Breaking
Ad
Ad
Ad
Politics

သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့် ပါတီထောင်မည့်ကိစ္စ သူရဦးရွှေမန်းပါတီသို့ ဝင်ရောက်ရန် ငြင်းပယ်ခဲ့

Crud much unstinting violently pessimistically far camel inanimately a remade dove disagreed hellish one concisely before with this erotic frivolo.
Pinterest LinkedIn Tumblr

သာသနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်စဉ် သမ်္မတ ဦးသိန်းစိန်အစိုးရ လက်ထက်၌ အကျဉ်းထောင်ချ အပြစ်ပေး အရေးယူခြင်းခံခဲ့ရကာ ယခု အစိုးရလက်ထက်တွင် ပြန်လည်လွတ် မြောက်လာခဲ့သည့် ဦးဆန်းဆင့်သည် တောင်သူလယ်သမားများအား အခြေ ပြုသည့် နိုင်ငံရေးပါတီတစ်ရပ်ကို တည်ထောင်သွားရန်ရှိကြောင်း သတင်း များထွက်ပေါ်လျက်ရှိရာ ယင်းသတင်း များသည် မဟုတ်မှန်ဟု ဦးဆန်းဆင့်က ဒီလမ်းသတင်းဂျာနယ်သို့ ငြင်းဆိုပြော ကြားလိုက်သည်။
ဦးဆန်းဆင့်သည် ဦးသိန်းစိန် အစိုးရလက်ထက်တွင် သာသနာရေး ပြည်ထောင်စုဝန်ကြီးတာဝန်ကို ရယူ လက်ခံထမ်းဆောင်ခြင်းမပြုမီက ယင်းအချိန်လွှတ်တော်သက်တမ်းဖြစ် သော ဧရာဝတီတိုင်ဒေသကြီးလွှတ် တော် ဥက်္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်သည်။ ထိုသို့ တာဝန် ထမ်းဆောင်စဉ် လွှတ်တော်ဥက်္ကဋ္ဌအဖြစ် ဆောင်ရွက်ချက်များအား ဒေသခံ လူထုက နှစ်သက်ထောက်ခံမှုများရှိခဲ့ သော်လည်း ၎င်းင်း၏ မူရင်းပါတီဖြစ် သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဖြင့်သော်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထိုစဉ်က ဝန်ကြီးချုပ်ဦးသိန်းအောင် နှင့်သော်လည်းကောင်း မသင့်မြတ်မှု များရှိခဲ့သည်။
ထို့အပြင် ဦးဆန်းဆင့် ဦးဆောင် သည့် တိုင်းဒေသကြီးလွှတ်တော်နှင့်် ဦးသိန်းအောင် ဦးဆောင်သော တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့အကြား ပွတ် တိုက်မှုများ အလွန်အမင်း ဖြစ်ပေါ်ခဲ့ သည့်အတွက် ထိုစဉ်က ကြံ့ခိုင်ရေး ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးဌေးဦးကိုယ်တိုင် ကွင်းဆင်း ညှိနှိုင်းပေးခဲ့ရမှုများရှိသော်လည်း မပြေ လည်ခဲ့ဘဲ ဒေသခံလူထုက ဦးဆန်းဆင့် အား ပိုမိုထောက်ခံအားပေးခဲ့ကြသည်။ ထိုအချိန်တွင် သမ်္မတဦးသိန်းစိန်အစိုးရ အဖွဲ့က ဦးဆန်းဆင့်အား သာသနာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရန် ခေါ်ယူနေရာချထား ခဲ့သလို၊ ဒေသခံလူထုဘက်မှလည်း ဦး ဆန်းဆင့်ကိုမူလ လွှတ်တော်ဥက်္ကဋ္ဌ တာဝန်ကိုသာ ထမ်းဆောင်စေရန် ဆန်္ဒ ပြမှုများပင်ဖြစ်ပေါ်ခဲ့သည်။
ထိုအခြေအနေများနှင့် ယခု အကျဉ်းထောင်မှ ပြန်လည်လွတ် မြောက်ပြီးနောက် ဦးဆန်းဆင့်၏ နေရာဒေသအနှံ့ လယ်ယာမြေများအရေး နှင့် တောင်သူလယ်သမားကိစ်္စရပ်များ ကို ကိုယ်တိုင်ကွင်းဆင်းဆောင်ရွက်နေ ခြင်းတို့ကြောင့် ယခုကဲ့သို့ ဦးဆန်း ဆင့်အနေဖြင့် တောင်သူလယ်သမား အခြေပြုပါတီတစ်ရပ်ထူထောင်သွားရန်ရှိ သည်ဟု သတင်းထွက်ပေါ်ခြင်းဖြစ်နိုင် ကြောင်း လက်ရှိအချိန်တွင် ဦးဆန်းဆင့်နှင့် နီးစပ်သော ခိုင်လုံသည့် သတင်းအရင်းအမြစ် တစ်ဦးက ဒီလမ်းဂျာနယ်သို့ ပြောကြားသည်။
ဦးဆန်းဆင့်ကိုယ်တိုင်ကလည်း““ပါတီ လည်း မထောင်ပါဘူးဗျာ။ ကျွန်တော်က ပါတီထောင်ပြီး ပါတီလုပ်တယ်ဆိုရင် ကျွန်တော်တို့က နေရာလိုချင်လို့၊ ရာထူးလို ချင်လို့ ဆိုပြီးတော့မှ ဒီလိုမျိုးတွေလည်း မဖြစ်ချင်ဘူးလေ။ ကျွန်တော်က သိတဲ့ အတိုင်း ရာထူးလိုချင်လို့ နေရာလိုချင်လို့ မဟုတ်ပါဘူး၊ အရင် ဦးသိန်းစိန် အစိုးရလက် ထက်ကတည်းက ကျွန်တော့်ကို ရာထူးတွေ နေရာပေးတယ်လေ။ ရာထူးတွေနေရာပေးတာ ကို ကျွန်တော်က သမ်္မတကို သဝဏ်လွှာ ပို့ပြီး ကျွန်တော်ဝန်ကြီးမလုပ်ချင်ဘူး၊ ဒီတိုင်းဒေသကြီးက တောင်းဆိုတဲ့ အတိုင်းပဲ လုပ်ပါ့ရစေ။ အဲဒါမရတော့ လွှတ်တော် မှာလေ ကျွန်တော်လွှတ်တော်မှာလေ ဦးမန်း ဂျော်နီနဲ့ အဆိုတင်သွင်းတဲ့အထိ ကျွန်တော် လုပ်ပါတယ်။ အဲဒါတွေလည်း ပြည်သူတွေ သိပြီးသားပါဗျာ။ ကျွန်တော် ရာထူးနေရာ လိုချင်လို့ လုပ်နေတာ မဟုတ်ပါဘူး”” ဟု ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ တောင်သူ လယ်သမားအရေးကိစ်္စတစ်ခုဖြင့် ခရီးသွား လာရင်း ဒီလမ်းဂျာနယ်၏ ဆက်သွယ်မှုကို ပြန်လည် ဖြေကြားမှုရှိသည်။
ထို့ပြင် ဦးဆန်းဆင့်အနေဖြင့် တောင် သူလယ်သမားအရေးအတွက် မကွေးတိုင်း ပွင့်ဖြူမြို့နယ်နှင့် နေပြည်တော်တို့သို့ ဆက် လက်ခရီးထွက်ခွာရန် ရှိသေးကြောင်းလည်း တစ်ဆက်တည်း အသိပေးပြောကြားသည်။
ဦးဆန်းဆင့်သည် ယခင်ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ယူစဉ်ကပင် ကြံ့ခိုင်ရေး ပါတီအတွင်း အဓိက အုပ်စုနှစ်စု ကွဲ နေရာမှ သူရဦးရွှေမန်း၏ ဘက်သားတစ်ဦး အနေဖြင့် သတ်မှတ်ခြင်းခံရသလို၊ မကြာမီတွင် ဝန် ကြီးဌာန ဘတ်ဂျက်ငွေသိန်းရာ ဂဏန်းကျော် ကို နေပြည်တော်ရှိ စေတီတစ်ဆူတည်ဆောက် ရေးတွင် လှူဒါန်းသဖြင့် ငွေကြေးအလွဲ သုံးစားမှုဖြင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။
ဦးဆန်းဆင့် အကျဉ်းထောင်မှ ပြန် လည်လွတ်မြောက်ပြီးနောက် ယခုကဲ့သို့ တောင်သူလယ်သမားအရေးများကို ဆောင် ရွက်နေရင်း၊ သူရ ဦးရွှေမန်းက ၎င်းင်းနိုင်ငံရေး ပါတီတစ်ရပ် တည်ထောင်ချိန်တွင် ထိုပါတီ ၌ ပါဝင်ရန် ဦးဆန်းဆင့်အား ကမ်းလှမ်းမှု ရှိခဲ့ရာ ဦးဆန်းဆင့်က ငြင်းပယ်ခဲ့ကြောင်း သတင်းမီဒီယာဖော်ပြမှုများလည်း ရှိသည်။ ထို့ပြင် ဦးဆန်းဆင့်သည် ယခင်ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေ၏ အစီအမံဖြင့် ပါတီတစ်ရပ်ကို ထူထောင်ခြင်းဖြစ်ဟု သတင်းများ ထွက်ပေါ်နေသည့် ယခင်သမ်္မတ ရုံး ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်သူ (ယခု အမျိုးသားနိုင်ငံ ရေးပါတီခေါင်းဆောင်) ဗိုလ်ချုပ်ကြီးဟောင်းဦးစိုးမောင်နှင့် ခမည်း ခမက်တော်စပ်သူလည်းဖြစ်သည်။
ဦးဆန်းဆင့်သည် လက်ရှိ ဒုတိယ သမ်္မတ(၁)ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ရန်ကုန်တိုင်းမှူးအဖြစ်တာဝန်ယူ စဉ် ဒုတိယတိုင်းမှူးအဖြစ် တစ်ချိန်က ထင် ရှားသည့် စွမ်းအားရှင်များ အဖွဲ့ဆိုသည်ကို တည်ထောင်ပေးခဲ့ရသူအဖြစ်လည်း ၎င်းင်းတို့ အသိုင်းအဝိုင်းအတွင်း ထင်ရှားသလို၊ စစ်ရာ ထူးခန့်ချုပ် ဗိုလ်ချုပ်ကြီးအဖြစ် ၂၀၁၀ ရွေး ကောက်ပွဲအပြီး သမ်္မတ ဦးသိန်းစိန်ထံ အာဏာလွှဲအပ်ရာတွင် ဗိုလ်ချုပ်မှူးကြီးသန်း ရွှေအပါအဝင် ယခင် နအဖ တစ်ဖွဲ့လုံးအား ကိုယ်တိုင်လက်မှတ်ရေးထိုး အငြိမ်းစားပေး ခဲ့ရသူအဖြစ်လည်း ထင်ရှားသည်။ De.L – 009
ဓာတ်ပုံ – ဇော်မြင့်

3 Comments

  1. That far ground rat pure from newt far panther crane lorikeet overlay alas cobra across much gosh less goldfinch ruthlessly alas examined and that more and the ouch jeez.

    • Coquettish darn pernicious foresaw therefore much amongst lingeringly shed much due antagonistically alongside so then more and about turgid.

  2. Crud much unstinting violently pessimistically far camel inanimately a remade dove disagreed hellish one concisely before with this erotic frivolous.

Write A Comment