Breaking
Ad
Ad
Ad
News

စျေးများအားလုံး၊ထမင်းဆိုင်နှင့် လမ်းဘေးဆိုင်များစည်းကမ်းနှင့် ညီမှ ပြန်ဖွင့်ခွင့်ပြုမည်

Pinterest LinkedIn Tumblr

စျေးများအားလုံး၊ထမင်းဆိုင်နှင့် လမ်းဘေးဆိုင်များစည်းကမ်းနှင့် ညီမှ ပြန်ဖွင့်ခွင့်ပြုမည်

ပုသိမ်၊ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိစျေးများအားလုံးနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်၊ ထမင်းဟင်းရောင်းချသည့်ဆိုင်နှင့် အခြားလမ်းဘေးဆိုင်အားလုံးကို မေလ ၁၆ ရက်မှစတင်၍ စည်းကမ်းနှင့် အညီ ပြန်လည်ဖွင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Covid-19 ရောဂါထိန်းချုပ်ကုသနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စျေးများအားလုံးနှင့် ပျံကျစျေးများ ပိတ်ထားရန်၊ ဖွင့်လှစ်ထားသည့် ဆိုင်အားလုံး ဧပြီလ ပထမပါတ်မှ စတင်ပြီး ဆိုင်တွင်ထိုင် စားသုံးသူများကို လုံးဝ လက်မခံရန် စားသောက်စရာများကို ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြားထား ခြင်းဖြစ်ပြီး ယခု ညွှန်ကြားချက်များကို ပြင်ဆင်ပြီး ပြန်လည်ဖွင့်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးတွေကို ပျံကျစျေးတွေလည်း အပါအဝင်ပေါ့ ကျန်မားရေးနဲ့ အားကစား ဝန်ကြီးဌာနက ညွန်ကြားချက်တွေ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တွေရဲ့ ကြီးကြပ်မှုတွေနဲ့အညီ ဖွင့်ခွင့်ပြုသွားမှာပါ။ သတ်မှတ်ချက်တွေနဲ့ မညီရင်တော့ အရေးယူသွားမှာပါ။ စည်ပင်သာယာက ခွင့်ပြုထားတဲ့ လုပ်ငန်း လုပ်ကိုင်တဲ့ ဆိုင်တွေကို ကျွန်တော်တို့က လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ပေးလိုက်ပြီ ဖြစ်ပါတယ်။ အဲ့ဒီမှာ ဝန်ခံချက်တွေ ရပြီဆို မနက်ဖြန် မေလ ၁၆ ရက်မှာ ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပြုမှာပါ။”ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

စည်းကမ်းသတ်မှတ်ချက်များတွင် စျေးဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် ၆ ပေအကွာတွင် ရောင်းချရန်၊ စျေးသည်များ Mask နှင့် လက်အိတ်များ ဝတ်ဆဆင်ရောင်းချရန်၊ စျေးအဝင် အထွက် နေရာများတွင် လက်ဆေးဘေလ်စင်များ ဆပ်ပြာ(သို့)လက်သန့်ဆေးရည်များ ထားရှိရန်နှင့် စျေးဝယ်လာသူများတွင် ဖျားနာသူ မပါစေရန် ကိုယ်ပူချိန်တိုင်းရန်စသည်တို့ ပါဝင်ကြောင်း သိရသည်။

“ရောဂါကာကွယ်ဖို့အတွက် Mask တပ်တာကောင်းပါတယ်။ အလေ့အကျင့် မရှိတော့ မနေတတ်ဘူး ဖြစ်နေတယ်။ ပြီးတော့ တစ်နေ့ တစ်ကြိမ် ဝယ်တပ်နေရတာကလည်း ကြာရှည်မှာ အဆင်မပြေဘူးပေါ့။ အိမ်မှာ လူရှိရင် ရှိသရွေ့ ကုန်ကျငွေတိုးလာတဲ့ သဘောမို့ပါ။ MASK ကို တစ်ခါသုံးထက် လျှော်ဖွတ်သုံးလို့ရတာဆို ပိုအဆင်ပြေတယ်။“ဟု ပုသိမ်မြို့ ဘိုကနောင်စျေးတွင် စျေးရောင်းချသူ ဒေါ်ထားထားဦးက ပြောသည်။

စားသောက်ဆိုင်များ ပြန်ဖွင့်လှစ်သည့်ဆိုင်များမှာ လက်ဆေးဘေလ်စင်၊ ဆပ်ပြာ(သို့) လက်သန့် ဆေးရည် ထားရန်၊ Covid-19 ရောဂါ အသိပညာပေး ဆိုင်ဘုတ်များတပ်ထားရန်၊ ခုံများကို ယခင်ခင်းနေကျထက် ထက်ဝက်ခန့်လျော့ချပြီး ၆ ပေ အကွာတွင်ထားကာ စားပွဲတစ်ခုလျှင် ၄ ဦးထက်မပိုရန်၊ ဖျားနာသူများ မဝင်ရောက်စေရန် ကိုယ်ပူချိန်တိုင်းပြီးမှ ဝင်ခွင့်ပြုရန်စသည့် စည်းကမ်းများထုတ်ထားကြောင်း သိရသည်။


စျေးများနှင့် ဆိုင်များဖွင့်လှစ်သည့်အချိန်တွင် လိုက်နာမှု ရှိ/ မရှိက်ို နေ့စဉ်စစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာမှု မရှိပါက ပထမအကြိမ်တွင် ၃ ရက်ဆိုင်ပိတ်ရန်၊ ဒုတိယအကြိမ်တွင် ၁၀ ရက်ဆိုင်ပိတ်ရန်နှင့် တတ်ိယ အကြိမ်တွင် ဆိုင်အပြီး ပိတ်သိမ်းရန် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းဖို့ စာထုတ်တုန်းကလည်း လက်မှတ်တွေထိုးပြီး စစ်ဆေးမယ့်သူမရှိတော့ တချို့ဆိုင်တွေက အခုထိကို ဆိုင်ထိုင်ရောင်းနေတုန်းပဲရှိတယ်။ အရေးယူတာ မရှိခဲ့ဘူး အခုလည်း လက်မှတ်ထိုးပြီး ဖွင့်ခွင့်ပေးထားပေမယ့် သေသေချာချာ စစ်ဆေး အရေးယူမှုတွေ မရှိဘူးဆိုရင်တော့ အရင်အတိုင်းပဲ ဖြစ်နေဦးမှာပါပဲ။”ဟု ပုသိမ်မြို့ခံ ဦးဝင်းသိန်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး လက်အောက်ရှိ စျေးပေါင်း ၁၃၂ ဈေးတွင် Covid-19 ရောဂါကာလအတွင်း Mask မတပ်သည့် ဈေးသည်ပေါင်း ၅၈၀ ကို ဒဏ်ရိုက်ခဲ့ပြီး ဒဏ်ကြေး ၂၅၃၆၀၀၀ ကျပ် ရရှိခဲ့ကြောင်း သိရသည်။

#ကျော်ကျော်

Write A Comment