Breaking
Ad
Ad
Ad
Opinion

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနဲ့ နှာခေါင်းစည်းပြတ်လပ်မှုပြဿနာ

Pinterest LinkedIn Tumblr

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနဲ့ နှာခေါင်းစည်းပြတ်လပ်မှုပြဿနာ
_______________________________________________
ပြီးခဲ့တဲ့လက နယူးယောက်မြို့မှာ ရှိတဲ့ အွန်လိုင်းစတိုးတစ်ခုရဲ့ တံခါး ပေါက်မှာ “နှစ်ကူး ဒုတိယနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ဝယ်သူတိုင်းကို နှာခေါင်းစည်းတစ်ခု လက်ဆောင်ပေး ပါမယ်”လို့ ရေးထားတာ တွေ့ရပါ တယ်။


ဒီကမ်းလှမ်းမှုက ဘရွတ်ကလင်း အရပ်၊ ဆန်းဆက်ပါ့ခ်က ဈေးဝယ်သူ တွေကို ဆွဲဆောင်နိုင်ပါတယ်။ အဲဒီ နေရာက အမေရိကန်ပြည်ထောင်စု တစ်ဝန်း တရုတ်လူမျိုးတွေ အများဆုံး နေထိုင်တဲ့ နေရာတွေထဲက တစ်ခု လည်းဖြစ်ပါတယ်။ ပြီးတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုအတွက် စိုးရိမ်စိတ် မြင့်တက်နေတဲ့ အချိန်လည်းဖြစ်ပြီး ဆေးဆိုင်တွေနဲ့ အွန်လိုင်းစတိုးတွေမှာ နှာခေါင်းစည်းတွေ ပစ်္စည်းပြတ်နေပြီ လည်း ဖြစ်ပါတယ်။
အဲဒီအချိန်ကစပြီး အခြေအနေက ပိုဆိုးလာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ရာနဲ့ချီသေဆုံးပြီးတော့ နိုင်ငံပေါင်း ၂၀ ကျော်ကို ပျံ့နှံ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ကမ်္ဘာ့ကျန်းမာ ရေးအဖွဲ့က လူတစ်ဦးတစ်ယောက်ချင်း စီကို ကာကွယ်ပေးနိုင်တဲ့ အကာအ ကွယ်ပစ်္စည်းတွေ တစ်ကမ်္ဘာလုံးမှာ ရေရှည်ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရ ပြီလို့ ကြေညာခဲ့ပါတယ်။


ကမ်္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအ ကဲ တက်ဒရို အက်ဒ်ဟာနွမ် ဂီဘရီယီး ဆပ်က “ကျွန်တော်တို့ဘက်က စမ်း သပ်ကိရိယာတွေ၊ နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ၊ အသက်ရှူကိရိယာ တွေ၊ ဝတ်စုံတွေကို ဒေသတိုင်းမှာရှိတဲ့ နိုင်ငံတိုင်းကို ပို့ပေးနေတာပါ။ ဒါပေ မဲ့ ကမ်္ဘာကြီးဟာ တစ်ဦးတစ်ယောက် ချင်းစီကို ကာကွယ်ပေးနိုင်မယ့်ပစ်္စည်း တွေ ရေရှည်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေ ရပါပြီ”လို့ ဆိုပါတယ်။


ကိုရိုနာ ဗိုင်းရပ်စ်အသစ်ဟာ တရုတ်နိုင်ငံအလယ်ပိုင်းက ဝူဟန်မြို့ မှာ ဒီဇင်ဘာလက စတင်ကူးစက်ပျံ့နှံ့ခဲ့ တာပါ။ ပြီးခဲ့တဲ့ စနေနေ့ မနက်ပိုင်းက တစ်ကမ်္ဘာလုံးမှာ ကူးစက်သူ ၃၄၉၅၇ ယောက်ရှိနေပါပြီ။ ပြည်မကြီးမှာပဲ ၃၄၆၁၀ ကျော်ရှိနေပါတယ်။ စုစုပေါင်း သေဆုံးသူ ၇၂၅ ယောက်ရှိပြီးတော့ နှစ်ယောက်ကလွဲလို့ ကျန်တာက တရုတ်ပြည်မကြီးမှာ သေဆုံးတာပါ။


ကမ်္ဘာတစ်ဝန်း နှာခေါင်းစည်း ပြတ်လပ်မှုဟာ အီလက်ထရွန်နစ် လုပ်ငန်းကြီးတွေဖြစ်တဲ့ ဖောက်ဇ်ကွန်း ကို နှာခေါင်းစည်း ထုတ်လုပ်ရေးလုပ် ငန်းတစ်ခု တည်ထောင်အောင် လှုံ့ ဆော်ပေးခဲ့ပါတယ်။ ဖောက်ဇ်ကွန်းဟာ အက်ပဲလ်အိုင်ဖုန်းတွေ ထုတ်လုပ်နေတဲ့ လုပ်ငန်းပါ။ သူတို့က တရုတ်နိုင်ငံအရှေ့ တောင်ပိုင်း ရှန်ဇန်းအနီးမှာ နှာခေါင်း စည်း စက်ရုံတည်မှာ ဖြစ်ပါတယ်။


ထုတ်လုပ်ခွင့်ရဖို့ လျှောက်ထား ထားပြီဖြစ်ပြီးတော့ ဖေဖော်ဝါရီလကုန် ပိုင်းကစပြီး တစ်နေ့ကို နှာခေါင်းစည်း နှစ်သန်း ထုတ်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ကုမ်္ပဏီ က သောကြာနေ့မှာ ပြောသွားပါ တယ်။


“ဒီနှာခေါင်းစည်းတွေက ကိုရိုနာ ဗိုင်းရပ်စ်ကို ကာကွယ်တဲ့နေရာမှာ ကုမ်္ပဏီဝန်ထမ်းတွေရဲ့ အမြင့်ဆုံး လို အပ်ချက်ကို စိတ်ကျေနပ်လောက်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေ မဲ့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ် မှုမှာ ပြင်ပကနေ အထောက်အကူ ဖြစ်စေဖို့ အသုံးချနိုင်ပါတယ်”လို့ ကုမ်္ပ ဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။


တရုတ်နိုင်ငံရဲ့ အွန်လိုင်းဆိုင်ကြီး တွေမှာ သီတင်းပတ် တော်တော်များများ အထိ နှာခေါင်းစည်းဝယ်လို့ရဖို့ မဖြစ် နိုင်သေးပါဘူး။ ဗိုင်းရပ်စ်ပျံ့နှံ့မှုအတွက် ပုံမှန်ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေ ထက်ပိုပြီး ထိထိရောက်ရောက် ကာ ကွယ်ပေးနိုင်တယ်ဆိုတဲ့ ြ၉၅ နှာခေါင်းစည်းတွေလည်း အွန်လိုင်း ပလက်ဖောင်းကြီးတွေမှာ ပြတ်လပ်နေ ပါပြီ။


ဟောင်ကောင်မှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေဝယ်နိုင်ဖို့ ပြည်သူ တွေဟာ ဆေးဆိုင်တွေအပြင်ဘက်မှာ သုံးနာရီလောက် တန်းစီပြီး စောင့်နေ ရပါတယ်။ ဝယ်လိုအားက အရမ်းမြင့် နေတာကြောင့် ဆေးဆိုင်တွေဟာ တစ်ယောက်ချင်းစီကို အကန့်အသတ် နဲ့ ရောင်းချပေးနေရပါတယ်။


တရုတ်နိုင်ငံတစ်ဝန်းမှာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို သီးခြားခွဲထားတဲ့ နေရာတွေ၊ လေကြောင်းခရီးစဉ် ဖျက်သိမ်းမှုတွေ၊ စတိုးဆိုင်တွေကို ပိတ်ခိုင်းထားတာတွေ၊ စက်ရုံတွေနဲ့ တခြားစီးပွားရေးလုပ်ငန်း တွေကို ယာယီပိတ်ခိုင်းထားတာတွေနဲ့ ထိန်းချုပ်နေပါတယ်။


ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရက အ ထက်တန်းကျောင်းတွေနဲ့ ကောလိပ် ကျောင်းတွေအတွက် နှာခေါင်းစည်း တွေ အခမဲ့ဝေပေးနေပါတယ်။ ဖေဖော် ဝါရီ ၁ ရက်နေ့မှာ ပထမဆုံး ကိုရိုနာ ဗိုင်းရပ်စ်လူနာကို အတည်ပြုပြီးတဲ့ နောက် စတင်လုပ်ဆောင်ခဲ့တာပါ။ မနီလာ၊ ပဂါဒီယန်၊ ဘူကစ်ဒ်နွန်မြို့တွေ မှာလည်း နှာခေါင်းစည်းတွေ ပြတ် လပ်နေပါပြီ။


ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က စပြီး နှာခေါင်းစည်းတွေကို ပြည်သူ တွေအတွက် လုံလုံလောက်လောက် ရှိတယ်ဆိုတာ သေချာမှ နိုင်ငံခြားကို တင်ပို့ဖို့ ထုတ်ပြန်ထားပါတယ်။


ပြင်သစ်နိုင်ငံမှာတော့ အသက်ရှူ နှာခေါင်းစည်း ထုတ်လုပ်ရေးလုပ်ငန်း တစ်ခုဟာ ထုတ်လုပ်မှုကို ပုံမှန်ထက် ငါးဆမြှင့်တင်ပြီး ထုတ်လုပ်နေပြီဖြစ် ပါတယ်။ ကိုလ်မီဟိုပန်ဆိုတဲ့ အဲဒီ လုပ်ငန်းဟာ ပါရီမြို့ အနောက်တောင် ဘက် မိုင် ၂၀၀ အကွာက အန်ဂါဆိုတဲ့ မြို့မှာ တည်ရှိပါတယ်။ တစ်နှစ်ကို ပုံမှန်အားဖြင့် နှာခေါင်းစည်း သန်း ၁၇၀ ထုတ်လုပ်နေတဲ့ လုပ်ငန်းဖြစ်ပါ တယ်။ အခုအချိန်မှာတော့ ဝယ်လိုအား တွေ မြင့်လာတာကြောင့် ထုတ်လုပ်မှု ကို တိုးမြှင့်ထားရတာဖြစ်တယ်လို့ မိခင်ကုမ်္ပဏီဖြစ်တဲ့ မက်ဒီကွန်းရဲ့ လုပ်ငန်းအမှုဆောင်ချုပ်က ွကငူူကောန ူလေနမိကမန ဆိုပါတယ်။


အဲဒီစက်ရုံက ထုတ်လုပ်မှုကို တစ်ပတ်ခုနစ်ရက်လုံး ထုတ်လုပ်ဖို့၊ တစ်ရက်ကို အဆိုင်းသုံးဆိုင်းနဲ့ ထုတ် လုပ်ဖို့၊ ဝန်ထမ်း ၃၀ ရာခိုင်နှုန်း ထပ်မံ ခန့်ထားဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီမှာရှိတဲ့ လုပ်ငန်းကိုတင် မဟုတ်ပါ ဘူး၊ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ စက်ရုံကိုလည်း အဆိုင်းသုံးဆိုင်းနဲ့ ထုတ်လုပ်ခိုင်းထားပြီဖြစ်ပါတယ်။ “ကျွန် တော်တို့ရဲ့ ပစ်မှတ်ကတော့ ကျွန်တော် တို့အနေနဲ့ တတ်နိုင်သလောက် လူများ များကို ကယ်ရမယ်ဆိုတဲ့ အချက်ဖြစ် ပါတယ်”လို့ ူလေနမိကမန က ဆိုပါ တယ်။


နှာခေါင်းစည်းတွေဟာ အခုဆိုရင် အမေရိကန်ပြည်ထောင်စုမှာလည်း ဝယ်ဖို့ ခက်နေပါပြီ။ အမျိုးသား လူထု ဆေးဝါးအဖွဲ့က ကြာသပတေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကွင်း ဆင်းလေ့လာမှု ရလဒ်တစ်ခုကို ထုတ် ပြန်ပါတယ်။ အဲဒီရလဒ်မှာ တစ်နိုင်ငံ လုံးက ဆေးဆိုင်တွေရဲ့ ၉၆ ရာခိုင်နှုန်း ဟာ နှာခေါင်းစည်း ပြတ်လပ်နေပြီလို့ ဖော်ပြထားပါတယ်။ ၄၀ ရာခိုင်နှုန်းမှာ ြ၉၅ နှာခေါင်းစည်းတွေ အလုံအ လောက်မရှိတော့ဘူးလို့လည်း ဆိုပါ တယ်။


နယူးယောက်မြို့ ဟပ်ဒ်ဆန်အရပ် မှာရှိတဲ့ ဝါလ်ဂရင်း ဆေးဆိုင်က အရောင်းသမားတစ်ယောက်က “ကျွန် တော်တို့ ပြန်ဖြည့်ထားတဲ့ နှာခေါင်း စည်းတွေ အကုန်လုံး နောက်တစ်နေ့ ညနေဆိုရင် ကုန်သွားပြီ”လို့ စီအင်န် အင်န်ကို ပြောပါတယ်။


အမေရိကန် နိုင်ငံတစ်ဝန်းမှာ ဦး ဆောင်နေတဲ့ ဆေးဆိုင်ကြီးတွေဖြစ်တဲ့ ဃဠှ တို့၊ ျွှေူာမေအ တို့မှာလည်း နှာ ခေါင်းစည်းတွေ နည်းရာကနေ မရှိသ လောက်ဖြစ်လာပြီးလို့ သူတို့ရဲ့ဝက်ဘ် ဆိုက်တွေမှာ ဖော်ပြထားပါတယ်။


ဃဠှ ကျန်းမာရေးဌာနက လူထု ဆက်ဆံရေး အကြီးတန်းမန်နေဂျာ အေမီသီဘော့က “နှာခေါင်းစည်းတွေ ကို စားသုံးသူတွေရဲ့ ဝယ်လိုအားနဲ့ ကိုက်ညီစေဖို့ ကျွန်မတို့ဆီ ပစ်္စည်းသွင်း နေတဲ့ လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်နေပါတယ်”လို့ဆိုပါတယ်။ “ကျွန်မ တို့အနေနဲ့ နှာခေါင်းစည်းတွေကို အမြန်ဆုံး ပြန်ဖြည့်နိုင်မှာပါ”လိုလည်း ဆိုပါတယ်။


တရုတ်နိုင်ငံမှာ ပြတ်လပ်နေတာ ကြောင့် တချို့အဖွဲ့တွေက အမေရိကန် ပြည်ထောင်စုကနေ ဝယ်ယူပြီး တရုတ် နိုင်ငံကိုပို့ဖို့ လုပ်နေကြပါတယ်။ ဂရိတ်တား၊ နယူးယောက်၊ ဝူဟန် တက်္ကသိုလ် ကျောင်းသားဟောင်းများ အဖွဲ့က ွသ်ကညိာန ဆိုတဲ့ လှုပ်ရှားမှု တစ်ခုလုပ်ပြီး ဝူဟန်မှာရှိတဲ့ လူနာတွေ နဲ့ ဆရာဝန်တွေအတွက် လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ပစ်္စည်းတွေပို့ပေးဖို့ အလှူခံတာ အမေရိကန်ဒေါ်လာ ခြောက်သိန်းကျော် ရနေပြီဖြစ်ပါတယ်။ အမေရိကန် ထုတ်လုပ်သူတွေဆီက နှာခေါင်းစည်း လေးသောင်းလည်း ဝယ်ထားပါတယ်။


သုတမင်းထွဋ်

Write A Comment