး ဆောင်းရတဲ့အဖြစ်တွေ ရှိခဲ့ဖူးပါတယ်။ ဘော်ဒီဆေးက နတ်စင်လမ်းမှာ မှုတ် ပါတယ်။ ဂီယာအုံက ဂီယာတွေနဲ့ အင် ဂျင်ထဲက ကလီစာတွေက မူရင်းအ တိုင်းမရှိတော့ပါဘူး။ အပိုပစ္စည်းလည်း မှာယူ တင်သွင်းတယ်ဆိုတာတွေမရှိ၊ ပုဇွန်တောင် ကြက်တန်းက တွင်ခုံတွေ မှာတွင် ပြန်ခုတ်ပြီး ထည့်ထားတာတွေ ပါ။ ဂီယာကို တုတ်နဲ့ထောက်ပြီးမောင်း နေတဲ့ ကားကြီးတွေအများစုမှာ ချက် ဗလက် မော်တော်ကားစက်ရုံက ထုတ် လုပ်လိုက်တဲ့ မူရင်းပစ္စည်းဆိုလို့ အောက်ခံ သံဘောင်ဖရိန်ပဲ ရှိပါလိမ့်မယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လည်း ဒီလိုပဲဖြစ်နေမလားလို့ ထင်မိ ပါတယ်။ အရင်ကလည်း ဒီဥပဒေမျိုး ပြဋ္ဌာန်းခဲ့ဖူးပါတယ်လို့ ပြောပြောနေ ကြတဲ့ ၁၉၄၇ ခုနှစ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၄(၁)မှာ ပြဋ္ဌာန်းခဲ့တာက သမ္မတလောင်းကိုယ်တိုင်ကိုသာ ကန့် သတ်ခဲ့ခြင်းဖြစ်ပြီး အခုပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပုဒ်မ ၅၉(စ)နဲ့အခုထပ်တိုးချဲ့ပြဋ္ဌာန်းဖို့ အဆို ပြုလာတဲ့ ပုဒ်မ ၂၃၂(က)-၅၊ ပုဒ်မ ၂၆၁(က)- ၅ ဆိုတာတွေမှာက သမ္မတ လောင်းကိုယ်တိုင်သာ မဟုတ်တော့ ဘဲနဲ့ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ သမက်၊ ချွေးမဆိုတာတွေ တပြုံတမကြီး ထပ် ဖြည့်တာဟာဖြင့် ၃၃ ဗိုက်ပူကြီးတွေ၊ ၃၂ ဗိုက်ပူကြီးတွေလိုတော့ ဖြစ်နေပြီ။ ချက်ဗလက်တော့ ချက်ဗလက်ပါပဲ။ ဒါပေမဲ့ မုန့်လက်ဆောင်းကုန်း၊ ပုဇွန် တောင် ကြက်တန်းချက်ဗလက်ဆိုတာ လို ဖြစ်နေပါပြီလို့သာ ဆိုရတော့မလို ပါပဲဗျာ။

ထင်လင်းဦး(Wisdom Villa)

ည်း ဒီလိုပဲဖြစ်နေမလားလို့ ထင်မိ ပါတယ်။ အရင်ကလည်း ဒီဥပဒေမျိုး ပြဋ္ဌာန်းခဲ့ဖူးပါတယ်လို့ ပြောပြောနေ ကြတဲ့ ၁၉၄၇ ခုနှစ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၄(၁)မှာ ပြဋ္ဌာန်းခဲ့တာက သမ္မတလောင်းကိုယ်တိုင်ကိုသာ ကန့် သတ်ခဲ့ခြင်းဖြစ်ပြီး အခုပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပုဒ်မ ၅၉(စ)နဲ့အခုထပ်တိုးချဲ့ပြဋ္ဌာန်းဖို့ အဆို ပြုလာတဲ့ ပုဒ်မ ၂၃၂(က)-၅၊ ပုဒ်မ ၂၆၁(က)- ၅ ဆိုတာတွေမှာက သမ္မတ လောင်းကိုယ်တိုင်သာ မဟုတ်တော့ ဘဲနဲ့ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ သမက်၊ ချွေးမဆိုတာတွေ တပြုံတမကြီး ထပ် ဖြည့်တာဟာဖြင့် ၃၃ ဗိုက်ပူကြီးတွေ၊ ၃၂ ဗိုက်ပူကြီးတွေလိုတော့ ဖြစ်နေပြီ။ ချက်ဗလက်တော့ ချက်ဗလက်ပါပဲ။ ဒါပေမဲ့ မုန့်လက်ဆောင်းကုန်း၊ ပုဇွန် တောင် ကြက်တန်းချက်ဗလက်ဆိုတာ လို ဖြစ်နေပါပြီလို့သာ ဆိုရတော့မလို ပါပဲဗျာ။