Breaking
Ad
Ad
Ad
Opinion

ထိုင်းခရီးသွားလုပ်ငန်းကို ခြိမ်းခြောက်နေသည့် ဝူဟန်ဗိုင်းရပ်စ်

Pinterest LinkedIn Tumblr

ထိုင်းခရီးသွားလုပ်ငန်းကို ခြိမ်းခြောက်နေသည့် ဝူဟန်ဗိုင်းရပ်စ်


ဘန်ကောက်မြို့ရှိ ယောဂခန်းမ တစ်ခုထဲသို့ တရုတ်သင်တန်းသားတစ် ယောက် တိတ်တဆိတ် ဝင်လာပြီး အခြားသူများနှင့် ခပ်ဝေးဝေးရှိ ဖျာများ ပေါ်တွင် ဝင်ထိုင်နေသည်။ အများသုံး ရထားပေါ်တွင်လည်း နှာခေါင်းစည်း တပ်ထားသည့် တရုတ်လူမျိုးများ တက်လာချိန်တွင် ရထားပေါ်၌ ရှိနေ သူများဘေးသို့ ရှဲသွားကြသည်။ အငှား ယာဉ်မောင်းဆရာ တစ်ဦးကလည်း လမ်းဘေးတွင် လက်တားနေသည့် တရုတ်ခရီးသွားများနှင့် မျက်လုံးချင်း မဆိုင်မိအောင် ရှောင်နေရသည်ဟုဆို သည်။ တရုတ်ခရီးသွားများနှင့် အမြဲ တမ်းလိုလို စည်ကားနေလေ့ရှိသော ပင်လယ်စာဆိုင်ကြီးသည်လည်း မပိတ် စဖူး ပိတ်ထားပြီဖြစ်သည်။

တုံဆိုင်


ယင်းမှာ တရုတ်နိုင်ငံမှစ၍ သေ စေနိုင်သော ကိုရိုနာဗိုင်းရပ်စ်အသစ် တစ်မျိုး ပျံ့နှံ့ခဲ့ပြီးသည့်နောက်ပိုင်း တွေ့မြင်ရသည့် မြင်ကွင်းများဖြစ်သည်။ စတင်ဖြစ်ပွားသည့်မြို့ကို အစွဲပြုပြီး ဝူဟန်ဗိုင်းရပ်စ်ဟု ခေါ်ကြသည့် အဆို ပါ ဗိုင်းရပ်စ်အပေါ် ထိုင်းပြည်သူတို့၏ တုံ့ပြန်မှုက ရိုးရှင်းသည်။ သို့သော် ထိုင်းအစိုးရကမူ တုံ့ဆိုင်းနေသည်။


တရုတ်နိုင်ငံ ပြင်ပတွင် ထိုင်းနိုင်ငံ သည် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက် သူ တတိယအများဆုံး တွေ့ထားရသည့် နိုင်ငံဖြစ်သည်။ ဖေဖော်ဝါရီ ၂ ရက် စာရင်းများအရ ၁၉ ယောက်တွေ့ရှိ ထားသည်။ စိုးရိမ်စရာအကောင်းဆုံး ဖြစ်ရပ်မှာ ဇန်နဝါရီ ၃၁ ရက်တွင် တရုတ်နိုင်ငံသားမှ ထိုင်းနိုင်ငံသားသို့ ကူးစက်သည့်ဖြစ်ရပ်ကို ကြုံခဲ့ရခြင်း ဖြစ်သည်။ ကူးစက်ခံရသူမှာ ထိုင်း နိုင်ငံသား အငှားယာဉ်မောင်းသမား တစ်ယောက်ဖြစ်သည်။


နိုင်ငံတော်တော်များများက တရုတ်နိုင်ငံမှလာသည့် လေကြောင်း ခရီးစဉ်များကို ပိတ်လိုက်သည်။ တရုတ်နှင့် နယ်စပ်တံခါးကို ပိတ် လိုက်သည်ဟုဆိုနိုင်သည်။ သို့သော် ထိုင်းနိုင်ငံမှာမူ ခရီးသွားလုပ်ငန်းမှ ဝင်ငွေအများအပြား ရစေလျက်ရှိသည့် တရုတ်လေကြောင်းခရီးစဉ်များကို ပိတ်သိမ်းရန် တုံ့ဆိုင်းနေဆဲဖြစ်သည်။


ခရီးသွားလုပ်ငန်


ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရုတ် နိုင်ငံသား ခရီးသွား ၉၂၅၀၀၀ ကျော် ဝင်ရောက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ထို ကာလကနှင့်စာလျှင် ၃ ဒသမ ၄ ရာ ခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ထိုင်းခရီးသွား အာဏာပိုင်အဖွဲ့၏ အကြီးအကဲ ယူသာဆက်ဆူပါဆွန်းက ဧပြီလအထိ အခြေအနေ မတည်ငြိမ် လျှင် ထိုင်းနိုင်ငံသည် တရုတ်ခရီးသွား လုပ်ငန်းမှ ဝင်ငွေဘတ် ၉၈ ဘီလီယံခန့် ဆုံးရှုံးမည်ဟု ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။


ယင်းမှာ ထိုင်းအစိုးရ၏ ခရီးသွား လုပ်ငန်းမှ ရရှိမည်ဟု ခန့်မှန်းထားသည့် ဝင်ငွေဘတ် ဘီလီယံ ၅၀ ထက် ပိုများ နေသောကြောင့် မေးခွန်းထုတ်စရာများ ထွက်ပေါ်လာခဲ့သည်။ ခရီးသွားလုပ် ငန်းကို လော်ဘီလုပ်နေသူများက ဗိုင်း ရပ်စ်ပြဿနာနှင့် ရင်ဆိုင်နေရသည့် ကာလအတွင်းမှာပင် ခရီးသွားလုပ်ငန်း ကို ဆက်ဖွင့်ထားဖို့ အစိုးရကို ဘယ် လောက်အယုံသွင်းထား သလဲဆိုသည့် မေးခွန်းမျိုးဖြစ်သည်။


ထိုင်းနိုင်ငံသည် ၂၀၁၄ ခုနှစ် ပရာယွတ် အာဏာသိမ်းပြီးသည့်နောက် ပိုင်း တရုတ်နိုင်ငံသားတို့ကို ဆိုက် ရောက်ဗီဇာထုတ်ပေးပြီး တံခါးဖွင့်ခဲ့ သည်။ ယင်းမှာ ခရီးသွားလုပ်ငန်းကို တိုးတက်စေရုံသာမကဘဲ ပေကျင်း အစိုးရနှင့် ပိုမိုနီးကပ်စေခဲ့သည်။ ထို အချိန်မှစ၍ ထိုင်းနိုင်ငံ၏စီးပွားရေး တက်လာသည်။ အချို့ကမူ တရုတ် ခရီးသွားလုပ်ငန်းအပေါ် အလွန်အကျွန် မှီခိုအားထားသည်ဟုဆိုကြသည်။ ၂၀၁၄ ခုနှစ်တွင် တရုတ်ခရီးသွား လုပ်ငန်းမှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၄ ဒသမ ၆ သန်းရရှိခဲ့ရာမှ ယမန်နှစ် က ၁၁ သန်းအထိ တက်လာခဲ့သည်။ ယင်းမှာတစ်ကမ်္ဘာလုံးရှိ ကမ်္ဘာလှည့် ခရီးသည်များထံမှရရှိသည့်ဝင်ငွေစုစု ပေါင်း၏သုံးပုံတစ်ပုံနီးပါးရှိနေသည်။

အိမ်ခြံမြေ


ထို့ကြောင့် ထိုင်းနိုင်ငံ၏ ဂျီဒီပီ တွင် ခရီးသွားလုပ်ငန်းက ၂၀ ရာခိုင် နှုန်းအထိ ပါဝင်လာသည်။ စက်မှုကုန် ထုတ်လုပ်ငန်းနှင့် အခြားလုပ်ငန်းတို့ အပေါ် မှီခိုနေရာမှ ပြောင်းလဲသွားခြင်း လည်းဖြစ်သည်။ တရုတ်နိုင်ငံမှ အစိုးရ ထိန်းချုပ်ထားသည့် ခရီးသွားလုပ်ငန်း များအပြင် စီးပွားရေးများလည်း ထိုင်း နိုင်ငံသို့ ဝင်လာသည်။
တရုတ်နိုင်ငံသားတို့သည် ထိုင်း နိုင်ငံ၌ အိမ်ခြံမြေများ ဝယ်ယူကြသည်။ ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံ သားတို့သည် အမေရိကန်နှင့် သြစ တြေးလျပြီးလျှင် ထိုင်းနိုင်ငံ၌ အိမ်ခြံ မြေများ အများဆုံး ဝယ်ယူကြသည်။ ထိုသို့ ဝယ်ယူမှုများကြောင့် ယမန်နှစ် အတွင်း ထိုင်းဘတ်ငွေသည် အမေရိ ကန်ဒေါ်လာနှင့်ယှဉ်လျှင် ၈ ရာခိုင်နှုန်း တက်လာခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း အာရှငွေကြေးများတွင် အခိုင်မာဆုံး ဖြစ်ခဲ့သည်။ ထိုအချိန်တွင် တရုတ်ယွမ် ငွေသည်ပင်လျှင် ကုန်သွယ်စစ် စိုးရိမ်မှု များကြောင့်အမေရိကန်ဒေါ်လာနှင့်ယှဉ် လျှင် ၂ရာခိုင်နှုန်းကျဆင်းသွားသည်။


တရုတ်ခရီးသွားတို့သာ ဝင်မလာ လျှင် ထိုင်းနိုင်ငံ၏ ကျယ်ပြန့်သော အိမ်ခြံမြေဈေးကွက်ကြီး ကျဆင်းသွား လိမ့်မည်ဟု လေ့လာသူတို့က သုံးသပ် ကြသည်။ ငွေအားကောင်းသော ဝယ် သူတို့သည် ကွန်ဒိုများ၊ တိုက်ခန်းများမှ အဝေးသို့ ထွက်သွားကြမည်။ ဘန် ကောက်တွင် တိုက်ခန်းသိန်း ၅၀ လောက် ဟာလာဟင်းလင်း ဖြစ်သွားမည်ဟု ဆိုကြသည်။


ဟိုတယ်လုပ်ငန်


နောက်တစ်ချက် ထိခိုက်ဖို့ရှိသည် မှာ ဘန်ကောက်နှင့် ချင်းမိုင်ရှိဟိုတယ် တည်ဆောက်ရေး လုပ်ငန်းများဖြစ် သည်။ တရုတ်ခရီးသွားအရေအတွက် သည် အမြဲတမ်း တိုးတက်မှုသာ ရှိနေ သောကြောင့် ဟိုတယ်တည်ဆောက် ရေးလုပ်ငန်းများသည်လည်း အရှိန်အ ဟုန်ဖြင့် တိုးတက်လျက်ရှိသည်။ ထို ဖြစ်စဉ် ပြောင်းပြန်ဖြစ်သွားလျှင် များစွာထိခိုက်စရာ ဖြစ်လာလိမ့်မည်။


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေ ရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံမှ တိုက်ရိုက်လာသည့် လေကြောင်းခရီး စဉ်များအားလုံးကို လေဆိပ်ခုနစ်ခုတွင် သာ ဆင်းသက်ရန် ကန့်သတ်လိုက် သည်။ ထို့ပြင် တရုတ်နိုင်ငံသို့ ၁၄ ရက်အတွင်း အလည်အပတ် ရောက်ခဲ့ သည့် နိုင်ငံခြားသားများကို ပြည်ဝင် ခွင့် ပိတ်ပင်လိုက်သည်။ ဆိုလိုသည် မှာ တရုတ်နိုင်ငံသား အားလုံးကို ပြည် ဝင်ခွင့်ပိတ်လိုက်ခြင်းဖြစ်သည်။ ထို လုပ်ရပ်ကို ပေကျင်းက ပြင်းပြင်းထန် ထန် ဝေဖန်သည်။ ထို့ပြင် ထိုင်းနိုင်ငံကဲ့ သို့ တရုတ်ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများအပေါ် အားထားနေရသည့် ဒေသတွင်းနိုင်ငံများကို ထိုသို့မလုပ်ရန် အချက်ပေးလိုက်သည်။


အက်ရာထင်လာ

ထိုဖြစ်စဉ်သည် ပရာယွတ်၏ ညွန့်ပေါင်းအစိုးရအထဲတွင် အက်ရာ များ ထင်လာစေခဲ့သည်။ စီးပွားရေး သက်သက် ကြည့်သူများက တရုတ် နိုင်ငံ၏ လိုလားမှုကို လိုက်လျောလို သည်။ တစ်ဖက်တွင် ပြည်သူများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချရမှုကို ဦး စားပေးလိုသူများလည်း ရှိနေသည်။


ပြည်သူ့ကျန်းမာရေး ဝန်ကြီး အနူတင်ချန်ဗီရာကူးလ်တစ်ယောက် အိပ်ခန်းထဲတွင် အလုပ်သွားသည့်ဝတ်စုံ ဖြင့်ရှိနေသည့် ဗီဒီယိုဖိုင်တစ်ဖိုင် လူမှု ကွန်ရက်ပေါ်တွင် တက်လာခဲ့ပြီး လူ ပြောများခဲ့သည်။ ဝန်ကြီးသည် ဗိုင်း ရပ်စ်ပြဿနာကာလအတွင်း အိပ်ချိန် ပင်မထားဘဲ အလုပ်လုပ်နေသည်ဆို သည့် သဘောမျိုးဖြစ်သည်။ တစ်ဖက် တွင် ယင်းမှာ ပရာယွတ်အတွက် စိန် ခေါ်မှုဖြစ်သည်။ အနူတင်သည် ညွန့် ပေါင်းအစိုးရအတွင်း ပရာယွတ်၏ အဓိကပြိုင်ဘက်ဖြစ်သည်။


ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံတော်တော်များများသည် တရုတ် နိုင်ငံမှစတင်သည့် ကိုရိုနာဗိုင်းရပ်စ် အသစ်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင် နေရသည်။ လက်ရှိအချိန်ထိ တရုတ် ပြည်တွင်းတွင် မြို့ပေါင်းများစွာနှင့် လူ ပေါင်း ၅၆ သန်းခန့်ကို ပိတ်ထားသည့် တိုင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို မထိန်းချုပ်နိုင် သေး။ နေ့စဉ်နှင့်အမျှ သေဆုံးစာရင်းနှင့် ကူးစက်စာရင်းက ပုံမှန် အတက်ဘက် ကို လိုက်နေသည်။


ထိခိုက်မှုများ


ထိုဖြစ်စဉ်သည် တရုတ်နိုင်ငံ၏ စီးပွားရေးကို သိသိသာသာ စတင်ထိ ခိုက်လာစေပြီဖြစ်သည်။ နှစ်ကူးအတွက် ဇန်နဝါရီ ၂၃ ရက်ကတည်းက ပိတ် ထားသော တရုတ်စတော့ဈေးကွက် များသည် ပြီးခဲ့သည့် တနင်္လာနေ့ကမှ ပြန်ဖွင့်နိုင်ခဲ့သည်။ နှစ်ကူးနှင့်ဗိုင်းရပ်စ် ရောပြီး ပြန်ဖွင့်ဖို့ နောက်ဆုတ်ခဲ့ရသော ကြောင့် နောက်ကျခဲ့ခြင်းဖြစ်သည်။ ဖွင့်ဖွင့်ချင်းမှာပင် တရုတ် စတော့ရှယ် ယာများ ၉ ရာခိုင်နှုန်းနီးပါး ကျဆင်း သွားခဲ့သည်။


ထို့ပြင် အများပြည်သူ အပန်းဖြေ လုပ်ငန်းများအားလုံး ရပ်ဆိုင်းသွား သည်။ အပန်းဖြေစခန်း၊ ရုပ်ရှင်ရုံ အစ ရှိသည်တို့ အကုန်ပိတ်ထားရသည်။ နိုင်ငံခြား စီးပွားရေးလုပ်ငန်းများသည် လည်း လုပ်ငန်းများအားလုံးကို ယာယီ ရပ်ဆိုင်းထားကြပြီဖြစ်သည်။ ထို့ ကြောင့် ယခုနှစ် ပထမ သုံးလပတ် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း သည် တော်တော်လေးကျဆင်းမည်ဟု ခန့်မှန်းထားကြသည်။ ယင်းမှာ ဗိုင်း ရပ်စ်ထိန်းချုပ်ရေး ကာလရှည်လျှင် ရှည်သလို ပိုဆိုးဖို့သာရှိသည်။


ယင်းသို့ ကာလရှည်ခြင်းသည် တရုတ်ခရီးသွားလုပ်ငန်းကို အမှီပြု ထားသည့် နိုင်ငံများအတွက် ပို၍စိုးရိမ် စရာဖြစ်သည်။ ခရီးသွား အဝင်နည်းလာ သည့်တိုင် ဗိုင်းရပ်စ်ကူးစက်မှု စိုးရိမ် စရာ ပိုမိုမြင့်မားလာခြင်းကြောင့်ဖြစ် သည်။ မည်သို့ပင်ဖြစ်စေ ထိုင်းနိုင်ငံ ကမူ တရုတ်နိုင်ငံသားတို့ကို ဝင်ခွင့် ပိတ်ပင်ခြင်း မပြုသေးပေ။ တရုတ်၏ မဟာဗျူဟာမြောက် မဟာမိတ်မြောက် ကိုရီးယားပင် ပိတ်လိုက်ချိန်တွင် မပိတ်ဘဲ ကျန်နေခြင်းဖြစ်သည်။ ထို ရွေးချယ်မှု မှန်ကန်သလားဆိုသည်မှာမူ စောင့်ကြည့်ရမည်သာဖြစ်သည်။


သုတမင်းထွဋ်

Write A Comment