Breaking
Ad
Ad
Ad
Opinion

ငါ့မောင်လေးနဲ့ ကွက်တိ

Pinterest LinkedIn Tumblr

ငါ့မောင်လေးနဲ့ ကွက်တိ


““မလဲသာ လက်ပံကျဉ်းမှာ နတ်သမီးစိုက်တဲ့ ကွမ်းရွှေဝါ နုနုသာ သီမဆုံးတယ် ဘယ်ဘုန်းမှ မုန်းနိုင်မလွယ်”” ထိုကဗျာပါ အကြောင်းရင်းကို ရှင်းမပြမီ အစ်မကြီးသန်းမြင့်အောင် နှင့် ရင်းနှီးကျွမ်းဝင်မှု ဖြစ်ကြောင်း ကုန်စင်တို့ကို ရှင်းပြထားရမည်။ ကြာတော့ကြာခဲ့ပါပြီ။

ကျွန် တော် စင်ကာပူအကျဉ်းထောင်မှ လွတ် မြောက်လာခဲ့ပြီး အမိမြန်မာပြည်သို့ စက်လှေဖြင့် ပြန်ပို့ခံခဲ့ရသည့် ၂၀၀၀ ပြည့်နှစ် နှစ်ဦးအလွန် ထောင်ကျစဉ် ကျွန်တော့်တာဝန်က နှစ်ကြီးသမားများ သေဒဏ်အမိန့်ချခံရသူများကို နံနက် တိုင်းတွင် ရေနွေးနှင့်ပေါင်မုန့်၊ ထမင်း ချိန်တွင် ထမင်းဟင်းလိုက်လံပို့ရသည့် အဖွဲ့၌ တာဝန်ကျသည်။ စင်ကာပူ၏ စနစ်က ရှင်းသည်။ သေဒဏ်သည် သေဒဏ်သာဖြစ်သည်။ ကြိမ်ဒဏ်သည် ကြိမ်ဒဏ်သာဖြစ်သည်။ လူ၏စိတ် သဘောက ဆန်းကြယ်၏။ သေဒဏ် ကျခံရသူများကိုကြည့်ကာ အလိုလို ကြောက်သည်။ သံဝေဂရသည်။ အကျဉ်းခန်းလေး၏ တံခါးအနီးတွင် ဦးဘယ်သူ၊ မောင်ဘယ်သူ ပြစ်ဒဏ် က ဘာဆိုသည်ကို ရေးထားပြီးဖြစ် သည်မို့ ထိုအကျဉ်းခန်းများဆီရောက် လေတိုင်း ကျွန်တော်သည် ဆွံ့အငြိမ် သက်ကာ ဘာဖြစ်လို့ဖြစ်မှန်းမသိ။

ကျွန်တော်တို့က တရားမဝင် နေထိုင် မှုကြောင့် ကြိမ်ဒဏ်ဘယ်နှစ်ချက်၊ ဘယ်နေ့၊ ဘယ်ရက် လွတ်မည်ကို တွက်ချက်ပြီး သိနေသည်ကလည်း သေဒဏ်သမားနှင့်တွေ့လျှင် ခံစား ချက်တစ်မျိုးတစ်မည် ဖြစ်ပုံရသည်။ စိတ်ပညာရှုထောင့်ကို ကျွန်တော် မပြောတတ်ပါ။ ထားကြစို့။ အမိမြန်မာပြည်ကို ပြန်ရောက်ပြီး သိပ်မကြာမီမှာပင် နာရေးကူညီမှုအ သင်း၌ လုပ်အားပေးဝင်လုပ်ဖြစ်ခဲ့ သည်။ ဤတွင် အစ်မကြီးသန်းမြင့် အောင်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ တစ်ခါမှာတော့ ရေနံချောင်းမှ အဘွား အို၏ ရုပ်ကလာပ်ကြီးကို ကားပြင်ဆရာ ကိုအောင်၊ အစ်မကြီးသန်းမြင့်အောင် နှင့် ကျွန်တော်တို့ ရန်ကုန်မှ သွားပို့ရ သည်။ ပြောရလျှင် စင်ကာပူအကျဉ်း ထောင်မှရလာသော သံဝေဂ၊ နာရေး ကူညီမှုအသင်း၌ လုပ်အားပေးစဉ် ရလာသည့် အသိအမြင်တို့ကြောင့် သေခြင်းနှင့် ရှင်ခြင်းကြားတွင် ကျွန် တော့်အတွက် ထူး၍တုန်လှုပ်မှု လျော့ ပါး၍လာသည်။ ထို့ကြောင့်လည်း လုပ်ချင်ရာစွတ်လုပ်ရာ စာအုပ်မျိုးစုံ ၃၆ အုပ် ထုတ်နိုင်ခဲ့ခြင်းပင်။

အထူး တလည် အောင်မြင်သည်တော့မဟုတ်။ မသေခင် လုပ်ချင်ရာစွတ်လုပ်ခြင်းသာ ဖြစ်သည်။ နာရေးကူညီမှုအသင်းနှင့် ကင်း ကွာပြီးနောက် စာပေဟောပြောပွဲတစ် ပွဲတွင် အစ်မကြီးသန်းမြင့်အောင်နှင့် ပြန်ဆုံရသည်။ ကျွန်တော်နှင့် အစ်မ ကြီးတို့က ပထမရက်၊ ဆရာမောင်မြင့် အောင်နှင့် ဆရာဖြိုးထိန်တို့က ဒုတိယ ရက်။ ဟောရမည်က မတ်္တရာနှင့် မြင်းမူကြားက လက်ပံကျဉ်းကျေးရွာ ၌ဖြစ်သည်။ ထိုဒေသ၌ ကွမ်းရွှေဝါ စိုက်ပျိုးမှု အကြီးအကျယ်ထွန်းကား သည်။

ထို့ကြောင့်ပင် ဆောင်းပါးအစ ၌ဖော်ပြသည့် ကဗျာလေးကို ကျွန် တော်ရေးဖွဲ့မိခြင်းပင်။ ကျွန်တော်ပြော ချင်သည်မှာ ဟောပြောပွဲအကြောင်း မဟုတ်။ ဟောပြောပွဲပြီးတော့ နောက်တစ် နေ့မှာပွဲစီစဉ်သူညီငယ်များက ွှသတည-ခေန ပစ်ကပ်ကားဖြင့် ကျွန်တော်တို့နှစ် ဦးကို မန်္တလေးသို့ လိုက်ပို့ပေးမည်။ ကျွန်တော်တို့က မန်္တလေးမှ လိုင်းကား စီးကာ ပြန်ကြမည်။ ခရီးကချောလို့။ သို့သော် တကယ်ထွက်လာချိန်မှာတော့ အတော်ကြမ်းသည်။ ကားကမြေသား တောလမ်းတွင် နှင်ရသည်မို့ ကား နောက်ခန်းမှ ကျွန်တော်တို့ မျက်လုံးပင် မဖော်ရဲ။ တစ်ကိုယ်လုံး ဖုန်ဖွေးဖွေး ကြား၌ လုံချည်ကိုဓားပြကဲ့သို့ ခေါင်း မြီးခြုံကာလိုက်ရင်း လက်နှစ်ဖက်က လည်း ကားသံတိုင်ကို မလျော့မတင်း စောင်းကြိုးညှင်းသို့ ထိန်း၍လိုက်ရ သည်။ အစ်မကြီးကတော့ ကားခေါင်း ခန်းမှာမို့နည်းနည်းသက်သာပါသည်။ ကတ်္တရာလမ်းပေါ်သို့ရောက်ဖို့အတော် ကြာကြာ မောင်းရသည်။ ကတ်္တရာလမ်းပေါ် ရောက်ခါနီး တော့ ကားက အလက်္ကပ်္ပရွာသို့ ရောက် ဖို့ အတော်ကြာကြာမောင်းရသည်။ ကတ်္တရာလမ်းပေါ် ရောက်ခါနီး တော့ ကားက အလက်္ကပ်္ပရွာ ခေတ်္တဝင် ကြသည်။ အစ်မကြီးသန်းမြင့်အောင်က ကိစ်္စလေးတစ်ခုရှိနေသည်မို့ ဒေသခံ ပရဟိတအဖွဲ့နှင့် စကားအနည်းငယ် ပြောဦးမည်ဟု သိရသည်။ ရေနွေး သောက်၊ အကြော်စား၊ ခြေလက်မျက် နှာ ဆေးကြော၊ ဖုန်တွေခါထုတ်ရှင်း လင်းရင်း ကျွန်တော်တို့ စောင့်သည်။ ခဏနေတော့ အစ်မကြီးသန်းမြင့် အောင် ခေါင်းတခါခါနှင့် ရေးကြီး သုတ်ပြာဖြစ်ကာ ကျွန်တော် ရေနွေး သောက်နေသောဝိုင်းသို့ရောက်လာ၏။

““မောင်လေးရေ ဒီမှာ”” မောင်လေးရေဆိုသည်မှာ ကျွန် တော့်ကို ခေါ်ခြင်းပင်။ ဒီမှာဆိုသည်က သူ့နောက်မှ လိုက်လာသော ဒေသခံများကို လက် ညှိုးထောင်၍ စကားပြောဟန်ပြုခြင်း ပင်။ ““ရှင်တို့ ရမ်းလုပ်လို့မဖြစ်ဘူး။ ဒီကိစ်္စက နောက်တစ်ခါ ပြန်လုပ်လို့ ရတဲ့ကိစ်္စမဟုတ်ဘူး။ရှင်းတယ်နော်”” သူကပြောရင်း ဘူးသီးကြော်ကို ဇက်ခနဲကောက်စားရင်း ကျွန်တော့် ရှေ့မှ ရေနွေးခွက်ကိုယူကာ မျှောချ သည်။ ထိုသို့ သောက်နေစားနေရင်း လက်က ကျွန်တော့်ကို ထထဟု သင်္ကေတပြ၏။ ဘူးသီးကြော်နှင့် ရေ နွေး သူ့လည်ချောင်းသို့ အလွန်၌ပင် သူက ကားဆရာကိုပါ အချက်ပြ၏။ သွားစို့။

တပ်ရင်းမှူးကြီးတစ်ဦး တိုက် ပွဲကြီးတစ်ပွဲကို နွှဲတော့မည်ဟန်မျိုး။ ကျွန်တော်က အတွေ့အကြုံများလှပြီမို့ အကြော်ပန်းကန်ထဲမှ ရသမျှကို လက် ထဲဆုပ်ကာ ငေါက်ခနဲ ထ၍ ကား နောက်ခန်းသို့တက်သည်။ ““ကျန်တဲ့သူတွေ ဒီမှာခဏစောင့် ကားဆရာ ခဏလိုက်ပို့ပါ”” သူက အမိန့်ထုတ်ပြီ။ ကျွန်တော့် လက်ထဲမှ အကြော်တစ်ခုကိုဆွဲကာ ပလုတ်ပလောင်းစားရင်း ကားခေါင်း ခန်းသို့ တက်သွားသည်။ ဒေသခံ သုံး လေးဦးက ကားနောက်ခန်းမှာတချို့၊ အစ်မကြီးနှင့်အတူ ကားရှေ့ခန်းသို့ တစ်ဦးတက်ကြသည်။ ကားဆရာက ခေါင်းခန်းမှ ဒေသခံညွှန်ပြသည့်အရပ် သို့ မောင်းထွက်လာခဲ့သည်။ ငါးမိနစ်မျှ မောင်းလာပြီးနောက် ရွာ၏သင်္ချိုင်းမြေရှိရာသို့ ဆိုက်တော့ သည်။ သုသာန်၌ လူလေးငါးဆယ်ဦး က အစ်မကြီးကို ကြိုနေသည်။ လက်စ မသတ်ရသေးသည့် ပန်းရန်လုပ်ငန်း တချို့ကိုလည်း လှမ်းမြင်နေရသည်။ ကျွန်တော်လည်း ပါလာသောအကြော် များကိုအလျင်အမြန်သွတ်သွင်းရတော့ သည်။ နာရေးတစ်ခုကြုံရပြန်ပြီထင်။ ကားသည် ထိုပန်းရန်လုပ်ငန်းရှိရာ အနီးထိ မောင်းဝင်လာခဲ့ခြင်းပင်။ ကားပေါ်မှ လူအားလုံးဆင်းကြသည်။ ကျွန်တော်လည်း ဘာပါလိမ့်ဟု အကဲ ခတ်ကာ လူအုပ်နောက်မှလိုက်ရင်း သင်္ချိုင်းမြေကို ဟိုငေးဒီငေးလိုက်ကြည့် နေမိသည်။

အစ်မကြီးသည် လက်စ မသတ်ရသေးသည့် အုတ်ခုံထူထူမြင့် မြင့်ရှိရာသို့ ခပ်သွက်သွက်လျှောက် သွားပြီး ဆောက်လုပ်ရေးအင်ဂျင်နီယာ တစ်ဦး၏ စစ်ဆေးသည့်ဟန်မျိုးဖြင့် ထိုအုတ်ခုံကို အသေးစိတ်ကြည့်ရှုစစ် ဆေးတော့သည်။ နံဘေးမှာလည်း ထို အုတ်ခုံနှင့်ပတ်သက်၍ ရှင်းပြနေသူများ ကိုမြင်ရသည်။ သူတို့ မည်မျှပင်ရှင်းပြ ပါစေ အစ်မကြီးမျက်နှာက ဘဝင် မကျသေး။ သူက လူအုပ်ထဲသို့ အကဲ ခတ်သည်။ လေးငါးဦးကို အကဲခတ် ပြီးနောက် သူ့မျက်နှာသည် အလွန် ဝင်းပကာ ပြုံးရိပ်သန်းသွားသည်။ သူ့ မျက်လုံးများက ကျွန်တော့်ထံမှမခွာ။ ပါးစပ်ကလည်း ဖွင့်ဟသည်။

““မောင်လေးရေ…လာဦး… လာဦး၊ အမယ်လေး ကံကောင်းလိုက် တာ”” ““ဘာလဲ…အစ်မကြီး”” ကျွန်တော် သူရှိရာသို့ တိုးဝင်ရင်း မေးသည်။ ““ခဏတက်စမ်းပါ”” သူက ကျွန်တော့်ရင်ခေါင်းလောက် ရှိသည့် အုတ်ခုံအမြင့်ပေါ်သို့ တက် ခိုင်းသည်။ ဖိနပ်ချွတ်ကာ ကျွန်တော် အုတ်ခုံပေါ်သို့တက်သည်။ ““လှဲလိုက်မောင်လေး”” ကျွန်တော် လှဲချလိုက်သည်။ ““ပေကြိုးယူခဲ့”” အစ်မကြီးက ပန်းရန်ဆရာထံမှ ပေကြိုးယူကာ တိုင်းတာပါသည်။ ခန်္ဓာကိုယ်၏ ဦးခေါင်းနှင့် ခြေဖဝါး ဘယ်ဘက်ညာဘက် အုတ်ခုံပေါ်မှအမြင့် စသည်တို့ကို တွက်ချက်သည်။ တွေ့ လား၊ သူတွေ့လားက ရိုးရိုးမဟုတ်။

““တွေ့လား၊ တွေ့လား၊ တွေ့ လား”” သုံးခွန်းကြုံးဝါးသည်။ ပြီးတော့ မှ နိဂုံးချုပ်၏။ ““ရပြီ မောင်လေး၊ ဒါ အားလုံး အတွက် ပုံစံချလို့ရတယ်။ ဒီအပေါ်မှာ ဒီထက်ကြီးတဲ့ ဘော်ဒီတင်ဖို့မရှိဘူး။ အဲဒါ ပုံစံဝင်အောင် ပြန်ချိန်ပါ”” ကျွန်တော် အုတ်ခုံပေါ်က ပြန် ဆင်းတော့ အစ်မကြီးက ပြုံးရွင်သော မျက်နှာထားဖြင့် စကားဆိုသည်။ မောင်လေးကို အစ်မကြီးက ထမင်း ကျွေးမယ်တဲ့။

ထို့ပြင် ““ငါ့မောင်လေးနဲ့ ကွက်တိပဲ”” ဟုဆိုသည်။ ကြည့်ပါဦး။ သူက အသုဘချ လျှင် သင်္ချိုင်း၌တင်ရမည့် အုတ်ခုံပေါ် တွင် ကျွန်တော့်ကို လှဲချခိုင်းကာ ပုံစံ နမူနာယူသည်ကိုး။ ကျွန်တော်က ဝလည်းဝ၊ လူကလည်း အရပ်အမောင်း မှာ အလောတော်ဖြစ်သည်မို့ ကွက်တိ ပဲဟုဆိုသည်။ ကျွန်တော် ထပ်မံအကဲ ခတ်ကြည့်မိတော့ ပန်းရန်လုပ်ငန်းက မီးသင်္ဂြိုဟ်စက်တစ်လုံး တည်ဆောက် နေကြခြင်းဖြစ်သည်။ မီးသင်္ဂြိုဟ်စက်ထဲ မထည့်မီ စောစောက အုတ်ခံပေါ်၌ ဘော်ဒီကို အရင်တင်ကြမည်ဟု သိရ ၏။ ကျွန်တော် ဈေးဦးပေါက် မဖြစ် ခဲ့သည်ပင် ကံကောင်းလှသည်ကော။

ဒေသခံများ၏ အရိုးအရပ်၊ ဘော်ဒီ ဆိုက်တို့ကို အစ်မကြီးက မကြိုက်။ ကျွန်တော်နဲ့မှ ကွက်တိတဲ့။ လုပ်ပုံ။ နေနှင့်ဦးပေါ့ဟု ကျွန်တော် ကြိတ်၍ကြုံးဝါးကာ မန်္တလာမြေသို့ ဆက်၍ လိုက်လာခဲ့သည်။ မန်းမြေသို့ အဝင်မှာပင် ကားက ထမင်းဆိုင်ကြီး တစ်ဆိုင်၌ရပ်၏။ အစ်မကြီးက သူ့ ပရဟိတဒေသခံများနှင့်တစ်ဝိုင်း၊ ကျွန် တော်နှင့် ကားဆရာကတစ်ဝိုင်း။ အစ်မကြီးက ပိုက်ဆံရှင်းတော့ ကျွန်တော်တွယ်ထားသော ထမင်း သုံး ပန်းကန်နှင့် ဟင်းအစုံကို ရှင်းပေးရင်း စားလှချည်လားတဲ့။ ““ဟဲဟဲ ဖုတ်ဝင်ထားတာလေ အစ်မကြီးရဲ့ ရှင်းလိုက်ပါ ဟဲဟဲ”” သူက မျက်စောင်းထိုး၏။ ကားဆရာက ရယ်နေတော့ သည်။


မာန်(တောင်လုံးပြန်)

Write A Comment