Breaking
Ad
Ad
Ad
Local News

တိုင်းအတွင်းပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များအားလုံးကို စတင်ပြေးဆွဲခွင့်ပြု

Pinterest LinkedIn Tumblr

တိုင်းအတွင်းပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များအားလုံးကို စတင်ပြေးဆွဲခွင့်ပြု

ဟင်္သာတ ၊ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသတွင်း မြို့များ အချင်းချင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များအားလုံးကို မေလ ၁၆ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

“ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လိုက်နာဆောင်ရွက်ဖို့အချက်တွေကို တိကျစွာလိုက်နာတဲ့ မော်တော်ယာဉ်အသင်းတွေကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုမှာ ဖြစ်ပေမယ့်လည်း ရောဂါတားဆီးရေးအခြေအနေကို မူတည် ပြီး ခရီးသည်ပိုဆောင်ရေးအသင်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှု့တွေကို လိုအပ်သလိုရပ်နားတာတွေ ဆက်လက်ခွင့်ပြုတာတွေ ဆောင်ရွက်သွားမှာပါ။”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ခရီးသည်တင်အဝေးပြေး ယာဉ်လိုင်းများအားလုံးကို Covid-19 ရောဂါကူးစက်မှုထိန်းချုပ်ကာကွယ်နိုင်ရန် ဧပြီလ ၉ ရက်မှ စတင်ကာ ပြေးဆွဲခွင့် ရပ်နားခဲ့ခြင်းဖြစ်ပြီး ကနဦးအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များအချင်းချင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများပြေးဆွဲခြင်းကို ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့အပါအ၀င် အခြားဒေသများသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲခွင့်ကို မေလကုန်အထိ ပိတ်ထားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ကုန်တင်ယာဉ်များနှင့် ပုဂ္ဂလိက အိမ်စီးကားများကိုလည်း မူလအတိုင်း သွားလာခွင့်ပြုသော်လည်း ဒရိုင်ဘာအပါအဝင် လူ ၅ ဦး အထိသာ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှုးများ၏ ခရီးသွားထောက်ခံချက်ဖြင့် သွားလာခွင့်ပြုထားမည်ဖြစ်ကြောင်း သိရသည်။

“ခရီးသည်တင်ကားတွေကို ပိတ်ထားတော့ တစ်နေရာနဲ့ တစ်နေရာသွားရင် Taxi တွေ ငှားရတော့ ခရီးစရိတ်က လေငါးဆယ်ဆလောက် ပိုကုန်တယ်။ တချို့ကျအလုပ်ကိစ္စနဲ့ မဖြစ်မနေ သွားရတာတွေရှိတော့ ဒီလိုပဲ အကုန်ခံပြီးသွားလာနေကြရတယ်။ အခုတိုင်းအတွင်းပြန်ဖွင့်တဲ့အပြင် ရန်ကုန် မန္တလေး နေပြည်တော်စတဲ့ ယာဉ်လိုင်းတွေလည်း စည်းကမ်းတွေချမှတ်ပြီး ပြန်ဖွင့်ချေင်တယ်”ဟု ပုသိမ်မြို့ခံ ဦးစိုးနိုင်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၅၄ လိုင်းရှိပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်စသည်တို့ကို ပြေးဆွဲနေသည့် အဝေးပြေး ယာဉ်လိုင်းပေါင်း ၄၆ လိုင်းရှိကြောင်း တိုင်းဒေသကြီးပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲမှု ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

#ကျော်ကျော်

Write A Comment