Breaking
Ad
Ad
Ad
Opinion

နိုင်ငံဖွံ့ဖြိုးရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ

Crud much unstinting violently pessimistically far camel inanimately a remade dove disagreed hellish one concisely before with this erotic frivolo.
Pinterest LinkedIn Tumblr

မြန်မာနိုင်ငံဟာ အာဆီယံဒေသ မှာ ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းမှာ ပါဝင် နေပြီး ဖွံ့ဖြိုးမှုမြန်ဆန်ရေးအတွက် ပြည်တွင်းရှိ လူငယ်လုပ်ငန်းရှင်တွေကို အဓိက အားကိုးတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ်္ဂိုလ်က သြဂုတ်လ ၁၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ မဲခေါင်-ဂျပန် ချစ်ကြည်ရေးနှစ် ၂၀၁၉ အခမ်းအနား မှာ ပြောကြားသွားခဲ့ပါတယ်။

““မဲခေါင်ဒေသ စီးပွားရေးဖွံ့ဖြိုး မှုနဲ့ ပတ်သက်လို့ရှိရင် တက်သစ်စလူ ငယ်လုပ်ငန်းရှင်တွေရဲ့ အောင်မြင်တဲ့ စီမံကိန်းများ တင်ပြခြင်း၊ ပြပွဲတွေလုပ် ခြင်း အစီအစဉ်ကို ကျွန်မတို့ ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်မတို့က လူငယ် လုပ်ငန်းရှင်များရဲ့ကဏ္ဍကို အလေးထားပါတယ်။ ကျွန်မတို့နိုင်ငံ ဟာ အာဆီယံဒေသမှာဆိုရင် ဖွံ့ဖြိုးမှု အနည်းဆုံးထဲမှာပါပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ဖွံ့ဖြိုးမှုမြန်ဖို့ဆိုရင် လူငယ် လုပ်ငန်းရှင်များကို အားကိုးရမှာပါ”” လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ်္ဂိုလ်က ပြောကြားခဲ့ပါတယ်။

အခုခေတ်မှာ နည်းပညာတိုးတက် ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့ ဖြစ် ပေါ်နေပါတယ်။ အဲဒီတိုးတက်ပြောင်း လဲမှုတွေကို စဉ်ဆက်မပြတ် လေ့လာ ကြည့်ပြီး ခေတ်နဲ့တစ်ပြေးညီ လိုက် မပြောင်းလဲနိုင်ရင် နောက်ကျကျန်ရစ်ပါ လိမ့်မယ်။ အဲဒီလို အလျင်အမြန် ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာ တွေကို အလျင်အမြန်လေ့လာပြီး ကိုယ့် နိုင်ငံအတွက် အကျိုးရှိအောင် အသုံး ပြုနိုင်ဖို့အတွက် လူငယ်တွေရဲ့ အခန်း ကဏ္ဍ အရေးကြီးလှပါတယ်။
လူငယ်တွေဟာ ထက်မြက်တယ်၊ အပြောင်းအလဲတွေကို အလျင်အမြန် လက်ခံကျင့်သုံးနိုင်ကြတယ်။ ဦးနှောက် ဖွံ့ဖြိုးဆဲ အရွယ်တွေဖြစ်လို့ ခေတ်မီ နည်းပညာတွေကို အလျင်အမြန် လေ့ လာတတ်ကျွမ်းနိုင်ကြတယ်။ တီထွင် ကြံဆ စွန့်စားရဲကြတယ်။ တက်ကြွပြီး ရိုးသားဖြူစင်ကြတယ်။ ကိုယ်ကျိုးရှာ ချင်တဲ့ အတ်္တစိတ်လည်း နည်းတတ်ကြ တယ်။ ဒါကြောင့် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုး တက်မှု မြန်ဆန်ဖို့ဆိုရင် လူငယ်တွေကို အားကိုးကြရပါလိမ့်မယ်။ ကျွန်တော် ကိုယ်တိုင်လည်း အနာဂတ်မြန်မာနိုင်ငံ တော်ရဲ့ ဘက်စုံတိုးတက်ပြောင်းလဲလာ ဖို့အတွက် လူငယ်တွေကို အထူးအား ကိုးချင်ပါတယ်။

ဒါပေမဲ့ အဲဒီလို မိမိတို့ကို အား ကိုးတယ်ဆိုလို့ လူငယ်တွေကလည်း ဘဝင်မြင့်မသွားစေချင်ဘူး။ လူငယ် တွေမှာ အထက်မှာပြောခဲ့တဲ့ အားသာ ချက်တွေ ရှိနေတာမှန်ပေမယ့် အတွေ့ အကြုံ ဗဟုသုတအားနည်းတတ်ပါ တယ်။ တခြားနိုင်ငံတွေ၊ တခြားပုဂ်္ဂိုလ် တွေရဲ့ အတွေ့အကြုံ ဗဟုသုတတွေကို ဟောပြောပွဲတွေမှာ၊ တွေ့ဆုံမေးမြန်း ခန်းတွေမှာ၊ စာအုပ်တွေမှာ ကြားသိ ဖတ်ရှု သိမြင်နိုင်ကြပေမယ့် မိမိတို့ ကိုယ်တိုင် လက်တွေ့လုပ်ကိုင်ရာက ရလာတဲ့ အတွေ့အကြုံ ဗဟုသုတက တော့ အလုပ်များများလုပ်လာပြီး အသက်အရွယ် ရလာတဲ့အခါကျမှ သိ မြင်လာနိုင်တဲ့ ဘဝပေးအသိဖြစ်ပါ တယ်။ အဲဒါကိုတော့ လူငယ်တွေ သတိပြုကြရပါမယ်။

လူငယ်တွေမှာ မရှိသေးတဲ့ အဲဒီ အတွေ့အကြုံ ဗဟုသုတဆိုတဲ့ အရည် အချင်းကို လူလတ်ပိုင်း၊ လူကြီးပိုင်း တွေက ပိုင်ဆိုင်တတ်ကြပါတယ်။ လူကြီးတွေဟာ အတွေ့အကြုံရင့်ကျက် တယ်၊ တည်ငြိမ်တယ်၊ နှိုင်းနှိုင်းချိန်ချိန် စဉ်းစားဆုံးဖြတ်ချက် ချတတ်တဲ့အ တွက် ဆုံးဖြတ်ချက်ကျဖို့ နှေးကွေး တတ်တယ်။ အရေးကြီးတဲ့ကိစ်္စတွေအ တွက် အားသာချက်၊ အားနည်းချက် တွေကို ချင့်ချိန်စဉ်းစားတတ်တယ်။ ဆုံးဖြတ်ချက်ချဖို့ အချိန်ကြာတတ်ပေ မယ့် အဲဒီဆုံးဖြတ်ချက်တွေဟာ အမှား နည်းတတ်ပါတယ်။

ဒီလိုအားသာချက်တွေရှိပေမယ့် လူကြီးတွေမှာလည်း အားနည်းချက်တွေ ရှိတတ်ပါတယ်။ လူကြီးတော်တော် များများမှာ ကိုယ်ကျိုးကိုကြည့်တတ် တဲ့ အတ်္တစိတ်က လူငယ်တွေထက်များ တတ်တယ်။ ရိုးသားဖြူစင်မှုနည်းတတ် တယ်။ သူတို့ဘဝမှာ ဖြတ်သန်းလာခဲ့ ရတဲ့ ခေတ်ဆိုးကြီးတွေရဲ့ အတွေ့အ ကြုံကြောင့် အထက်ဖား အောက်ဖိ အကျင့်စရိုက်တွေ အရိုးစွဲနေတတ် တယ်။ ဒါပေမဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ် စိတ်ကတော့ ရှိတတ်ကြပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက တစ်ခါမျှ မကောင်းခဲ့သေးတဲ့ နိုင်ငံကို ကောင်း အောင်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးချင်တဲ့ စိတ်ကောင်းစေတနာ လည်း ရှိတတ်ကြပါတယ်။

ဒါကြောင့် နိုင်ငံရဲ့ ကောင်းကျိုး ကို ဖြစ်ထွန်းစေချင်တဲ့ ဘုံရည်မှန်းချက် ရှုထောင့်ကကြည့်ရင် လူကြီး၊ လူလတ်၊ လူငယ်တွေ ဝိုင်းပြီး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရပါမယ်။ အစ ပိုင်းမှာ လူကြီးတွေက သူတို့ရဲ့အတွေ့ အကြုံ ဗဟုသုတတွေပေါ်မှာ အခြေခံ ပြီး လူငယ်တွေ၊ လူလတ်တွေကို အရည်အချင်း ပြည့်ဝလာအောင် ပြုစု ပျိုးထောင်ပေးကြရမှာ ဖြစ်သလို လူ ငယ်တွေ၊ လူလတ်တွေကလည်း လူကြီး တွေရဲ့ အတွေ့အကြုံ ဗဟုသုတတွေ၊ ဘဝပေးသင်ခန်းစာတွေကို လေ့လာ မှတ်သားပြီး လူကြီးတွေရဲ့ အောင်မြင် ခဲ့တဲ့ လုပ်နည်းလုပ်ဟန်တွေကို အတု ယူပြီး လူကြီးတွေ မှားခဲ့ဖူးတဲ့ အမှား တွေကို သင်ခန်းစာယူ၊ ကိုယ်တိုင်မမှား ရအောင် ဆင်ခြင်နိုင်ကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ဟာ တောက်ပလာပါလိမ့်မယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးတိုး တက်လာဖို့အတွက် နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးနယ်ပယ် အားလုံးမှာ လူ ကြီး၊ လူလတ်၊ လူငယ်တွေ အတူတကွ လက်တွဲညီညီနဲ့ ဝိုင်းဝန်းကြိုးပမ်းကြရ ပါမယ်။ ကျွန်တော်တို့ ပြည်သူတွေကို အသက်အုပ်စုအလိုက် ပိုင်းကြည့်မယ် ဆိုရင် လွတ်လပ်ရေးအကြိုခေတ်၊ ကျွန် သက် မကုန်ခင်လောက်က မွေးဖွားလာ ခဲ့သူတွေဟာ အခုချိန်မှာ အသက် ၇၀ ကျော် ၈၀ နီးပါးရှိတဲ့ လူကြီးပိုင်းတွေ ပါပဲ။ အဲဒီလူကြီးတွေဟာ လွတ်လပ် ရေးရပြီး ဖဆပလ ဆယ်နှစ်ဆယ်မိုး ခေတ်၊ သန့်ရှင်းတည်မြဲ အကွဲအပြဲ၊ အိမ်စောင့်အစိုးရခေတ်၊ ပထစခေတ်၊ ဦးဗိုလ်၊ သခင်အကွဲအပြဲ၊ ၁၉၆၂ ခုနှစ် နောက်ပိုင်း တော်လှန်ရေးကောင်စီ ခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်၊ အခုလက်ရှိ အမျိုးသား ဒီမိုကရေစီပါတီခေတ် ဆိုတာတွေကို ဖြတ်သန်းခဲ့ရတော့ အတွေ့အကြုံအား ဖြင့် အင်မတန် ရင့်ကျက်နေပြီး ပညာ ရေးပိုင်းမှာလည်း ရန်ကုန်တက်္ကသိုလ်၊ မန်္တလေးတက်္ကသိုလ်၊ ၁၉၆၄ ခုနှစ် စနစ်သစ် တက်္ကသိုလ်အသီးသီးမှာ ပညာသင်ယူခဲ့ကြရလေတော့ ပညာ ကောင်းကောင်း တတ်တဲ့ကြသူတွေ ပါ။ အဲဒီအုပ်စုဟာ အသက်အရွယ်အရ တက်တက်ကြွကြွ အလုပ်မလုပ်နိုင်ကြ ပေမယ့် သူတို့ရဲ့ အတွေ့အကြုံတွေကို လက်ဆင့်ကမ်းပေးနိုင်ကြမှာပါ။

ဒုတိယအသက်အုပ်စုကတော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ကာလမှာ တက်တက်ကြွကြွ ဦးဆောင် ခဲ့ကြတဲ့ အုပ်စုပါ။ အဲဒီအုပ်စုဟာ ၁၉၈၈ ခုနှစ်ကစပြီး ဒီနေ့အထိ မပြီး ဆုံးသေးတဲ့ ဒီမိုကရေစီတော်လှန်ရေး ကြီးနဲ့အတူ ရှင်သန်ကြီးပြင်းလာကြတဲ့ အသက် ၅၀ ကျော်အုပ်စုကြီးပါ။ အဲဒီ အုပ်စုမှာလည်း တော်တော်များပြားတဲ့ အတွေ့အကြုံ ဗဟုသုတရှိကြတဲ့အပြင် လိုအပ်ရင် တက်တက်ကြွကြွနဲ့ နိုင်ငံ ဖွံ့ဖြိုးရေးကိစ်္စတွေမှာ ဦးဆောင်ပါဝင် နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံနေကြ ပါပြီ။
တတိယအုပ်စုကတော့ ၁၉၈၈ ခုနှစ် ပတ်ဝန်းကျင်မှာ မွေးဖွားလာကြ ပြီး ယခုအခါ အသက် ၃၀ ကျော်ရှိတဲ့ လူငယ်အုပ်စုဖြစ်ပါတယ်။ ပညာ ခေတ်အတွင်းမှာ အရွယ်ရောက်လာကြ တဲ့ အဲဒီအုပ်စုဟာ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးနယ်ပယ်တွေမှာ အင် တိုက်အားတိုက် တက်တက်ကြွကြွနဲ့ ဦးဆောင်လာနိုင်ကြပြီဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာလည်း အဲဒီအသက် အုပ်စုဟာ ထိထိရောက်ရောက် ပါဝင် လှုပ်ရှားလာကြပြီး တချို့ဆိုရင် လွှတ် တော်ထဲအထိ ရောက်နေကြသလို ဝန် ထမ်းလောကမှာလည်း အရေးပါတဲ့ နေရာကို ရောက်သူတွေ ရောက်နေကြ ပါပြီ။

စီးပွားရေးနယ်ပယ်မှာလည်း လူ ငယ်တွေ၊ လူလတ်တွေဟာ အရေးပါ တဲ့ နေရာတွေကို ရောက်လာကြပါပြီ။ အဲဒီလူငယ်တွေ၊ လူလတ်တွေထဲမှာ ပုံစံအမျိုးမျိုးရှိကြပါတယ်။ တချို့က နိုင်ငံခြားတိုင်းပညာတွေမှာ သွားစီးပွား ရှာရင်း အရင်းအနှီးလည်းရ၊ ပညာ လည်း ရှာခဲ့ကြပြီးတော့မှ ကိုယ့်နိုင်ငံ ကိုယ်ပြန်လာပြီး စီးပွားရေးနယ်ပယ်ထဲ ကို ဝင်လာကြတာပါ။ တချို့ကလည်း နိုင်ငံခြားတိုင်းပြည်တွေက တက်္ကသိုလ် တွေ၊ ကောလိပ်တွေမှာ ပညာဆည်းပူး ခဲ့ကြပြီး ပြန်လာကြသူတွေဖြစ်ပါတယ်။ တချို့ကလည်း မိဘလက်ငုပ်လက်ရင်း စီးပွားရေးလုပ်ငန်းတွေကို အမွေဆက်ခံ ဦးဆောင်လာကြတာပါ။ တချို့က တော့ မိဘအရှိန်အဝါနဲ့ ထူထောင်ထား တဲ့ လုပ်ငန်းတွေကို မိဘကိုယ်စား နေရာယူပေးတဲ့ အမည်ခံလုပ်ငန်းရှင် တွေပါ။ ဘယ်လိုပုံစံနဲ့ပဲ လုပ်ငန်းရှင် ဖြစ်လာသည်ဖြစ်စေ မိမိရောက်ရှိနေတဲ့ နေရာကနေ မိမိလုပ်ငန်းတိုးတက်အောင် ကြိုးပမ်းရင်းနဲ့ တိုင်းပြည်အတွက်လည်း အကျိုးရှိအောင် ဆောင်ရွက်ကြဖို့လိုပါ တယ်။

လူမှုရေးနယ်ပယ်မှာလည်း လူ ငယ်၊ လူလတ် အများအပြားဟာ ပရ ဟိတ လုပ်ငန်းတွေကို တက်တက်ကြွ ကြွ လုပ်ကိုင်လာကြတာကို တွေ့ရ တော့ အနာဂတ် နိုင်ငံတော်အတွက် အားတက်ရပါတယ်။ ဒီလိုအရည်အချင်း တွေ၊ တက်ကြွမှုရှိတဲ့ လူငယ်တွေ၊ လူ လတ်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ကို လူကြီးတွေရဲ့ အတွေ့အကြုံ ဗဟု သုတတွေ၊ အကြံဥဏ်တွေနဲ့ ပေါင်း စပ်ပြီး ကြိုးစားကြမယ်ဆိုရင် ကျွန် တော်တို့နိုင်ငံဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက်လာပြီး ၁၉၆၂ ခုနှစ် မတိုင် ခင်တုန်းက ရောက်ရှိခဲ့တဲ့ အရှေ့တောင် အာရှရဲ့ ထိပ်ဆုံးနေရာကို မကြာမီ အနာဂတ်မှာ ပြန်လည်ရောက်ရှိနိုင်လိမ့် မယ်လို့ ယုံကြည်မိပါတယ်ဗျာ။ စီမံကိန်း-ဝင်းနိုင်

3 Comments

  1. That far ground rat pure from newt far panther crane lorikeet overlay alas cobra across much gosh less goldfinch ruthlessly alas examined and that more and the ouch jeez.

    • Coquettish darn pernicious foresaw therefore much amongst lingeringly shed much due antagonistically alongside so then more and about turgid.

  2. Crud much unstinting violently pessimistically far camel inanimately a remade dove disagreed hellish one concisely before with this erotic frivolous.

Write A Comment