Breaking
Ad
Ad
Ad
Local News

နွားများမှ ရဲစခန်းဆိုင်းဘုတ်ဝင်တိုက်ပြီးပျက်စီးသည့်အပေါ် မကျေနပ်သဖြင့် ပိုင်ရှင်အား ရဲကင်းမှူးမှရိုက်နှက်သဖြင့်စုံခုံဖွဲ့စစ်ဆေးနေ

Pinterest LinkedIn Tumblr

နွားများမှ ရဲစခန်းဆိုင်းဘုတ်ဝင်တိုက်ပြီးပျက်စီးသည့်အပေါ် မကျေနပ်သဖြင့် ပိုင်ရှင်အား ရဲကင်းမှူးမှရိုက်နှက်သဖြင့်စုံခုံဖွဲ့စစ်ဆေးနေ

မြောင်းမြ၊ မေ ၁၇

ရောဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့နယ်ကျေးရွာစစ်ဆေးရေးဂိတ်တွင် မေ ၁၃ ရက်က ကူညီဆောင်ရွက်ပေးနေသူ အသက် ၅၀ နှစ်အရွယ် ကိုတင်အောင်မိုးဆိုသူ မွေးထားသည့် နွားအပါအဝင် စုစုပေါင်း နွား ၁၀ ကောင်ခန့်မှာ ရဲစခန်းဆိုင်းဘုတ်ကို ဝင်တိုက်တာကြောင့် ဆိုင်းဘုတ်ပျက်စီးသွားပြီး မကျေနပ်သည့်အတွက် ဒုရဲအုပ်မြတ်ကိုမှမေ ၁၄ ရက်၊ ည ၁၁ နာရီကျော်တွင် နွားပိုင်ရှင်အား စစ်ဆေးရေးဂိတ်ကို ခေါ်ဆောင်ပြီး ဓာတ်မီးနှင့် ရိုက်နှက်၊ လက်သီးနှင့် ထိုးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြင်ရွာကျန်းမာရေးစစ်ဆေးရေးဂိတ်တွင်ကူညီစစ် ဆေးပေးနေသည့်ပြည်သူတစ်ဦးကို ပြင်ရွာရဲကင်းမှူးမှ ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ စုံခုံဖွဲ့စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီးတိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေကပြောသည်။

”ရိုက်နှက်ခံရသူရဲ့ မိသားစုက တိုင်ကြားခဲ့တာကြောင့် တိုင်းရဲတပ်ဖွဲ့က စုံခုံဖွဲ့စစ်ဆေးတာတွေ ပြုလုပ်နေတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို သိဖို့အတွက် စုံခုံဖွဲ့စစ်ဆေးတာတွေ ပြုလုပ်တာပါ ဖြစ်စဉ်အမှန်သိရမှ အရေးယူသင့်၊ မယူသင့်ကိုတော့ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ၂ ဖတ် ၂ ဦးကို မြောင်းမြမြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးခြင်း စတင်ပြုလုပ်နေပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ကျော်ကျော်

Write A Comment