Breaking
Ad
Ad
Ad
Opinion

ဒီလမ်းပေါ်မှာဒန်ပေါက်အလကားမကျွေးပါ

Pinterest LinkedIn Tumblr

ဒီလမ်းပေါ်မှာဒန်ပေါက်အလကားမကျွေးပါ

=================================
ပြီးခဲ့တဲ့ရုံးပိတ်ရက် တနင်္ဂနွေနေ့ က ရွှေတိဂုံဘုရားကို သွားခဲ့ပါတယ်။ မှတ်မှတ်ရရ ဖေဖော်ဝါရီလ ၉ ရက်နေ့။ အပြန်ကျတော့ မြို့ထဲကိုသွားစရာကိစ်္စ ရှိတာကြောင့် ဗဟန်း ၃ လမ်းမှတ်တိုင် ကနေ့ြှ စီးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ကနေ ဆင်းလာခဲ့မိတယ်။ အဲဒီမှာ စတွေ့တာ ပဲဆိုပါတော့။ မျက်စိထဲမှာ ပုံမှန်မဟုတ် တဲ့ မြင်ကွင်းကြောင့် စပ်စုမိတယ်။ ဘယ်လိုပုံမှန် မဟုတ်တာလဲဆိုတော့ မထသယာဉ်လိုင်းတွေ ခေတ်တုန်းက ဂိတ်နံပါတ်တစ်ခုတပ်ပြီး လိုင်းဆွဲစား ခဲ့ဖူးတဲ့ ဒိုင်နာကားတွေအများကြီး တစ်နေရာတည်းမှာ တွေ့လိုက်ရလို့ ပဲ။


အဲဒီနံပါတ်အနီနဲ့ ဒိုင်နာကားတွေ ကို ကျွန်မတို့က ကောင်းကောင်းမှတ်မိ တယ်။ နေ့စဉ်နဲ့အမျှ ရုံးတက်ရုံးဆင်း လုပ်နေရတဲ့ ကျွန်မတို့လိုဝန်ထမ်းတွေ မပတ်သက်ချင်ဘဲ ပတ်သက်ခဲ့ရတဲ့ ခပ်ကြမ်းကြမ်းဒရိုင်ဘာတွေ၊ ပါးစပ် စည်းကမ်းမရှိတဲ့ စပယ်ယာတွေအများ ဆုံးရှိနေတတ်တဲ့ ကားတွေမို့လို့ပါပဲ။ အဲဒီ မထသယာဉ်လိုင်းတွေနေရာမှာ့ြှ ကားတွေ အစားထိုးပြေးဆွဲပြီး ကတည်းက ရန်ကုန်မြို့လယ်ကောင်မှာ နံပါတ်အနီနဲ့လိုင်းဆွဲတဲ့ ဒိုင်နာကားတွေ မရှိတော့ပါဘူး။ ရန်ကုန်မြို့ရဲ့ အပြင် ဘက် မှော်ဘီ၊ တိုက်ကြီးတို့ ပဲခူးဘက် တို့၊ လှိုင်သာယာ ထန်းတပင်ဘက်တွေ ရောက်တဲ့အခါမှသာ အဲဒီကားတွေနဲ့ ခရီးတိုဆွဲနေတာ တွေ့ရပါလိမ့်မယ်။ အခုလို ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် ရေခဲဆိုင်မှတ်တိုင်တစ်ဝိုက်မှာ အဲဒီ ကားတွေ ၁၀ စီးပတ်ဝန်းကျင် တွေ့ လိုက်ရတာဟာ ကိစ်္စတစ်ခုကြောင့် ရောက်လာတာကလွဲရင် အခြားမဖြစ် နိုင်တာ သေချာပါတယ်။


ဒီနေရာမှာ ဘာကိစ်္စရှိနိုင်သလဲ စဉ်းစားလိုက်တော့ ဘုန်းကြီးကျောင်း တွေရဲ့အရှေ့မှာ ရပ်ထားတာဖြစ်တာမို့ နယ်ကနေ ဒီအနီးနားတစ်ဝိုက်က ဘုန်း ကြီးကျောင်းတွေမှာများ အလှူလာ လုပ်လေသလား၊ မင်္ဂလာဦးဆွမ်းကျွေး များ လာလုပ်ကြသလားပေါ့။ ကိုယ့် ဘာသာတွေးကြည့်ရင်း မျက်စိက ဟိုကြည့် ဒီကြည့်နဲ့ကြည့်ရာက ကား ထဲကြည့်လိုက်မိတော့မှ သိချင်တဲ့ အဖြေရဲ့သဲလွန်စကို တွေ့လိုက်ပါတယ်။ ကားပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေ တဲ့ လူတချို့နဲ့ အချို့ရဲ့လက်ထဲမှာ ဒန် ပေါက်နဲ့ခေါက်ဆွဲကြော်၊ကြာဇံကြော် တွေ ပါဆယ်ဝယ်တဲ့အခါ ထည့်ပေးလေ့ ရှိတဲ့ ဖော့ဘူးတွေကိုဖွင့်ပြီး စားနေ တဲ့ပုံတွေ မြင်လိုက်တော့မှပဲ ဒီကားတွေ ဟာ ဘုန်းကြီးကျောင်းမှာ အလှူ၊ မင်္ဂလာ ဆောင် လာလုပ်တာမဟုတ်ဘဲ တန်းစီ ချီတက်ကြဖို့ ဒီနေရာကိုစုရပ်လုပ်တာဖြစ်မယ်ဆိုတဲ့အဖြေကို သွား တွေ့ပါတော့တယ်။ ဘာပွဲလဲဆိုတာက တော့ြှ ပေါ်ကနေလှမ်းမြင်လိုက်ရ တဲ့ခရမ်းရောင်ဗီနိုင်းကြီးပေါ်ကစာတန်း ရှည်ရှည်ကြီးက သက်သေပေါ့လေ။


ဆန်္ဒထုတ်ဖော်ပွဲတစ်ခုလို့ နား လည်ရပါတယ်။ ဘာကိုဆန်္ဒထုတ်ဖော် တာလဲဆိုတော့ “အမျိုးဘာသာ သာ သနာနှင့် အချုပ်အခြာအာဏာအပေါ် စိုးရိမ်ဖွယ်ရာ ထိပါးစော်ကားနေမှုအား ကန့်ကွက်ရှုတ်ချပွဲ” တဲ့။ အဓိကဆိုလို ရင်းကတော့ လက်ရှိအရပ်သားအစိုးရ ကို ပမာမခန့်တဲ့လုပ်ရပ် လွှတ်တော်ထဲ မှာစတင်နေပြီဖြစ်တဲ့ အခြေခံဥပဒေပြင် ဆင်ရေးလုပ်ငန်းတွေကို အနှောင့်အ ယှက်ပေးချင်တဲ့ လုပ်ရပ်တွေလို့မြင်ပါ တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တော့ ပြည်သူတွေဘာဖြစ်ဖြစ် ၂၀၀၈ အခြေခံဥပဒေကြီးကိုမပြင်နဲ့။ ၂၀၀၈ အခြေခံဥပဒေကြီးပေါ်ကနေ အသာစီး ရနေသူတွေရဲ့ အခွင့်အရေးတွေကို လုံးဝလာမထိနဲ့ဆိုတဲ့ အဓိပ်္ပာယ်မျိုးဆိုပါ တော့။ ဘယ်လိုလူမျိုးတွေကို ဘယ်လို ပုံစံမျိုးနဲ့စည်းရုံးပြီး လက်ထဲနိုင်ငံတော် အလံငယ်လေးတွေဝှေ့ရမ်းလို့ လမ်း ပေါ်တက် ဆန်္ဒထုတ်ဖော်စေသလဲဆို တာကတော့ စောစောက ကျွန်မရေးပြ ခဲ့တဲ့ နံပါတ်အနီဒိုင်နာကားပေါ်က မြင် ကွင်းတွေက သက်သေပါပဲ။


အဲဒီဆန်္ဒထုတ်ဖော်ပွဲရဲ့ အပြောနဲ့ လက်တွေ့ဟုတ်၊မဟုတ် ကျွန်မတို့ခွဲခြမ်း စိတ်ဖြာကြည့်ကြရအောင် ပထမဦးဆုံး ဆန်္ဒထုတ်ဖော်ချက်က အမျိုးအပေါ် စိုးရိမ်ဖွယ်ရာ ထိပါးစော်ကားခြင်းပေါ့ ဘယ်သူတွေကလဲ ဘယ်သူတွေကိုလဲ။ ကျွန်မတို့သိထားသမျှ အမျိုးဆိုတဲ့နေရာ မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျွန်မတို့အမျိုး တိုင်းရင်းသား ရခိုင် လူမျိုးတွေနဲ့ ဟိန်္ဒူဘာသာဝင်တွေကို ခိုးဝင်ဘင်္ဂလီတွေနဲ့ ဗျွှဗ အကြမ်း ဖက် အဖွဲ့တွေက ထိပါးစော်ကားခဲ့ကြ တာသိတယ်။ ပြီးတော့ ှုဃဲ မှာ သူ တို့က ဦးအောင်တိုင်တယ်။ ကျွန်မ တို့ မြန်မာလူမျိုးတွေကပဲ ဂျီနိုဆိုက်လုပ် နေသလိုလို တိုင်းပြည်နဲ့လူမျိုးကိုသိက်္ခာ ချကြတယ်။ အဲဒါကြောင့်မို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ကိုယ်တိုင်ဦးဆောင်လို့ ှုဃဲ တရားရုံးမှာ အဖြစ်မှန်ကိုသွားရောက် လျှောက်လဲချက်ပေးခဲ့ပြီးပြီ။ အဲဒီအချိန် တွေတုန်းက တစ်နိုင်ငံလုံး ျွှန ှအညေိ ျွှငအ့ ီတေ ဗကညါ ှညေ ှကက ုပင ဆိုပြီး တစ်ပြိုင်တည်းအော်ခဲ့ကြ ညီ ညွတ်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီတုန်းက နိုင်ငံနဲ့လူမျိုးအတွက်၊ တစ်နည်းအားဖြင့် ကိုယ့်အမျိုးတွေအတွက် ကျွန်မတို့ ဝန်းရံခဲ့ကြတုန်းက အခု ခရမ်းရောင် ဗီနိုင်းအဖွဲ့တွေ ဘယ်ရောက်နေလဲ သိချင်မိတယ်။ သူတို့ပြောတဲ့ အမျိုးဆို တာ ဘယ်အမျိုးကိုပြောတာလဲ ဒိုင်နာ ကားနဲ့အခေါ်လွှတ်ပြီး ဆန်္ဒပြဖို့လူစုပေး တဲ့ အမျိုးတွေအတွက်လား။


နောက်ပြီးတော့ ဘာသာ၊ သာသ နာ အပေါ်မှာလည်း စိုးရိမ်ထိတ်လန့်စရာ ကောင်းလောက်အောင် ထိပါးစော်ကား နေတာတွေလည်း ယနေ့အထိ မတွေ့ သေးပါဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်း မှာ အထောက်အထားမဲ့ ဝင်ရောက် အခြေချနေထိုင်နေသူ အစ်္စလာမ်ဘာ သာဝင်တွေနဲ့ ဌာနေတိုင်းရင်းသားတွေ ရဲ့ ပဋိပက်္ခတွေကလွဲလို့ မြန်မာတစ် နိုင်ငံလုံးမှာ ကျွန်မတို့ရဲ့ဘာသာ သာ သနာဟာအေးဆေးပါ။ ကျွန်မတို့ သာ သနာကို ဘယ်သူမှလာပြီး မစော်ကား ရဲပါဘူး။ မစော်ကားရဲတာလည်း မပြော နဲ့လေ ကျွန်မတို့ ဗုဒ်္ဓဘာသာဝင်တွေ မေတ်္တာတရားကလည်း အတိုင်းမသိ ကြီးမားတယ်လေ။ တခြားမကြည့်နဲ့ နိုင်ငံရဲ့လက်နက်ကိုင်တွေရဲ့ အကြီးအ ကဲ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် အစ်္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝတ် ကျောင်းတွေထဲအထိ သွားရောက်လှူ ဒါန်းတာတွေ၊ ဟိန်္ဒူဘုရားကျောင်း၊ ခရစ်ယာန်ချာ့ချ်တွေထဲသွားပြီး အလှူ အတန်းလုပ်နေတာသာ ကြည့်တော့ ပေါ့။ သူများဘာသာကိုတောင်မှ ကိုယ် က ပေးကမ်းလှူဒါန်းနေသေးတာ အလှူ့ရှင်ရဲ့ဘာသာ သာသနာကို ဘယ်သူက စော်ကားရဲမှာတဲ့လဲ။


နောက်ဆုံးနဲ့အရေးအကြီးဆုံးဆန်္ဒ ထုတ်ဖော်ချက်ကတော့ အချုပ်အခြာ အာဏာအပေါ် စိုးရိမ်ဖွယ်ရာထိပါး စော်ကားနေမှုအား ကန့်ကွက်ရှုတ်ချ တယ်တဲ့။ ဆန်္ဒပြပွဲမှာ ပါသူတွေကိုယ် တိုင် စော်ကားနေပြီဆိုတာ သိကြရဲ့လား လို့မေးချင်ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေရဲ့ပေးထားချက်အရ တိုင်းပြည်ရဲ့ ကာကွယ်ရေးတာဝန်ဟာ မြန်မာ့တပ်မ တော်ရဲ့ တာဝန်ဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ရှိရှိသမျှသော လက်နက်ကိုင်အဖွဲ့တွေ အားလုံးကို ကာကွယ်ရေးဦးစီးချုပ်ကြီး ကသာ စီမံခန့်ခွဲခွင့်ရှိတယ်လို့ပြော ထားပြီးသား။ အဲဒီလို တိုင်းပြည်ရဲ့ သမ်္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ်္ဂိုလ် တို့က စီမံခန့်ခွဲအုပ်ချုပ်ပိုင်ခွင့်မရှိတဲ့ မြန်မာ့တပ်မတော်ကြီးဟာ ကာကွယ် ရေးဦးစီးချုပ်ကြီးရဲ့ ထိန်းကျောင်းမှု အောက်မှာ အိမ်နီးချင်းတိုင်းပြည်တွေ ထက်ကို ရဲစွမ်းသတ်္တိတွေ ထွန်းပြောင် ချက်က တဟုန်းဟုန်းထနေတာ ကျွန်မ တို့မျက်မြင်ကိုယ်တွေ့။ လက်နက်ကိုင် သူပုန်တွေဆိုတာ အဝေးကနေသာ လှမ်းပစ်ရဲတာ အနားဆိုကပ်ကို မကပ် ရဲဘူး။ မေမြို့နဲ့နောင်ချိုတိုးဂိတ်ကို ပစ်ပြေး ပြေးတာကြည့်ပေါ့။ အဲဒီ လောက်ကို ကြောက်တာ။


အခု ဗဗ သူပုန်လည်း ဒီအတိုင်းပဲ လေ။ မြန်မာ့တပ်မတော်ကိုများ မခန့် လေးစား ခရီးသွားတဲ့ စစ်သားတွေနဲ့ ရဲတွေကို ပြန်ပေးဆွဲ ဓါးစာခံလုပ်တယ်။ ကျောင်းမှန်းကန်မှန်းသိအောင် တိုက် လေယာဉ်တွေနဲ့ကို ကောင်းကင်ကနေ မကောင်းသူထိပ် ကောင်းသူထိပ် ပတ်ဆွဲပစ်ထည့်လိုက်တာ အကုန်သေ ကုန်ရော။ မှတ်ပလား ဒါမှ နောက်ဆို ပြန်ပေးမဆွဲရဲတော့မှာလေ။ အဲဒီလို လက်ရုံးရည် နှလုံးရည်တွေအပြည့်နဲ့ မြန်မာ့တပ်မတော်ကြီးတစ်ခုလုံး ပိုင် ဆိုင်ထားတဲ့ တို့တိုင်းပြည်ရဲ့ အချုပ်အ ခြာကို ဘယ်သူဖဲ့ရဲလဲပြော။ ကျွန်မ အမြင်ကိုပြောရရင် ဒီဆန်္ဒ ထုတ်ဖော် ပွဲဟာ မြန်မာ့တပ်မတော်ကြီးရဲ့ ဂုဏ် သိက်္ခာကို ထိပါးတယ်လို့မြင်ပါတယ်။ အထူးသဖြင့် အမျိုးဘာသာ သာသနာ အတွက် အားထားရတဲ့ ကာကွယ်ရေး ဦးစီးချုပ်ကြီးကို့ြဗြ အသင်းကြီး ကတောင် သူ့တစ်သက် အမြင့်ဆုံး ဘွဲ့တံဆိပ်တော်ကြီး ချီးမြှင့်ရမင့်ဟာ တကယ်တော့ “အမျိုးဘာသာ သာသနာ နှင့် အချုပ်အခြာအာဏာအပေါ် စိုးရိမ် ဖွယ်ရာ ထိပါးစော်ကားနေမှုများအား ကန့်ကွက်ရှုချပွဲ” ဆိုတဲ့ ဗီနိုင်းကိုင် စီတန်းလမ်းလျှောက်ကြတဲ့ပွဲဟာ လုပ် စရာကိုမလိုတာ။ဆိုင်းဘုတ်ထဲရေးထား တဲ့ အကြောင်းအရာတွေက မမှန်တဲ့ အပိုကိစ်္စတွေမို့ဆန်္ဒပြစရာကိုမလိုတာ။


ဒီမိုကရေစီနိုင်ငံတော်ဆီသွားရာ လမ်းဟာ ဆန့်ကျင်ကန့်ကွက် ဆန်္ဒပြ ခြင်းတွေနဲ့စခဲ့ကြတယ်ဆိုတာ မြန်မာ သိ ကမ်္ဘာသိ အားလုံးသိတဲ့ကိစ်္စတွေပါ။ သို့သော်ဒီနေ့လို ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေကျင်းပလို့ အရှိန်ရနေချိန် ၂၀၀၈ အခြေခံဥပဒေကြီးပြင်ဆင်ဖို့ အတော် ခရီးပေါက်နေချိန်မျိုးမှာ ဆန်္ဒထုတ်ဖော် ပွဲတွေကို မကျင်းပတာဟာ ပိုကောင်း ပါလိမ့်မယ်။ လူထုခေါင်းဆောင်ပြော သလိုပါပဲ “ကျွန်မတို့က တိုင်းပြည် မကောင်းအောင်လုပ်တာ ဘာမှ မရှိ ဘူး” ဆိုသလိုပေါ့ ဘယ်သူကတိုင်းပြည် ကောင်းဖို့လုပ်နေလဲ ဘယ်သူတွေက ကိုယ့်အဖွဲ့ကောင်းဖို့ လုပ်နေလဲဆိုတာ အသိသာကြီးပါ။ သေချာတာက ဒီမို ကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကြီး ဆီ သွားရာလမ်းမှာ အချောင်ရတာ ဘာဆိုဘာမှမရှိပါဘူး။ အချောင်ရရင် ဒီမိုကရေစီအစစ် မဟုတ်တော့ဘူး။ ကုန်ကုန်ပြောရရင် ဒန်ပေါက်တစ်ထုပ် တောင် အလကားစားရဖို့ မရှိဘူးဆိုတာ ပြောလိုက်ချင်ပါရဲ့။


ဂျေလှသင်

Write A Comment