Breaking
Ad
Ad
Ad
News

Covid-19 ကြောင့်၂၀၁၉ ခုနှစ်တွင် ခွင့်ပြုခဲ့သည့် မော်တော်ယာဉ် သွင်းကုန်လိုင်စင်များကို သက်တမ်း နှစ်လ ထပ်တိုးခွင့်ပြုမည်

Pinterest LinkedIn Tumblr

Covid-19 ကြောင့်၂၀၁၉ ခုနှစ်တွင် ခွင့်ပြုခဲ့သည့် မော်တော်ယာဉ် သွင်းကုန်လိုင်စင်များကို သက်တမ်း နှစ်လ ထပ်တိုးခွင့်ပြုမည်

ရန်ကုန်၊ မေ၁၈

၂၀၁၉ ခုနှစ်အတွင်း ခွင့်ပြုခဲ့သည့် မော်တော်ယာဉ် တင်သွင်းခွင့်သွင်းကုန်လိုင်စင်များကို သက်တမ်းနှစ်လထပ်တိုးခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ကုန်သွယ်ရေး ကြန့်ကြာတာတွေရှိတယ်ဆို​​​ပြီးတင်ပြတာတွေရှိပါတယ်။ ပြီးခဲ့တယ့်နှစ်က မိုဒယ်သတ်မှတ်ချက်နဲ့ ခွင့်ပြုထားတဲ့ ကားလိုင်စင်တွေကလည်း သွင်းဖို့အခက်အခဲ ရှိနေတယ်ဆိုပြီးပြောတယ်။ ဒါကြောင့်၂၀၁၉ ခုနှစ် မော်တော်ယာဉ် သွင်းကုန်လိုင်စင်တွေကို မတ်လကုန်အထိပဲ ခွင့်ပြုပေးမယ်ဆိုတဲ့ ကြေညာချက်အစား နောက်ထပ် နှစ်လခွင့်ပြုပေးတာဖြစ်ပါတယ်။ သက်တမ်းတိုးဖို့အတွက်ကိုလည်း အွန်လိုင်းကနေတစ်ဆင့် ဆောင်ရွက်နိုင်အောင် စီစဉ်ပေးထားပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Covid-19 ကြောင့် ကုန်သွယ်ရေးကိစ္စများတွင် သက်ရောက်မှုရှိနေသည့်အတွက် ကုန်သွယ်မှုများ အဆင်ပြေစေရန် ရည်ရွယ်ပြီး ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်၊ တာချီလိတ်ကုန်သွယ်ရေး ဇုန်တို့မှ တင်သွင်းရန်ခွင့်ပြုပေးထားသည့် ၂၀၁၉ ခုနှစ်အတွင်းခွင့်ပြုခဲ့သော မော်တော်ယာဉ်သွင်းကုန်လိုင်စင်များကို ခွင့်ပြုထုတ်ပေးသည့်ရက်မှ သက်တမ်းသုံးလကုန်ဆုံးပါက ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်အထိသာ ခွင့်ပြုခြင်းအစား သက်တမ်း နှစ်လ ထပ်တိုးခွင့်ပေးမည်ဖြစ်ပြီး ယင်းကာလအတွင်း အပြီးတင်သွင်းရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဆက်နိုင်

Write A Comment