Breaking
Ad
Ad
Ad
Opinion

အခြေခံဥပဒေကို မပြင်ချင်တာဟာပြည်ထောင်စုပြိုကွဲမှာ စိုးရိမ်လို့ဆိုတာသေချာရဲ့လား (၁)

Pinterest LinkedIn Tumblr

အခြေခံဥပဒေကို မပြင်ချင်တာဟာပြည်ထောင်စုပြိုကွဲမှာ စိုးရိမ်လို့ဆိုတာသေချာရဲ့လား (၁)


ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုစနစ်နဲ့ ညီညွတ်ခြင်းမရှိ တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်နိုင်ဖို့အတွက် ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးပူးပေါင်းကော်မတီကို ဖွဲ့ စည်းဖို့အတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့မှာ မကွေးတိုင်းဒေသကြီး မဲဆန်္ဒ နယ် အမှတ်(၄)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦး အောင်ကြည်ညွန့်က ပြည်ထောင် စုလွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။ ဒီအဆိုကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးဖို့ အတည်ပြုခဲ့ ပြီးနောက် အချေအတင်ဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော် ကဖေဖော်ဝါရီလ(၆)ရက်နေ့မှာ ဆုံးဖြတ်အတည်ပြုပေးခဲ့ကာ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီကို အဖွဲ့ဝင်(၄၅)ဦး ပါဝင်စေပြီး ဖွဲ့စည်းခဲ့ကြပါတယ်။


အဲဒီလို နဲ့ ဖွဲ့စည်းခဲ့တဲ့ ၄၅ ဦး ကော်မတီဟာ ၁၁ လကျော် အချိန်ယူပြီး သုံးသပ်လေ့လာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ် ဆောင်ခဲ့ပြီးတဲ့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင် ဆင်ဖို့ ဥပဒေကြမ်းနှစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဇန် နဝါရီလ ၂၇ ရက် နေ့မှာ ပြည်ထောင် စုလွှတ်တော်ကိုတင်သွင်း ခဲ့ကြပါတယ်။ အဲဒီအ တွက် အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး လုပ်ငန်းစဉ် များမှာ (၁) အခြေခံဥပဒေ ပြင်ဆင်ချက်မူကြမ်း ရေးဆွဲပြုစု ခြင်း (၂)အခြေခံဥပဒေကို လုပ် ထုံး လုပ်နည်းနှင့်အညီ ပြည် ထောင်စုလွှတ်တော်သို့တင်သွင်း ခြင်းဆိုတဲ့ လုပ်ဆောင်ချက်နှစ် ရပ်ကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပြီး ဆက်လက်လုပ်ဆောင် သွားရမယ့် လုပ်ငန်းစဉ်များ အဖြစ်နဲ့ (၃) ဥပဒေကြမ်းများကို လေ့လာစိစစ်ခြင်း (၄)စိစစ် လေ့လာတွေ့ရှိချက်များကို လွှတ် တော်သို့တင်ပြခြင်း (၅)လွှတ် တော်မှာ ဆွေးနွေးအဆုံးအဖြတ် ခံယူခြင်းဆိုတဲ့အဆင့်တွေကတော့ ကျန်ရှိနေပါသေးတယ်။ တကယ်လို့ “ကာဠုဆီမှာချည်း လန်ကျ မနေခဲ့ရင်”(၆)ပြည်သူ့ဆန်္ဒခံယူ ခြင်းဆိုတဲ့အဆင့်ကိုလည်း ရောက် လာဖွယ်ရာရှိပါတယ်။

ဒီအဆင့်တွေမှာ အဆင့် (၃)နဲ့ (၄)ကတော့ ချောချော မွေ့မွေ့ မြန်မြန်ဆန်ဆန် ပြီး မြောက်သွားဖို့ရှိပေမယ့် အဆင့် (၅) လွှတ်တော်မှာ ဆွေးနွေး အဆုံးအဖြတ်ခံယူတဲ့ အဆင့်က တော့ ချောမွေ့ပါ့မလား၊ မြန် ဆန်ပါ့မလားဆိုတာ တထစ်ချ မပြောနိုင်ပါဘူး။ အကြောင်းက တော့ အခြေခံဥပဒေကြမ်း ပူး ပေါင်းကော်မတီကို ဖွဲ့စည်းဖို့ အဆိုတင်သွင်းလာကတည်းက (၁) လုပ်ထုံးလုပ်နည်းနဲ့မညီဘူး လို့ ကန့်ကွက်တာကတစ်မျိုး၊ (၂) လွှတ်တော်မှာအများ ဆန်္ဒ နဲ့ ဆုံးဖြတ်အတည်ပြုပြီးတာ တောင်မှလွှတ်တော် နာယက က “ဒါက ဘာသဘော ပါလဲခင်ဗျာ” လို့ မေး ယူရတဲ့အထိ မတ် တပ်ထကန့်ကွက် နေကြတာကတစ် ဖုံ၊(၃)ဒီကော်မတီ မှာ အချိုး ကျပါဝင်ခွင့်ရတာတောင် မှ ဝင်ရောက်မဆွေးနွေးဘူးလို့ လုပ်ပုံကတစ်သွယ်၊ (၄)ဒီလိုပူး ပေါင်းကော်မတီ ဖွဲ့ရအောင်လို့ အဆိုမတင်သွင်းခင်က အခြေခံ ဥပဒေကို ပြင်ဆင်ရေးအတွက် လုံးလုံးလျားလျား အသံမထွက်ခဲ့ ပါဘဲနဲ့ ပြည်ထောင်စုလွှတ်တော် ကပူးပေါင်းကော်မတီ ဖွဲ့စည်းပေး လိုက်ပါပြီဆိုတော့မှ ဖွဲ့စည်းပုံ ပြင်ဆင်ချက်တွေကို လွှတ်တော်ထဲ “တရွှတ်ရွှတ်” တင်သွင်းလာကြ တာတွေက တစ်နည်း၊ (၅) နောက်ဆုံးမှာ ပူးပေါင်းကော်မတီ က ဖွဲ့စည်းပုံ မူကြမ်းနှစ်စောင်ကို ပြုစုပြီးလို့ ပြည်ထောင်စုလွှတ် တော်မှာ တင်သွင်းပါတော့မယ် ဆိုတော့လည်း အဲဒါ“ဒို့ သဘော ထားမပါဘူး”လို့ဆိုတာကတစ် လမ်း လုပ်ခဲ့ကြတာတွေက ပူပူ နွေးနွေးရှိနေသေးလို့ပါ။


ဒီတော့ (၄၅)ဦး ပူးပေါင်း ကော်မတီက တင်သွင်းလာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ချက် မူကြမ်းနှစ်စောင်ကို လွှတ်တော်မှာ ဆွေးနွေးကြတဲ့ အခါ နိုင်ငံတော်နှင့် နိုင်ငံသား တို့ရဲ့ အကျိုးစီးပွားအလို့ငှာ ဦး တည်ဆွေးနွေးကြတဲ့ စောင်းခတ် သံ ရေခင်းသံများကို သုတိသာ ယာ ကြားရလေမလား ၊ “သူ ဖြူရင် ငါမည်း ကွဲချင်လို့ကွဲ သကွ” ဆိုတဲ့ ဗိန်းမောင်းသံ၊ ပတ်တိုက်သံတွေကိုပဲ ကြား ရ လေမလားဆိုတာတော့ စောင့် မျှော်နား ဆင်ရတော့မှာပဲဖြစ်ပါ တယ် ။


ကြည်ကြည်ဖြူဖြူ သဘော တူထောက်ခံပါတယ်လို့ ဆိုကြ လေမလား၊ မလွဲမသွေ ကန့် ကွက်ကြမယ့်သူတွေ ရှိနေကြ မလားဆိုတာတော့ မကြာမတင် မှာပဲ အဖြေထွက်မှာမို့ ကြိုတင် မပြောလိုတော့ပါဘူး။ ဒါပေမဲ့ ကန့်ကွက်မှာတွေရှိလာရင် အဲဒီ လူတွေက ဘာအကြောင်းပြချက် တွေနဲ့ ကန့်ကွက်ကြမှာလဲ။ (၁) ပြည်ထောင်စုကြီး ပြိုကွဲမှာ စိုး ရိမ်လို့လို့ အကြောင်းပြကြမှာ လား။ (၂) တိုင်းပြည်မှာ ငြိမ်း ချမ်းရေးကို မတည်ဆောက်နိုင် သေးတာကြောင့်လို့ အကြောင်း ပြကြလေမလား။ (၃) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့တာ မကြာသေးဘူး၊ ပြင်ဆင်ဖို့ အချိန်စောလွန်းသေးတယ်လို့ပဲ ဆိုကြလေဦးမလား။ (၄) ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို အစု အဖွဲ့ပေါင်းများစွာ၊ ကိုယ်စား လှယ်ပေါင်း များစွာနဲ့ရေးဆွဲပြီး အတည်ပြုပြဋ္ဌာန်းခဲ့တာမို့ အလွယ် တကူ မပြင်ဆင်သင့်ဘူးလို့များ ကန့်ကွက်ကြဦးမှာလား။


စဉ်းစားလို့ရသမျှ ကန့် ကွက်မယ့် အကြောင်းပြချက် (၅)၊ (၆)၊ (၇)၊ (၈) ဦးဆိုတာ တွေ ရှိသေးပေမယ့် လောလော ဆယ်တော့ မကြာခဏ ကြားနေ ရတဲ့ ဒီအကြောင်းပြချက်တွေ ကိုပဲ ဦးစွာပထမ ဆွေးနွေး တင်ပြသွားပါမယ် (နောက် အကြောင်းပြချက်တွေကိုတော့ လွှတ်တော်ထဲမှာ အသံထွက် လာတော့မှ လိုအပ်သလို ရေး သားတင်ပြသွားပါ့မယ်)။


ဦးစွာပထမ (၁) ပြည် ထောင်စုကြီးပြိုကွဲမှာ စိုးရိမ်ရ တဲ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်မသင့်သေး ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကန့်ကွက်လာမယ့် ကန့်ကွက် ချက်တွေဟာ အခြေအမြစ် ယုတ်္တိ ယုတ်္တာမရှိကြောင်း အထောက် အထားတစ်ခုကို ရှင်းလင်းတင် ပြပါမယ်။


လွန်ခဲ့တဲ့နှစ်ပေါင်း (၂၄၄)နှစ်က မြောက်အမေရိကတိုက် မှာ နိုင်ငံတစ်ခုပေါ်ထွန်းလာခဲ့ ပါတယ်။ ဗြိတိသျှကိုလိုနီအဖြစ် က တော်လှန်ရုန်းထွက်လာခဲ့ကြ တဲ့ (၁) နယူးဟမ့်ပရှိုင်းယား (၂) မက်ဆာချူးဆက်ဘေး (၃) ရုဒ်အိုင်းလင်း (၄)ကွန်နက်တီ ကပ်(၅) နယူးယော့ခ် (၆)နယူး ဂျာဆီ (၇) ပင်ဆယ် ဗေးနီးယား (၈) မေရီ လင်း (၉) ဒီလာဝဲယား (၁၀)ဗာဂျီးနီးယား (၁၁)မြောက်ကာရိုလိုင်းနား (၁၂) တောင်ကာရိုလိုင်း နား(၁၃)ဂျော်ဂျီယာ စတဲ့ပြည် နယ်များဟာကွန်ဖက်ဒရေးရှင်း နိုင်ငံ တစ်ခုအဖြစ် ပူးပေါင်းခဲ့ကြ ပြီးအေဒီ ၁၇၇၆ ခုနှစ် ဇူလိုင် လ (၄)ရက်နေ့မှာသူတို့နိုင်ငံရဲ့ လွတ်လပ်ရေး ကြေညာစာတမ်း ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲဒီကြေညာစာတမ်းရဲ့ ခေါင်း စည်းမှာTHE UNANIMOUS DECLARATION of the thireen unitet STATES OF AMERICA(အမေရိက၏ စည်းလုံးညီညွတ်သော ပြည် နယ် ၁၃ ခုတို့၏ တစ်စိတ်တစ် ဝမ်းတည်းဖြစ်သော ကြေညာ ချက်)လို့ရေးသားထားခဲ့ပါတယ်။


ဒီလွတ်လပ်ရေးကြေညာ စာတမ်းဟာ အမေရိကန်ပြည် ထောင်စုရဲ့မူလအစပါ။ ဒီကြေ ညာစာတမ်းအရ ဒီကနေ့ ကမ်္ဘာ့ စစ်ရေး၊ စီးပွားရေးထိပ်ဆုံးနိုင်ငံ လို့ဆိုရတဲ့ အမေရိကန်ပြည် ထောင်စုကို ပြည်နယ်(၁၃) ခု နဲ့ စတင်တည်ထောင်ခဲ့တယ်ဆို တာ ရှင်းခနဲ သိနိုင်မြင်နိုင်ပါ လိမ့်မယ်။ အဲဒီလို နိုင်ငံသစ်ကို စတင်တည်ထောင်ချိန်မှာ ပြည် ထောင်စုဥပဒေ (FEDERAL LAW) တောင်မှ မရှိသေးဘဲ မဟာမိတ်အဖြစ် ပူးပေါင်းခြင်း သဘောတူညီချက် (Confederation Law) နဲ့သာ စတင် တည်ထောင်ခဲ့ကြတာ ဖြစ်ပါ တယ်။ ဒီဥပဒေကို ၁၇၇၆ ခုနှစ် နှစ်လယ်ကနေ ၁၇၇၇ ခုနှစ် ကုန်နီးအထိ တစ်နှစ်ကျော် အချိန်ယူရေးဆွဲခဲ့ကြပြီး ၁၇၈၁ ခုနှစ် အစောပိုင်းကျမှ ၁၃ ပြည် နယ်လုံးက ပါဝင်လက်မှတ်ရေး ထိုးအတည်ပြုနိုင်ခဲ့ကြတာ ဖြစ် ပါတယ်။
ဒါပေမဲ့ နိုင်ငံကို တည် ထောင်ပြီး နောက်ပိုင်းကာလ တစ်လျှောက်မှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှု၊ ဗဟိုအစိုးရကို အခွန်ပေးအပ်မှု၊ ကာကွယ်ရေး နဲ့ ပြည်နယ်များအကြား ကုန် သွယ်ရေး စတဲ့ပြဿနာတွေကို ကြုံလာရတာကြောင့် ဒီ မဟာ မိတ်အဖြစ် ပူးပေါင်းခြင်းသဘော တူညီချက် (Confederation Law)နဲ့ ဆက်သွားနေလို့ မရ တော့ဘူးဆိုတာ အမေရိကန် ပြည်ထောင်စု ဖခင်ကြီးများနဲ့ ပြည်နယ်အသီးသီးက ကိုယ် စားလှယ်များက သိမြင်နား လည်လာခဲ့ကြပါတယ်။ အဲဒီအတွက်၁၇၈၆ခုနှစ် မှာတော့ ပြည်ထောင်စု ဥပဒေ (FRDERAL LAW)ကိုရေးဆွဲပြီး တည်ဆဲ (Confederation Law )ကို အစားထိုးကြ ဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြရပါ တယ်။ အဲဒါဟာ အမေရိကန်ပြည် ထောင်စု စတင်တည်ထောင်ခဲ့ အပြီး ၁၀ နှစ်အကြာ (Confederation Law)ရဲ့သက်တမ်း ၅ နှစ်ကျော် ၆ နှစ်နီးပါးအကြာ မှာပဲ စတင်လုပ်ဆောင်ခဲ့ကြရ တာဖြစ်ပါတယ်။


အမေရိကန်ပြည်ထောင်စု ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့ကြပုံ၊ ဥပဒေကြမ်းကို ဆွေးနွေးခဲ့ကြပုံ၊ အတည်ပြုခဲ့ ကြပုံများကို ယခင်က ရေးသား တင်ပြခဲ့ပြီးဖြစ်တာမို့ ဒီစာမှာ ထပ်မံ မရေးပြတော့ပါဘူး။ ဒီအခြေခံဥပဒေသစ်ကို အမေရိ ကန်ပြည်ထောင်စု လွတ်လပ် ရေးကြေညာစာတမ်း ရေးသား ခဲ့တဲ့ ဖီလာဒဲလ်ဖီးယားက အဲဒီ အဆောက်အအုံမှာပဲ ရေးသားခဲ့ ပါတယ်။ ဒီအခြေခံဥပဒေကို ၁၇၈၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ရေးသားပြုစု ပြီးစီးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဒီလာဝဲယားပြည်နယ်၊ ပင် ဆယ်လ် ဗေးနီးယားပြည်နယ်၊ နယူးဂျာစီပြည်နယ်၊ ဂျော်ဂျီယာ ပြည်နယ်နဲ့ ကွန်နက်တီကပ် ပြည်နယ်တို့ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်များက ဒီအခြေခံ ဥပဒေကိုသဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၁၇၈၈ ခုနှစ်အစမှာ မက်ဆာချုး ဆက်၊ မေရီလင်း၊ တောင်ကာရို လိုင်းနား စတဲ့(၃)ပြည်နယ်က ထပ်မံပါဝင် လက်မှတ်ရေးထိုးခဲ့ ကြပါတယ်။ အဲဒီနှစ် ဇွန်လ ၂၁ ရက်နေ့မှာ နယူးဟမ့်ပရှိုင်း ယားပြည်နယ်က လက်မှတ် ရေးထိုး ပါဝင်လာခဲ့ပါတယ်။ အဲဒီနေ့မှာပဲ အမေရိကန်နိုင်ငံရဲ့ မူလ အခြေခံဥပဒေလို့ဆိုရမယ့် (Confederation Law) ကို အဆုံးသတ်ခဲ့ကြပြီး ဒီပြည် ထောင်စုအခြေခံဥပဒေ (FRDERAL LAW) ကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ကြပါတယ်။


ဒီဥပဒေဟာ ၁၇၈၉ ခုနှစ် မတ်လ(၄) ရက်နေ့မှာ အသက် ဝင်ခဲ့ပြီး ဇွန်လမှာ ဗာဂျီးနီးယား ပြည်နယ် ဇူလိုင်လမှာ နယူး ယောက်ပြည်နယ်တို့ ဆက် လက်ပါဝင် လက်မှတ်ရေးထိုး ခဲ့ကြပြီး ပြည်ထောင်စုသစ်မှာ ပါဝင်လာကြပါတယ်။ မြောက် ကာရိုလိုင်းနားပြည်နယ်က ၁၂ ခုမြောက် ပြည်နယ်အဖြစ်နဲ့ ၁၇၈၉ ခုနှစ် နိုဝင်ဘာလမှာ လက်မှတ်ရေးထိုး ဝင်ရောက်လာ ခဲ့ပြီး ရုဒ်အိုင်းလင်းကတော့ ၁၇၉၀ ခုနှစ် မေ ၂၉ ကျမှသာ ပါဝင်လက်မှတ်ထိုးခဲ့ပါတယ်။


ဒီအထိဆိုရင် အမေရိကန် နိုင်ငံဟာ သူ့နိုင်ငံကို ပြည်နယ် (၁၃) ခုနဲ့ စတင်တည်ထောင်ခါ စမှာ (Confederation Law) နဲ့ စတင်တည်ထောင်ခဲ့တယ်။ နောက် ၁၀ နှစ်အကြာမှာ ဒီ ဥပဒေနဲ့ဆက်သွားဖို့ မဖြစ်နိုင် တော့ကြောင်း လက်ခံခဲ့ကြပြီး ပြည်ထောင်စုအခြေခံဥပဒေ (FRDERAL LAW)ကို ရေး ဆွဲခဲ့ကြတယ်။ အဲဒီဥပဒေကို ပြည်ထောင်ဖက် (၁၃) ပြည်နယ် အနက် (၉) ပြည်နယ်ရဲ့ သဘော တူညီချက်နဲ့ အတည်ပြုပြဋ္ဌာန်းခဲ့ တယ်ဆိုတာ ရှင်းရှင်းကြီးမြင် တွေ့နိုင်ပါလိမ့်မယ်။


အဲဒီအချိန်က မြောက် အမေရိကတိုက်ရဲ့ နေရာဒေသ အတော်များများမှာ ဗြိတိသျှ တို့ရဲ့ စိုးမိုးထားမှု (ပြည်ပလွှမ်း မိုးမှု) ရှိနေတုန်း ရှိနေဆဲပါ။ အဲဒီအချိန်မှာ စတင်အတည်ပြု ပြဌာန်းခဲ့တဲ့ အခြေခံဥပဒေဟာ မူလက ပြည်နယ်(၉)ခုနဲ့ တည် ထောင်ခဲ့ပေမယ့် ပြည်နယ် (၅၀)အထိ တစ်စိတ်တစ်ဝမ်း တည်း ပူးပေါင်းပါဝင်လာတဲ့၊ အလွန်ခိုင်မာတဲ့ ပြည်ထောင်စု နိုင်ငံကြီးတစ်ခုဖြစ် တည်လာ စေတဲ့ အခြေခံဥပဒေဖြစ်လာခဲ့ ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အခြေခံ ဥပဒေဆိုတာဟာ ပြည်နယ်တွေ ကွဲပြားသွားစေတာမျိုး မဟုတ် ဘူး ပိုမိုပေါင်းစည်းလာစေ တယ်။ ပြည်ထောင်စုကို ပြိုကွဲ သွားစေမှာ မဟုတ်ဘူး။ ပိုမို စည်းလုံးညီညွတ်လာစေမှာဖြစ် တယ်။ အဲဒီပြည်ထောင်စုနိုင်ငံ ဟာ ကမ်္ဘာ့ထိပ်တန်းမှာ ခမ်းနား ထည်ဝါစွာ ရပ်တည်နိုင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတစ်ခုရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်။ အုတ်မြစ်ကောင်းမှ အဆောက်အအုံ အရှည်တည်တံ့ ခိုင်ခံ့တယ်။ ဒီမိုကရေစီကို ကျင့်သုံးတဲ့အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေကောင်းမှ ပြည် ထောင်စုခိုင်မြဲတယ်၊ နိုင်ငံ တစ်ခု ထိပ်တန်းရောက်တယ် ဆိုတာကို အမေရိကန်ပြည် ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေက သက်သေပြနေပါ တယ်။


ဒီကနေ့ အမေရိကန်ပြည် ထောင်စုကို ကမ်္ဘာ့စီးပွားရေး ထိပ်သီးနိုင်ငံ၊ ကမ်္ဘာ့စစ်အင်အား ထိပ်သီးနိုင်ငံ၊ ကမ်္ဘာ့နည်းပညာ ထိပ်သီးနိုင်ငံအဖြစ်နဲ့ အင်အားရှိ နေစေတာဟာ အမေရိကန်နိုင်ငံ ရဲ့ အဖွဲ့အစည်းတစ်ခုတည်း အင်အားရှိလို့ မဟုတ်ပါဘူး။ ပြည်နယ်တိုင်းရဲ့ အင်အားတွေ၊ နိုင်ငံသားတို့ရဲ့ အင်အားတွေ ကြောင့်ပါ။


အဲဒီနိုင်ငံကို တစ်စိတ်တစ် ဝမ်းတည်းသော ပြည်ထောင်စု နိုင်ငံကြီးအဖြစ် နှစ်ပေါင်း ၂၄၃ နှစ်အထိ အဓွန့်ရှည်တည်တံ့ ခိုင်မြဲနေအောင် အဲဒီအင်အား တွေကို စုစည်းပေးထားနိုင်ခဲ့ တာဟာ ပြည်ထောင်စုမူစစ်စစ်၊ ဒီမိုကရေစီလမ်းစဉ် စစ်စစ်အ ပေါ် အခြေခံပြီး ရေးဆွဲပြဋ္ဌာန်း ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြောင့်ပါ။ တိုင်းရင်းသားစည်း လုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ ကြွေးကြော်သံတွေ၊ ဆိုင်းဘုတ် ကြီးတွေ မဟုတ်ကြပါဘူး။


တရားမျှတခြင်း၊ လွတ် လပ်ခြင်း၊ တန်းတူညီမျှခြင်း ဆိုတဲ့ တရားတွေအပေါ်မှာ မှန်မှန်ကန်ကန် အခြေခံပြီး ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာဟာ နိုင်ငံတစ်ခုကို ပြိုကွဲသွားစေဖို့မ ဖြစ်နိုင်ပါဘူး။ တံတွေးဆွတ်ပြီးကပ်ရတဲ့ စည်း လုံးညီညွတ်မှု၊ စလယ်ဝင် ဖင် မမဲခင်က ကွဲကြပြဲကြ၊ စေ့စပ် ဆွေးနွေးရင်းမှာပဲ ကွဲကြပြဲကြ တဲ့ ပြည်ထောင်စုမျိုးဆိုတာဟာ လောကပါလတရား (၃)ပါးကို ပါလေဟန်ထည့်သွင်းပြီး တရား မမျှတတဲ့၊ ချုပ်ချယ်ထားတဲ့၊ တန်းတူညီမျှခွင့်မပေးထားတဲ့၊ တစ်ဦးတစ်ယောက် တစ်စုတစ် ဖွဲ့ကို မမျှမတ အခွင့်အရေးတွေ ပေးအပ်ထားတဲ့ မည်ကာမတ်္တ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် သာ ဖြစ်တယ်ဆိုတာကို ကောင်း စွာ နားလည်ကြမယ်ထင်ပါ တယ်။


မကြာခင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆွေး နွေးကြရာမှာ ထောက်ခံသူတွေ ကလည်း အကြောင်းပြချက် အသီးသီးနဲ့ ထောက်ခံကြမှာ ဖြစ်သလို ကန့်ကွက်မယ့်သူတွေ ကလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ ကန့်ကွက်စကား ဆိုလာကြဦးမှာပါ။ အဲဒီအခါ ကျရင် “ပြည်ထောင်စု ပြိုကွဲမှာ စိုးလို့ ပြင်ဆင်ရန်မသင့်ပါ ကြောင်း” ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ကန့်ကွက်စကားတွေများ ပြောလာကြရင်ဖြင့် “အခြေခံ ဥပဒေကို မပြင်ချင်တာဟာ ပြည်ထောင်စု ပြိုကွဲမှာစိုးရိမ်လို့ ဆိုတာ သေချာရဲ့လား” လို့ မေး ခွန်း ထုတ်ရမှာဖြစ်ပါကြောင်း ကြို တင်ရေးသားတင်ပြလိုက်ရ ပါတယ်။


ထင်လင်းဦး(Wisdom Villa)

Write A Comment