Breaking
Ad
Ad
Ad
Opinion

တွေးစရာများနဲ့ မေးစရာများ

Pinterest LinkedIn Tumblr

တွေးစရာများနဲ့ မေးစရာမျာ


ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါ တယ်။ အခြေခံအုတ်မြစ်မမှန်ရင် နိုင်ငံ တော် အဆောက်အအုံဟာ ပုံပျက်ပန်း ပျက် ရုပ်မထွက်ဖြစ်နေမှာပါ။ ဒီကနေ့ နိုင်ငံတော်မှာ တိုင်းရင်းသားညီအစ်ကို များအကြား ပြန်လည်ရင်ကြားစေ့နိုင်ဖို့ နဲ့ နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးကို ပြန် လည်တည်ဆောက်ဖို့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ အလွန်အရေးကြီးတဲ့ အခြင်း အရာ ဖြစ်တယ်ဆိုတာကလည်း အထင် အရှားပါ ။


ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မတ်လ (၁၅) ရက်နေ့က ပထမအကြိမ် ပြည် သူ့လွှတ်တော် ဆဋ္ဌမအကြိမ် အစည်း အဝေးမှာ ဝက်လက်မြို့နယ် မဲဆန်္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က အရေးတကြီး အဆို တစ်ခု တင်သွင်းခဲ့ပါတယ်။ အဲဒီအဆို ကို မြစ်ကြီးနားမြို့နယ် မဲဆန်္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး သိန်းဇော်က ထောက်ခံဆွေးနွေးခဲ့ပါ တယ်။ အဲဒီအဆိုကတော့ “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင် ဆင်ဖို့ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီကို ဖွဲ့စည်းပေးဖို့” တင်သွင်း ခဲ့တဲ့ အရေးကြီးအဆိုပဲဖြစ်ပါတယ်။


ဒီအဆိုနဲ့စပ်လျဉ်းပြီး ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် ပြည်သူ့လွှတ် တော်ဥက်္ကဋ္ဌက ပြည်ထောင်စုလွှတ် တော် နာယကထံကို ၂၀၁၃ ခုနှစ် မတ် ၁၈ ရက်နေ့မှာ သဝဏ်လွှာပေးပို့ ခဲ့ပါတယ်။ မတ် ၂၀ ရက်နေ့ ပထမအ ကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက် နေ့တွင် အဆိုကို ပြည်ထောင်စုလွှတ် တော်၌ လက်ခံဆောင်ရွက်ရန် ကန့် ကွက်သူမရှိ ဆုံးဖြတ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာတော့ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ကို လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါ တယ်။


ယခုဒုတိယအကြိမ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ကကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ မကွေးတိုင်းဒေသကြီး မဲဆန်္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးအောင်ကြည်ညွန့်က ပြည် ထောင်စု သမ်္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ပြင် ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်း ကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များနှင့်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အ ရေးကြီးအဆိုကို တင်သွင်းခဲ့ပြီး ဒေါက် တာဝေဖြိုးအောင် (သာကေတ မဲဆန်္ဒ နယ်)က ထောက်ခံဆွေးနွေးခဲ့ပါတယ်။ အဲဒီအဆိုကို ပြည်ထောင်စုလွှတ်တော် က လက်ခံဆွေးနွေးရန် သဘောတူညီ ခဲ့ပါတယ်။


ဒါဟာ ပထမအကြိမ်က သူရဦး အေးမြင့် တင်သွင်းခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မ တီကို ဖွဲ့စည်းပေးဖို့” အရေးကြီးအဆိုနဲ့ အလားတူပဲဖြစ်ပါတယ်။ ဒါပေမဲ့ဒီတစ် ကြိမ်မှာတော့ ဒီလိုပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့တင်သွင်းလာတဲ့အဆိုကို အပြင်း အထန်ကန့်ကွက်ချက်များရှိလာတာက တော့ဖြင့် အတော့်ကို အံ့သြစရာပါ။


အဲဒီလိုကန့်ကွက်ရာမှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ကန့် ကွက်နေတာမဟုတ်ကြောင်း ပြင်ဆင် ဖို့ကို သဘောတူကြောင်း၊ ဒါပေမဲ့ လုပ် ထုံးလုပ်နည်းများနှင့် အညီလုပ်ဆောင် ရန်လိုအပ်ကြောင်း၊ ယခု အဲဒီလိုမဟုတ် ဘဲ ကော်မတီအနေနဲ့ ဘယ်ပုဒ်မကို ပြင်မယ်၊ ဘယ်လိုစီစဉ်မယ်ဆိုတာကို မသိရကြောင်း၊ ဒီကိစ်္စဟာ မဲခွဲဆုံးဖြတ် ရမယ့် ကိစ်္စမဟုတ်ကြောင်း” ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ ဒီ အပြင်လည်း “ဥပဒေကို လက်တစ်လုံး ခြားလုပ်တယ်” ဆိုတဲ့ ပြင်းပြင်းထန်ထန် စွပ်စွဲမှုများကိုလည်း ပြုလုပ်ခဲ့ကြပါ တယ်။ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုကို ကန့်ကွက်သူတွေရှိ တဲ့အတွက် မဲခွဲဆုံးဖြတ်မှာဖြစ်ကြောင်း ကြေညာလိုက်တဲ့အခါမှာလည်း လွှတ် တော်အတွင်းက တပ်မတော်သား ကိုယ်စားလှယ်အားလုံးက မတ်တပ်ရပ် ကန့်ကွက်ခဲ့ကြတာကိုလည်း အံ့သြ စဖွယ် တွေ့မြင်ခဲ့ရပါတယ်။ အဆိုကို ကန့်ကွက်ခဲ့သူတွေက ကန့်ကွက်ရခြင်း အကြောင်းတွေကို ဆွေးနွေးကြတဲ့အခါ “ဘယ်ပုဒ်မကိုပြင် မယ်၊ ဘယ်လိုစီစဉ်မယ်ဆိုတာကို မသိ ရတဲ့အတွက်” လို့ ပြောကြားသွားခဲ့တာ ကို ကြားရပါတယ်။ အဲဒီလို ကြားရတဲ့ အခါ ပထမအကြိမ်လွှတ်တော်တုန်းက ဒီလိုပဲ ပူးပေါင်းကော်မတီ ဖွဲ့စည်းခဲ့ တုန်းကရော “ဘယ်ပုဒ်မကို ပြင်မယ်၊ ဘယ်လိုစီစဉ်မယ်ဆိုတာကို လွှတ် တော်ကို ကြိုတင်အသိပေးပြောကြားခဲ့ ပါသလား” လို့ မေးစရာ ရှိလာရပါ တယ်။


ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် (၆၃/၂၀၁၅) အရ ထုတ်ပြန် ထားတဲ့ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဥပဒေကို လေ့လာကြည့်တဲ့အခါ ပုဒ်မ ၂၃ မှာ ဆန်္ဒမဲဖြင့် ဆုံးဖြတ်ခြင်း ဆိုတဲ့အပိုဒ်မှာ လွှတ်တော်အစည်းအ ဝေးများတွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာတစ်ရပ်နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အခြားနည်းပြဋ္ဌာန်းထား ခြင်းမရှိလျှင် အစည်းအဝေးသို့ တက် ရောက်၍ဆန်္ဒမဲပေးသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ များရာဆန်္ဒမဲ ဖြင့် ဆုံးဖြတ်ရမည်လို့ ပြဋ္ဌာန်းထားတာ ကို တွေ့မြင်ရပါတယ်။ အဲဒီအတွက် ဒီအဆိုကို ကန့်ကွက်သူရှိလာတဲ့အတွက် မဲခွဲဆုံးဖြတ်မယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက က ဆုံးဖြတ်ချက်ပြု ခဲ့တာဟာ ဘာများ အမှားအယွင်းရှိလို့ ပါလဲ။ အဲဒီလိုမဲခွဲမဆုံးဖြတ်လို့ ဘယ် လို ဆုံးဖြတ်ရမှာလဲလို့ မေးစရာဖြစ်လာ ပါတယ် ။


သူရဦးအေးမြင့်ရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မ တီကို ဖွဲ့စည်းပေးဖို့”အဆိုကို ပထမအ ကြိမ်ပြည်ထောင်စုလွှတ်တော် အစည်း အဝေး ၂၀၁၃ ခုနှစ် မတ်လ(၂၀)ရက် နေ့မှာ အတည်ပြုခဲ့တယ်။ အဆိုတင် သွင်းပြီး နောက်ရက်သတ်္တပတ်အကြာ မှာ အတည်ပြုပေးခဲ့တယ်။ ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်အ စည်းအဝေး ၂၀၁၉ ဖေဖော်ဝါရီ (၆) ရက်မှာ ဦးအောင်ကြည်ညွန့် တင်သွင်း တဲ့ အလားတူ ပူးပေါင်းကော်မတီဖွဲ့စည်း ရေးအဆိုကို အတည်ပြုခဲ့တယ်။ အဆို တင်သွင်းပြီးနောက် ၈ ရက်အကြာမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ် စဉ်နှစ်ရပ်မှာ ပထမဖြစ်စဉ်တုန်းက လုပ်ထုံးလုပ်နည်းနဲ့ ညီခဲ့ပြီးတော့ ဒုတိယဖြစ်စဉ်ကျခါမှ လုပ်ထုံးလုပ် နည်းနဲ့မညီဘဲ ဥပဒေကို လက်တစ်လုံး ခြားလုပ်တယ်လို့ အသံထွက်လာတာ ဘာ့ကြောင့်လဲလို့ တွေးစရာတွေရှိလာရ ပါတယ်။


အချက်အလက်များအရ ယခုပူး ပေါင်းကော်မတီဟာ လွှတ်တော်ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို မဖြုန်းတီး ဘဲ လိုအပ်တဲ့ အချိန်အတိုင်းအတာမျှ သာယူပြီး ပူးပေါင်းကော်မတီကို ဖွဲ့ စည်းနိုင်ခဲ့သလို ငါးသိုင်းများပြီး ဟင်း ဟုန်ဆိုသလိုမဖြစ်ရအောင် လွှတ်တော် တွင်းမှာပါဝင်နေတဲ့ နိုင်ငံရေးပါတီများ နဲ့ အဖွဲ့အစည်းများအားလုံး အချိုးကျ ပါဝင်နိုင်အောင် ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းဆောင်ရွက်ခဲ့တာကိုလည်း အထင်းသားမြင်တွေ့နိုင်ကြမှာပါ။


အဲဒီလို ပြည်ထောင်စုလွှတ်တော် မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ၄၅ ဦး ပါဝင်တဲ့ ပူးပေါင်းကော်မတီကို ဖွဲ့စည်းရေး လုပ်ဆောင်ခဲ့ချိန်ကစလို့ လွှတ်တော်အ တွင်းမှာ ဆူညံပွက်လောရိုက်သံတွေ ကို ကြားလာရပါတယ်။ ဒီပူးပေါင်း ကော်မတီမဖွဲ့မီ အချိန်ကာလအထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးကိစ်္စနဲ့ပတ်သက်ပြီး ဘာသံမှမကြား ခဲ့ရပေမယ့် ဖွဲ့စည်းလိုက်ပြီဆိုတဲ့နောက် မှာတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်း တင်သွင်းချက်များကို ဆက် တိုက် လုပ်ဆောင်လာခဲ့ကြတာတွေကို လည်း တွေ့မြင်ကြားသိလာရပါတယ်။


ဒါပေမဲ့ ဒီလို ဥပဒေပြင်ဆင်ချက် မူကြမ်းတွေ အထပ်ထပ်အခါခါ တင် သွင်းလာချိန်မှာ ပြည်ထောင်စု လွှတ် တော်က(၄၅)ဦးပါဥပဒေကြမ်းပူးပေါင်း ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်နေပါပြီ။


အဲဒီအတွက် အဆိုတင်သွင်းလာတဲ့ ဥပဒေကြမ်းတွေကို ပူးပေါင်းကော်မတီ အစီရင်ခံစာမှာ တစ်ပေါင်းတည်းထည့် သွင်းပြီး ဆွေးနွေးစေဖို့ပြည်ထောင်စု လွှတ်တော်နာယကက လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုယူစေပါတယ်။ ဒီအခါ မှာလည်း လွှတ်တော်နာယကက ထင် ရာလုပ်နေသလိုမျိုး၊ လုပ်ထုံးလုပ်နည်းနဲ့ မညီမညွတ် ဆုံးဖြတ်လုပ်ဆောင်နေ သလိုမျိုး၊ လွှတ်တော်နာယကကိုလည်း မယုံကြည်ရတော့သလိုမျိုး အသံတွေ က ထွက်လာပြန်ပါတယ်။


အဲဒီလို လုပ်ဆောင်ချက်တွေက ဘာနဲ့တူနေသလဲဆိုတော့ အိမ်ဟောင်း ကြီးကိုပြင်ချင်တဲ့သူတွေက ပြင်ဆင် ဖို့ အားထုတ်နေကြချိန်မှာ ပြင်နိုင်တဲ့ သူတွေက ပြင်ဆင်ဖို့အားမထုတ်၊ ပြင် မယ်လို့ အသံမထွက်ဘဲ နေလာကြပြီး မှ ပြင်ချင်တဲ့သူတွေက တစ်အိမ်လုံးကို အကြီးစားပြင်ဆင်ဖို့လုပ်မယ်၊ ဘယ်လို ပုံစံနဲ့ ပြင်ဆင်ဆောက်လုပ်ကြမယ်ဆို တာကို အိမ်သားတွေ ညှိနှိုင်းမှုလုပ်ပြီး မာစတာပလန် ရေးဆွဲခါမှ ငါတို့က ဒီထုတ်တန်းကိုပြင်ဆင်မယ်၊ ငါတို့က ဒီယက်မကို ဖြုတ်လဲမယ်နဲ့ လုပ်လာ ကြတဲ့ အလားပါပဲ။ တကယ်ဆို တစ် အိမ်လုံးပြင်ကြရမယ့်ဟာ မင်းတို့ ပြင် တဲ့အထဲမှာ ငါတို့ ပြင်ချင်တာလေးတွေ ကိုလည်း ထည့်ပြင်ပါလို့ ဆွေးဆွေး နွေးနွေး ညှိညှိနှိုင်းနှိုင်းလုပ်ကြဖို့ မသင့်ပေဘူးလား မေးကြည့်ချင်ပါ တယ်။


ဒါပေမဲ့ ဒီမေးခွန်းက မေးစရာ မလိုဘဲ အဖြေထွက်လာခဲ့ပါပြီ။ ၄၅ ဦး ပူးပေါင်းကော်မတီက ဥပဒေကြမ်း (၂)ခုကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလာတဲ့ အခါမှာတော့ ဒီကော် မတီကို အပြင်းအထန် ကန့်ကွက်ခဲ့ကြ တာတွေက ဘာကြောင့်လဲ။ ဒီပြဿနာ တွေရဲ့ အရင်းအမြစ်က ဘာလဲ၊ ဒီလို လွှတ်တော်ထဲမှာ အသံတွေထွက်နေရ တာ ဘာကြောင့်လဲဆိုတာ အထင်းသား မြင်လိုက်ရပါတယ်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် (၄၅) ဦးပူးပေါင်း ကော်မတီမှာပါဝင်တဲ့ နိုင်ငံရေးပါတီ အသီးသီးက ပြင်ဆင်လိုတဲ့အချက်တွေ ကို တင်သွင်းဆွေးနွေးခဲ့ကြရာမှာ ပြင် ဆင်ချက်ပေါင်း ၃၅၀၂ ချက်တောင် ရှိခဲ့တယ်လို့ သိရပါတယ်။ ြှီူ ပါတီကတင် ပြင်ဆင်လိုတဲ့အချက် ၁၁၁၂ ချက်အထိ အများဆုံးတင်သွင်း ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပြင်ဆင် ချက်များကို တူရာစုပြီး ပြုစုလိုက်တဲ့ အခါ ၁၀၈ ချက် ပြင်ဆင်ဖို့ ရခဲ့တယ်လို့ ကြားသိရပါတယ်။ ဒီအချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ခြင်း အခန်း(၁၂) ပုဒ်မ ၄၃၆(က) နဲ့ အကျုံးဝင်တဲ့ ပြင်ဆင်ချက်များအတွက် ဥပဒေကြမ်းတစ်စောင်၊ ပုဒ်မ ၄၃၆(ခ) နဲ့ အကျုံးဝင်တဲ့ ပြင်ဆင်ချက်များအတွက် ဥပဒေကြမ်းတစ်စောင်လို့ ခွဲခြားပြုစုပြီး တင်သွင်းခဲ့ပါတယ်။ ဒါဟာ ၄၅ ဦး ကော်မတီရဲ့ အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့တဲ့အချက်ပါ။


၄၅ ဦး ပူးပေါင်းကော်မတီဟာ အဲဒီပြင်ဆင်ချက်များနဲ့အတူ တပ်မ တော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဆန်းချစ်၊ ဗိုလ်မှူးချုပ်မောင် မောင်၊ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စား လှယ် ဦးသိန်းထွန်း၊ ဒေါက်တာ မောင် သင်းနဲ့ ဦးစိုင်းသန်းနိုင်တို့ တင်သွင်း ထားတဲ့ ဥပဒေကြမ်းများကိုလည်း ပြည်ထောင်စုလွှတ်တော်ကို တစ်ပေါင်း တည်းတင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ဒါပေမဲ့ အဲဒီ ၄၅ ဦးကာ်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထား မှတ်ချက်အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တင်သွင်းလာတဲ့အခါမှာ တော့ သူတို့သီးခြား တင်သွင်းထားတဲ့ ဥပဒေကြမ်းတွေကို ပူးပေါင်းကော်မတီ အောက်ကို ထည့်သွင်းလိုက်တာကို မကျေနပ်ဘူးဆိုတဲ့အသံတွေ ထွက်လာ ပြန်ပါတယ်။


အဲဒီမကျေနပ်ဘူးဆိုတဲ့ ပုဂ်္ဂိုလ် များထဲက တစ်ယောက်ကတော့ဖြင့် “ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဖွဲ့ စည်းပုံပြင်ဆင်ဖို့အတွက် ြီူ က သူတို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာ တမ်းမှာပါတဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင် ဖို့ လုပ်တယ်ဆိုတဲ့ ှုာေါန ကိုယူတာ ဖြစ်ပါတယ်” လို့ သတင်းမီဒီယာများကို ဆိုကြောင်းသိရပါတယ်။ အဲဒီအပြင် “အခု ဆွေးနွေးရမယ့် အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းဟာ ြီူ က အဆိုပြုထားတဲ့ အချက်များသာဖြစ် တယ်၊ အားလုံး ပါဝင်ရေးလို့ ဆိုပေ မယ့် ြီူ ကကြီးစိုးထားတဲ့ကော်မ တီမှာ မဲခွဲပြီးရလာတာဖြစ်တဲ့အတွက် ဒီပြင်ဆင်ချက်ဟာ ြီူ ရဲ့ပြင်ဆင် ချက်များလို့ပြောနိုင်တယ်” “မဲခွဲလိုက် တော့ စဉ်းစားကြည့် ၄၅ ဦးကော်မတီမှာ ြီူ ကများတော့ ြီူ ချည်းပဲနိုင် တာပဲ၊ ၄၅ ဦးကော်မတီက တက်လာ တာလည်း ြီူ ရဲ့ ပြင်ဆင်ချက်ပဲ ဖြစ်တယ်” လို့ ပြောဆိုခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြထားတာ ကိုလည်း ဖတ်ရပါတယ်။ ဒီစကားကိုကြားရတော့ ကျား- ကျားမီးယပ် ဖြစ်နေသလားလို့ထင်မိပါ တယ်။ တိုင်းသိပြည်သိ ကြေညာထား ချက်အရ ဒီ(၄၅)ဦးကာ်မတီမှာ နိုင်ငံ ရေးပါတီတိုင်းက ကိုယ်စားလှယ်များ နဲ့ တပ်မတော်သားကိုယ်စားလှယ်များ အချိုးကျပါဝင်ကြတာပါ။ ဒီ ၄၅ ဦး ကော်မတီမှာ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက်္ကဋ္ဌ ဦးအေးသာအောင်တို့ကို ဖယ်လိုက်ရင် အဖွဲ့ဝင်နေရာ (၄၃)နေရာကျန်ပါတယ်။ အဲဒီ (၄၃) နေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က (၁၈)ဦး၊ တပ်မတော်သား ကိုယ်စားလှယ်က (၈)ဦး၊ ကြံ့ခိုင်ရေး ပါတီက (၂)ဦး၊ အခြားပါတီ ၁၄ ခုက ကိုယ်စားလှယ် (၁)ဦးစီ၊ တစ်သီးပုဂ်္ဂလ ကိုယ်စားပြု(၁)ဦးကို ထည့်သွင်းဖွဲ့ စည်းခဲ့ပါတယ်။


ဒီစာရင်းကို အသေအချာ တွက် ကြည့်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ကိုယ်စားလှယ်ဟာ(၂၀)မကျော် ပါဘူး။ အဲဒီတော့ မဲခွဲရင် အသာရတယ် ဆိုပေမယ့် ကော်မတီဝင်တိုင်းက ကော် မတီရဲ့ ညှိနှိုင်းအစည်းအဝေးတွေကို ပုံမှန်တက်ခဲ့ရင် ြီူ က ပြင်ဆင်လို တဲ့အချက်တွေကို အခြားကိုယ်စားလှယ် တွေအားလုံးက သဘောမတူဘူးဆိုရင် ြီူ ကချည်း နိုင်တာပဲဆိုတဲ့ကိစ်္စဟာ ဘယ်လိုမှ ပေါ်ပေါ်က်လာစရာ အ ကြောင်းမရှိဘူးဆိုတာ ရှင်းမယ်ထင်ပါ တယ်။


မကြာခင်ကာလမှာ အဲဒီ(၄၅)ဦး ကော်မတီက တင်သွင်းလာတဲ့ ဖွဲ့စည်း ပုံ အခြေခံဥပဒေကြမ်းကို ပြင်ဆင်တဲ့ ဥပဒေကြမ်းများကို ပြည်ထောင်စု လွှတ်တော်မှာ အဆုံးအဖြတ်ခံယူကြရ ပါတော့မယ်။ အဲဒီအခါမှာ နိုင်ငံတော် နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွား၊ ပြည် ထောင်စုကြီး ငြိမ်းချမ်းရေးအကျိုးစီး ပွားဆိုတဲ့ ခံယူချက်တွေနဲ့ ဆုံးဖြတ်ကြ မှာလား။ ငါတို့တင်သွင်းတဲ့ ဥပဒေ ကြမ်းမဟုတ်လို့ ငါတို့ကတော့ ကန့် ကွက်မှာပဲလို့များ လုပ်လာကြလေ မလား။ ပြင်သင့်ပြင်ထိုက်တဲ့၊ ပြင်ကို ပြင်ရမယ့် အချက်အလက်တွေဖြစ်ပါ လျက်နဲ့ ြီူ ပုံရိပ်ကောင်းရသွားမှာ မို့လို့ ဆိုတဲ့စိတ်အခံတွေနဲ့ မဖြစ်မနေ ကန့်ကွက်ကြမှာလား။ တွေးစရာအတွေး တွေနဲ့ မေးစရာမေးခွန်းတွေကတော့ တသီကြီးရှိနေပါပြီ ခင်ဗျာ။


ထင်လင်းဦး(Wisdom Villa)

Write A Comment