Breaking
Ad
Ad
Ad
Local News

ဧရာဝတီတိုင်းအတွင်းရှိ ရေယာဉ်များ ‘အမ်ဖန်’ စူပါ ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကို ရှောင်ရှားရန် တိုင်းအစိုးရမှ သတိပေ

Pinterest LinkedIn Tumblr

ဧရာဝတီတိုင်းအတွင်းရှိ ရေယာဉ်များ ‘အမ်ဖန်’ စူပါ ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကို ရှောင်ရှားရန် တိုင်းအစိုးရမှ သတိပေ

ပုသိမ် ၊ မေ ၂၀

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ ခရီးသည်တင်ရေယာဉ်များ၊ ကုန်တင် ရေယာဉ်ပြေးဆွဲသူများအနေဖြင့် အမ်ဖန် စူပါဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ အထူးအလေးထား သတိပြု ရှောင်ရှားရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတိပေးတိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

“ကိုကိုးကျွန်း အနောက်တောင်ဘက် ရေမိုင် ၄၀၀၊ ပုသိမ်မြို့အနောက်တောင်ဘက် ရေမိုင် ၅၄၀ မှာ ဗဟိုပြု နေတာဆိုတော့ လက်ရှိအနေအထားအရ ကျွန်တော်တို့ ကမ်းရိုးတန်းထဲဝင်ဖို့ ဦးတည်ချက်မရှိသေးဘူး။ ဒါပေမဲ့ သတိထားရမယ်။ ရှောင်ရှားရမယ်။ တိုင်းအတွင်းမှာ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ ခရီးသွား ရေယာဉ် တွေ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး သတိပေးချက်ထုတ်ထားတယ်။ ဒါပေမဲ့ မုန်းတိုင်းဟာ ကျွန်တော်တို့ရဲ့ တိုင်းထဲကို ဝင်ရောက်ဖို့ရှိတယ်။ ဦးတည်ချက်ရှိမယ်လို့ သိရရင် ချက်ချင်း ပိတ်တာတွေ ချက်ချင်း အမိန့် ထုတ်တာတွေ လုပ်သွားမယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ် စွမ်းအင်စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

အဆိုပါ အမ်ဖန် စူပါ ဆိုင်လုန်းမုန်တိုင်းသည် မေလ ၁၉ ရက် နံနက် တိုင်းတာချက်များအရ မြန်မာနိုင်ငံကို ဝင်ရောက်ရန်မရှိသော်လည်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ အဝါရောင်အဆင့် သတ်မှတ်ထားပြီး မုန်တိုင်း၏ ပြောင်းလဲမှုအခြေအနေကို တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အချိန်နှင့် တစ်ပြေးညီ သိရှိစေဖို့ ထပ်ဆင့် ထုတ်ပြန်ပေးနေကြောင်း သိရသည်။

”မော်ကျွန်းမှာတော့ မနေ့ ၁၈ ရက်ကတည်းက မိုးရွာတာမပြတ်ဘူး။ လေလည်းနည်းနည်းတိုက်တယ်။ ရေယာဉ်ကို မနေ့ကတည်းက ရပ်လိုက်ပါတယ်။ ဘာအခက်အခဲမှ မရှိပါဘူး။ အမှာကုန်တွေလည်း လက်မခံထားသလို ခရီးသည်တွေကိုလည်း ကြိုတင်ပြောထားလို့ပါ။ မုန်တိုင်းကင်းစင်မှ ပြန်ထွက်မှာပေါ့။ မုန်တိုင်းက ကိုယ့်ဘက် ဦးမတည်ပေမယ့် သက်ရောက်မှုရှိမယ်လို့ တာဝန်ရှိသူတွေက အကြောင်းကြားလို့ပါ။” ဟု မော်ကျွန်း -ဘိုကလေး ပြေးဆွဲနေသည့် ရေယာဉ်လိုင်းမှ ယာဉ်မောင်း ကိုဇေယျာက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များအလိုက် မုန်တိုင်းဘေး၊ ရေဘေးအပါအဝင် သဘာဝဘေး အန္တရာယ်များ ကျရောက်ပါက ပြည်သူများ ရှောင်တိမ်းခိုလှုံရန် ဆိုင်ကလုန်းရှယ်တာများ၊ ခိုင်ခန့်သည့် အဆောက်ဦ စုစုပေါင်း ၁၀၀၀ ကျော် ကြိုတင်ပြင်ဆင်ထားပြီး ပြောင်းရွှေ့ရမည်ဆိုလျှင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် မြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအထိ အသံချဲ့စက် အသုံးပြုကာ ကြေငြာပေးရန် စီစဉ်ထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

#ကျော်ကျော်

Write A Comment