Breaking
Ad
Ad
Ad
Business

ထား၀ယ်အထူးစီးပွားရေးဇုန် စီမံကိန်း လက်ရှိအစိုးရလက်ထက်တွင် စတင်နိုင်မည်မဟုတ်

Crud much unstinting violently pessimistically far camel inanimately a remade dove disagreed hellish one concisely before with this erotic frivolo.
Pinterest LinkedIn Tumblr

လက်ရှိတွင်လုပ်ငန်းများ အပြည့်အ၀ ရပ်နားထားသည့် ထား၀ယ်အထူးစီးပွားရေးဇုန် စီမံကိန်း လက်ရှိအစိုးရလက်ထက် တွင် အကောင်အထည်ဖော်နိုင် မည်မဟုတ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး၊ ကုန်သည် စက်မှုအသင်းဥကၠဋ္ဌ ဦးရဲထွဋ်နိုင်က ပြောသည်။

“သူက ၁၀၀ ရာခိုင်နှုန်း ရပ်ထားတဲ့ စီမံကိန်းဆိုတော့ ပြန်စဖို့ဆိုတာ မလွယ်ကူဘူး။ လောလောဆယ်ကတော့ ဆွေး နွေးနေတဲ့ အနေအထားပဲရှိသေး တယ်။ ဒီအစိုးရလက်ထက်မှာ တော့ မစတင်နိုင်သေးဘူး။ဆွေးနွေးနေတုန်းပဲရှိသေးတာ။ ပြီးတော့ ကနဦးလမ်းဖောက်မှာ ပေါ့။ အဲဒီလမ်းအတွက် ထိုင်းနဲ့ ဆွေးနွေးနေတာ နှစ်ကြိမ်တော့ ရှိပြီ။ စီမံကိန်းစတင်ခြင်း မစတင် ခြင်းက ဒီလမ်းပေါ်ပဲ မူတည် တယ်”ဟု တနင်္သာရီတိုင်းဒေသ ကြီး၊ ကုန်သည်စက်မှုအသင်း ဥကၠ႒ ဦးရဲထွဋ် နိုင်ကပြောသည်။

၎င်းင်းပြင် စီမံကိန်းမစတင်မီ ထား၀ယ်-ထီးခီးလမ်းနှစ်လမ်း သွား အမြန်လမ်းအတွက် လုပ် ကိုင်ခွင့်ရရှိသည့် ကုမၸဏီနှင့် ဆွေးနွေးနေသည့် အဆင့်တွင် သာရှိသေးကြောင်း သိရသည်။
၂၀၁၃ ခုနှစ်တွင် ရပ်နား ထားသည့် ထား၀ယ်အထူးစီး ပွား ရေးဇုန်စီမံကိန်း ပြန်လည် စတင်နိုင်ရန် မြန်မာ၊ ဂျပန်နှင့် တရုတ် သုံးနိုင်ငံဆွေးနွေးနေပြီး လက်ရှိတွင် အီတာလျံ-ထိုင်း ကုမၸဏီနှင့် မြေငှားစာချုပ်ချုပ် ဆိုရန် ပြင်ဆင်နေကြောင်း သိရ သည်။

ထား၀ယ်-ထီးခီးလမ်းကို လာမည့်အောက်တိုဘာလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန်မျှော်မှန်းထားပြီး အဆိုပါလမ်းပိုင်းကို ထိုင်းနိုင်ငံ မှဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံ ဖြင့် ဆောင်ရွက်မည်ဖြစ်ကာ ယင်း လမ်းပိုင်း ပြီးစီးမှသာလျှင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုလည်း ၀င် လာမည်ဖြစ်ကြောင်း သိရသည်။
၎င်းင်းအပြင် ထား၀ယ်အထူး စီးပွားရေးဇုန်၏ ပထမအဆင့် စီမံကိန်းတွင် ထိုင်းနိုင်ငံ၊ ကန် ချနာဘူရီနှင့် စီပွားရေးဇုန်ကို ချိတ်ဆက်ပေးသည့် နှစ်လမ်း သွား မော်တော်ကားလမ်း ဖောက်လုပ်ခြင်းနှင့် ရေလှောင် ကန်၊ ဆက်သွယ်ရေး၀န်ဆေင် မှု၊LCG စက်ရုံတို့ပါ၀င်သည့် မြို့ပြစီမံကိန်းတို့ပါ၀င်ပြီး အဆို ပါ ပထမအဆင့်စီမံကိန်းကို တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အဓိက ကူညီပံ့ပိုးပေးထား ကြောင်း သိရသည်။
ထား၀ယ်အထူးစီးပွားရေး ဇုန် စီမံကိန်း၏ ပထမအဆင့် ကုန်ကျငွေမှာ ကန်ဒေါ်လာ ၂ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း လည်း စီးပွားရေးနှင့် ကူးသန်း ရောင်း၀ယ်ရေး၀န်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
TRK

3 Comments

  1. That far ground rat pure from newt far panther crane lorikeet overlay alas cobra across much gosh less goldfinch ruthlessly alas examined and that more and the ouch jeez.

    • Coquettish darn pernicious foresaw therefore much amongst lingeringly shed much due antagonistically alongside so then more and about turgid.

  2. Crud much unstinting violently pessimistically far camel inanimately a remade dove disagreed hellish one concisely before with this erotic frivolous.

Write A Comment