Breaking
Ad
Ad
Ad

“ချေးငွေပြဿနာ၊ အတိုးနှုန်း ပြဿနာ၊ ဒုတိယတစ်ချက်က အရင်က ၀န်ထမ်းတွေ အများကြီးခန့်တဲ့
ကုမ်္မဏီတွေကျတော့လည်း အခုလို စီးပွားရေး တုံ့နှေးတဲ့အချိန်မှာ ပိုပြီးတော့ . . .´´

လက်ရှိ တိုင်းပြည်စီးပွားရေးအခြေ အနေနှင့် ဆန်စပါးအခြေခံစျေးနှုန်း မသတ်မှတ်နိုင်သေးသည့်အပေါ် စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာ စိုးထွန်းနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါ တယ်။

လက်ရှိစီးပွားရေးအပေါ် သုံးသပ်ပေး ပါဆရာ။
လက်ရှိ စီးပွားရေး အခြေအနေ ပြောရရင် တောက်လျှောက်က Informalပုံစံမျိုး သွားနေရာကနေ စနစ် တကျပြောင်းလဲတာပေါ့။ ပြောင်းလဲတဲ့ နေရာမှာ တချို့က လုပ်ရကိုင်ရတာခက် တယ်။ စီးပွားရေးအရ ပြောမယ်ဆိုရင် ကျွန်တော်တို့က Informal သွားနေ တာကများတာပေါ့။ Informalise လုပ်တဲ့အချိန်မှာ လုပ်ရကိုင်ရတာ အခက်အခဲတချို့ ကြုံတွေ့ရတာပေါ့။ ဒုတိယတစ်ချက်က အထူးသဖြင့် ကုမ်္ပ ဏီကြီးတွေပေါ့။ တစ်နိုင်တစ်ပိုင် ကုမ်္ပ ဏီတွေထက်စာရင် ကုမ်္ပဏီကြီးတွေ မှာ ပြဿနာဘာရှိလဲဆိုရင် တစ်က သူ တို့က ချေးငွေနဲ့လုပ်ကြတာများတယ်။ အဲဒီတော့ ချေးငွေပြဿနာ၊ အတိုးနှုန်း ပြဿနာ၊ ဒုတိယတစ်ချက်က အရင်က ၀န်ထမ်းတွေအများကြီးခန့်တဲ့ ကုမ်္မဏီ တွေကျတော့လည်း အခုလို စီးပွားရေး တုံ့နှေးတဲ့အချိန်မှာ ပိုပြီးတော့၀န်ထမ်း စရိတ်ထောင်းတယ်။ ကြားရသလောက် လုပ်ငန်းကြီးတွေက အတိုးပေးဖို့နဲ့ ၀န်ထမ်းစရိတ် လစာပေးဖို့အတွက်ကို ရုန်းကန်နေရတယ်။ အစိုးရဘက်က အခွန်အကောက်နဲ့ပတ်သက်ရင် အရင် ကထက်စာရင် ပိုပြီးစနစ်တကျလုပ်လာ တာရှိတယ်။ မီတာခတို့ ဘာတို့က အရှုံးခံနေရာကနေ တိုးကောက်လိုက် တော့ တက်လာတာတွေရှိတယ်။ လုပ် ငန်းရှင်တွေ တော်တော်များများကပြော ကြတယ် အကျိုးအမြတ်မရှိဘူးပြော တယ်။ အစိုးရဘက်ကကြည့်ရင်တော့ အခွန်အခတွေ ရတယ်လို့ပြောတယ်။ အခြေအနေကောင်းတယ်၊ အလားအ လာကောင်းတယ်ပြောတော့ အဲဒီလို ကွာဟချက်ရှိနေတယ်လို့ မြင်ပါတယ်။

လက်ရှိဘဏ်နဲ့ လုပ်ငန်းရှင်ပြဿနာကို ထိန်းနိုင်ခဲ့ပေမယ့် နောက်ပိုင်း ဒီလိုဖြစ် နေရင် လုပ်ငန်းရှင်၊ ဘဏ်နဲ့ ပြည်သူ တွေ ထိခိုက်လာနိုင်လား။

တချို့က အမြဲပြောတာက တစ် ခုခုဖြစ်ရင် အမြဲတမ်း လက်မည်းကြီး ပေါ့။ ဝိသမလောဘသားတွေလုပ်တယ် ဆိုပြီးတော့။ မဆလ ခေတ်ကတည်းက ကြားလာတာ။ အထူးသဖြင့် အပြစ် ဖော်စရာမရှိရင် လက်မည်းကြီးပဲ လက်ညှိုးထိုးလိုက်တာပေါ့။ တပ်မ တော်ခေတ်မှာဆိုလည်း ဆန်စျေးတက် ရင် ဆန်ကုန်သည်၊ ရွှေစျေးတက်ရင် ရွှေကုန်သည်ကိုအရေးယူတယ်။ ဒီပုံစံ ကြီးကဖြစ်နေတယ်။ ဦးသိန်းစိန်ခေတ် မှာ အလားတူပြဿနာမျိုးရှိခဲ့တယ်။ အခုလည်း ဒီပြဿနာမျိုးဖြစ်လာခဲ့တော့ ဒါ လက်မည်းကြီးကလုပ်တယ် ဖြစ် တာပေါ့။ ဒါမျိုးကိုပြောရမယ်ဆိုရင် တော့ ကျွန်တော်ကသိပ်မကြိုက်ဘူး။ ပြဿနာအရင်းအမြစ်ကို မရှာဘဲလွယ် လွယ်ပြောရင် ဝိသမလောဘသားတွေ က စားတယ်။ ပွဲစားတွေလုပ်တယ်။ ဘာမှအဖြေကို အင်တာလိုက် မလုပ် တော့ဘူး။ အဲဒါမျိုးကို ကျွန်တော်တော့ သိပ်မကြိုက်ဘူး။ တကယ်တမ်း ဝိသမ လောဘသားက လုပ်မယ်ဆိုတာလည်း လူမပါဘဲ လုပ်လို့မရဘူး။ ကောလာ ဟလလွှင့်တယ်ဆို ဘယ်လိုလွှင့်မှာလဲ။ မီဒီယာကလွှင့်မှာလား။ FB ကလွှင့် မှာလား လွှင့်ရင်သူ့ပုံပေါ်မယ်။ သူ့ ဖမ်းပါလား။ သူပြောတဲ့အတိုင်း လူ တွေကယုံမလား။ ဖြစ်ခဲ့တဲ့ပြဿနာ တွေကြည့်ရင် အစကတည်းက အပြင် မှာ စီးပွားရေးတုံ့ဆိုင်းတယ်။ အိမ်ခြံ မြေ ဆောက်လုပ်ရေးကဏ္ဍ ကျနေတယ် ဆိုတာတော့ လူတိုင်းသိတယ်။ ဒီ သုံးလေးနှစ်မှာတော့ နာလန်ပြန်မထူ ဘူး။ ဘဏ်တွေအကြွေးဆပ်ရမယ့် ပြဿနာ ထုတ်ဖော်ပြောဆိုတဲ့ စီးပွား ရေးသမားတွေ ရှိလာတယ်။ တစ်ဖက် မှာ ဘဏ်ဆိုရင်လည်း YBS နဲ့ဖြစ်တဲ့ ပြဿနာမျိုး အကြွေးမဆပ်တဲ့ပုံစံမျိုး ရှိလာတယ်။ ဒါလည်း Amount က မနည်းဘူး။ ရှေ့မှာလည်း အမျိုးသား ကြီးပွားတိုးတက်ရေးဟာမျိုးကလည်း ဖြစ်ခဲ့ဖူးတယ်။ ထွက်ပြေးသွားတယ်။ ဘဏ်တွေမှာ အင်တာဗျူးလုပ်ခဲ့ဖူး တယ်။ ဘယ်ဘဏ်မှာ ဘယ်လောက် ပေးရမယ်ဆိုတာမျိုးပြောပြီး ပျောက် သွားတယ်။ ဒါတွေက အခြေခံလောင် စာတွေလို့မြင်တယ်။ လွှတ်တော်မှာ ဖြေတဲ့နေရာမှာလည်း ပထမတစ်ခေါက် ဗဟိုဘဏ် ဒုဥက်္ကဋ္ဌက ၀င်ဖြေတယ်။ သူ့အနေနဲ့ ဘဏ်တွေကို စည်းမျဉ်းအ လိုက် ဆောင်ရွက်မယ်ပြောတယ်။ ကျန်တာတော့ လက်မခံနိုင်ဘူးဆိုပြီး ဖြေတယ်။ နောက် ဖြစ်သွားတာက ဗဟိုဘဏ်က ရှေ့ကပြောခဲ့တဲ့ဟာကို မှားတယ်။ သူတို့အနေနဲ့ ဒီလိုမဟုတ် ပါဘူး။ နဂိုကတည်းက အခြေခံဟာ လေးတွေရှိလာတယ်။ နောက်ဆုံးဖြစ် တာလေးတွေက ဗဟိုဘဏ်အနေနဲ့ ရှေ့နဲ့နောက်နဲ့မညီမရှိတော့ ဘဏ်အနေ နဲ့ ယုံကြည်မှုမရှိတော့ဘူး။ ဘဏ်တွေ ကို ပိုက်ဆံအပ်မယ်ဆိုရင် စိတ်ချရတယ် ဆိုပြီး အပ်ကြတာ။ အဲဒီကမှ ပိုက်ဆံ ထုတ်ပြီး ရွှေတို့၊ ဒေါ်လာတို့၀ယ်ကြ တယ်။ တကယ်တမ်းပြောရရင် လက် မည်းကြီးမဟုတ်ဘူး။ ဖြစ်တဲ့အခြေခံ အချက်အလက်တွေရှိတယ်။ နောက် ပိုင်းကျတော့ အစိုးရပိုင်းရော၊ အတိုင် ပင်ခံတွေရော ပြောတဲ့အခါမှာ ပြည် သူတွေက စိုးရိမ်မှုလျော့ကျသွားတယ်။ ဒေါ်လာစျေးတို့ဘာတို့ ပြန်ကျတယ်ဆို တာက အရင်စျေးကို ပြန်မရတော့ဘူး။ ဒါမျိုး ခဏခဏဖြစ်တယ်ဆိုရင် မကောင်းဘူး။ ကောလာဟလဖြစ်တဲ့ အတွက်ကြောင့် ဒီလိုဖြစ်တဲ့အကြောင်း ရင်းတွေရှိတယ်။ အဲဒီအကြောင်းရင်း တွေ မဖြစ်ပေါ်လာအောင် ဘာကြောင့် ဖြစ်နေတယ်၊ တကယ်ဟုတ်၊ မဟုတ် လူတွေသိချင်တာ။ လုပ်ငန်းရှင်တချို့က ဘဏ်ကို အကြွေးဆပ်ဖို့လိုတယ်။ မဆပ်နိုင်ဘူး ဘယ်နှယောက်ရှိလဲ၊ ပမာဏဘယ်လောက်ရှိလဲ အဲဒါမျိုးတွေ ကို ပြန်သုံးသပ်ဖို့လိုတယ်။ ဒီလိုထုတ် ပြန်ရင် လူတွေအကုန်စိတ်အေးမှာပေါ့။ အဲဒီလိုမဟုတ်ရင်တော့ ပြောဖို့ခက် တယ်။ ဒါမျိုး မတည်မငြိမ်ဖြစ်တယ် ဆိုရင်တော့ ကောင်းတဲ့လက်္ခဏာ မဟုတ်ဘူး။ လုပ်ငန်းလုပ်တဲ့လူတွေ အခက်အခဲရှိတယ်။ ပြည်သူတွေအတွက် ကလည်း စိုးရိမ်မှုရှိတယ်။ ငွေကြေးနဲ့ ဘဏ်လုပ်ငန်းကလည်း တည်ငြိမ်မှုရှိ ဖို့လိုတယ်။

သဘာဝဘေးအန်္တရာယ်ကြောင့် စီးပွား ရေးလုပ်ငန်းတွေ ပြိုလဲနိုင်တဲ့အပေါ် သုံးသပ်ထားတာလေး ဖြေကြားပေးပါ။
ကျွန်တော်တို့တိုင်းပြည်မှာ ရေ ရှည်ရပ်တည်ဖို့ဆိုတာက ရှားတယ်။ သဘာဝဘေးအန်္တရာယ်အတွက်လည်း ပြင်ဆင်ထားတာမရှိဘူး။ စစ်တမ်း ကောက်ကြည့်တဲ့နေရာမှာ ၈၀ ရာခိုင် နှုန်းကျော်က သဘာဝဘေးအန်္တရာယ် အတွက် ပြင်ဆင်ထားတာမရှိဘူး။ ဖြစ် သွားတယ်ဆိုမှ ဖြစ်တယ်လို့ပဲပြောကြ တယ်။ သဘာဝဘေးအန်္တရာယ်နဲ့ပတ် သက်တာကို သတိထားဖို့လိုတယ်။ စီးပွားရေးနဲ့ပတ်သက်ရင် မတည်မငြိမ် မှုရှိတယ်။ တစ်ဖက်ကလည်း ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေ သတိထားဖို့လို တယ်။ အခုချိန်မှာ အများကြီးပြောင်းလဲ နိုင်တယ်။ ၀န်ထမ်းတွေအနေအထားက မသိသေးပေမယ့် စီမံခန့်ခွဲမှုလုပ်တဲ့ လူတွေကသတိထားဖို့လိုတယ်။ သူတို့မှာ လက်ရှိ အခက်အခဲဖြစ်နေတာက ၀န်ထမ်း စရိတ်ပေးဖို့နဲ့ အတိုးပေးဖို့ အခက်အခဲ ဖြစ်နေတယ်။ လုပ်ငန်းကြီး ပြိုလဲမယ် မပြိုလဲဘူးဆိုတာ ပြောဖို့မဖြစ်နိုင်ဘူး။ ရှေ့မှာလည်း အလားအလာတွေရှိခဲ့တော့ ကုမ်္ပဏီကြီးတစ်ခုကလည်း ကြီးကြီး ကျယ်ကျယ်ပြောခဲ့ပြီး အခုဆိုရင် တိမ်း ရှောင်နေရတဲ့ အနေအထားမျိုး ဖြစ်နေ တယ်။ ဒီနေ့သူဌေး မနက်ဖြန်ခွေးဖြစ် ရင်ဖြစ်နေတယ်။ ကိုယ်တို့တိုင်းပြည် အနေအထားက သဘာဝဘေးအန်္တရာယ် နဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့လိုတယ်။ ဒုတိယတစ်ချက် အကြံပြုချင်တာက မိမိရဲ့ စီးပွားရေးလုပ်ငန်းကို မပြိုလဲ အောင် Plan B ထားဖို့ လိုတယ်လို့ အကြံပြုချင်တယ်။

ဆန်စပါးအခြေခံစျေးနှုန်းကို လက်ရှိ အချိန်ထိမသတ်မှတ်နိုင်သေးတဲ့အတွက် တောင်သူတွေ ဘာအခက်အခဲရှိနေလဲ။
ဆန်စပါးစျေး သတ်မှတ်ဖို့က လည်း ဝိ၀ါဒကွဲနေတယ်။ အစိုးရပိုင်း အနေနဲ့က ထုတ်လုပ်မှုကုန်ကျစရိတ် တစ်ဧကစိုက်ရင် ဘယ်လောက်ကုန် တယ်။ အဲဒီအပေါ်မှာတွက်ချက်ပြီး သတ်မှတ်မယ်။ တောင်သူလယ်သမား ပိုင်းကကျတော့ သူတို့ကုန်ကျစရိတ်က ၃၂၀၀၀၀ ရှိရင် အဲဒီအောက်ရောက်မှ ၀ယ်ဖို့လိုတယ်။ တောင်သူလယ်သမား တွေကျတော့ အဲဒီလိုမရဘူး။ သူတို့ အကျိုးအမြတ်ပါ ထည့်စဉ်းစားပေးရ တယ်။ ဆန်စပါးအသင်းချုပ်အနေနဲ့ လွန်ခဲ့တဲ့ ၂နှစ်က ဆန်စပါးအခြေခံ စျေးနှုန်း ကျပ် ၅၀၀၀၀၀ သတ်မှတ် ပေးခဲ့တယ်။ ဆန်စပါးအသင်းချုပ်အနေ နဲ့လည်း ဒီသတ်မှတ်စျေး ၅၀၀၀၀၀ အောက်ရောက်လို့ရှိရင် သူတို့အနေနဲ့ အများကြီး၀ယ်ဖို့ မရှိနိုင်ဘူး။ သူတို့က သာမန် NGO အဖွဲ့အစည်းဖြစ်တယ်။ သူတို့အတွက် Fan တွေမရှိဘူး။ စပါး စျေးနဲ့ပတ်သက်ရင် သတ်မှတ်ချက်မှာ က မူဝါဒရော ပြန်ညှိနှိုင်းနေတဲ့အနေ အထားပဲရှိသေးတယ်။ မထုတ်ပြန်နိုင် သေးဘူး။ တစ်ဖက်မှာလည်း စပါးစျေး သတ်မှတ်ဖို့က သတ်မှတ်ချက်အနေ အထားအရ မြင့်သွားတယ်ဆိုရင် ပြန် ရောင်းတဲ့နေရာမှာ ဆုံးရှုံးမှုရှိရင် ဘယ် သူ တာ၀န်ယူမှာလဲဆိုတဲ့ ပြဿနာရှိ တယ်။ အဲဒါကလည်း နည်းနည်းခက် တယ်။ လယ်သမားတွေဘက်ကလည်း စဉ်းစားဖို့လိုတယ်။ တိုင်းပြည်ဆူပူမှု ရှိအောင် အဲဒီလမ်းစဉ်ကို ကျွန်တော် တို့အနေနဲ့ သေချာရွေးချယ်ဖို့လိုတယ်။

နောင်အစိုးရလက်ထက်နဲ့ အခုလက်ရှိ စီးပွားရေးအခြေအနေလေး နှိုင်းယှဉ် သုံးသပ်ပေးပါ။

ကျွန်တော်တို့တိုင်းပြည်ကတော့ အလားအလာကောင်းတယ်လို့ ယူဆ ကြပါတယ်။ အစိုးရအနေနဲ့ ပြောင်းလဲ ဖို့လိုတာက အပေါ်ယံမဟုတ်ဘဲနဲ့ Systemတစ်ခုလုံး ပြောင်းပေးဖို့လို တယ်။ တစ်ခါတလေ ပြောင်းတဲ့နေရာ မှာ အပေါ်ယံဘဲ စွဲပြောင်းတဲ့အခါမှာ အောက်က System တွေက ဒီအတိုင်း ပဲ ကျန်နေတယ်။ အဲဒီနှစ်ခုက မညီမျှ တော့ လုပ်ရကိုင်ရတာခက်တယ်။ ဥပမာအနေနဲ့ ဆောက်လုပ်ရေးတင်ဒါ နဲ့ပတ်သက်ရင် ဆောက်လုပ်ရေးတင်ဒါ က ကျွန်တော်တို့ဆီမှာ အမြဲတမ်း နောက်ကျတယ်။ လွှတ်တော်ကအတည် ပြုတယ်။ ပြီးမှ တင်ဒါရွေးချယ်ရေး အဖွဲ့ ဖွဲ့တယ်။ ပြီးမှ ကြေညာတယ်။ လေးငါးလ စောင့်ရတဲ့ကာလရှိတယ်။ လေးထပ်တိုက်ဆောက်မယ်ဆိုရင် တစ်ထပ်ပြီးမှ တစ်ထပ်လုပ်ရတယ်။ သုံးလေးလနဲ့ အပြီးသတ်ဖို့က မလွယ် ဘူး။ အရင်ခေတ်မှာက လုပ်ငန်းမပြီး ပေမယ့် ပြီးစီးတယ်လို့ပြပြီး ငွေကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူး၊ ဌာန ဆိုင်ရာအကြီးအကဲတွေက ထုတ်ထား ပြီး ဆောက်တဲ့လူက ဆက်ဆောက် တယ်။ ဒီအစိုးရတက်လာတော့ လာဘ် ပေးလာဘ်ယူမှုရှိလို့ လုပ်လို့မရဘူးဆို ပြီး ငွေထုတ်လို့မရဘူး။ တကယ်တမ်း ကျတော့ တင်ဒါခေါ်တဲ့ လုပ်ငန်းစဉ် အရ မပြောင်းဘူး။ လုပ်ငန်းတွေမပြီး တော့ လုပ်ငန်းရှင်တော်တော်များများ က လျော်ရတာတွေရှိတယ်။ ဒါကြောင့် ပြဿနာတွေရှိနေတယ်။ လုပ်လိုက် တာ မကောင်းဘူးလားဆိုတော့ ကောင်းတယ်။ ပိုက်ဆံတွေ (ချက်) တွေ ကြိုထုတ်တဲ့ကိစ်္စကို တားမြစ် လိုက်တယ်။ တင်ဒါခေါ်တဲ့လုပ်ငန်း စဉ်ကျတော့ မပြင်ဘူး။ ဒီအတိုင်းပဲ ထားတယ်။ လေးငါးလနဲ့ဆောက်ဆို တော့ လုပ်ငန်းရှင်က လုပ်လို့မရတော့ ဘူး။ ဌာနဆိုင်ရာတွေ ဆည်မြောင်းတို့ ဘာတို့ဆို ဆောက်လို့မရတော့ဘူး။ တချို့ဆိုရင် ရတဲ့ပိုက်ဆံကို မလုပ် တော့ဘဲ ပြန်အပ်တာတွေရှိတယ်။ အစိုးရဘတ်ဂျက်တွေမှာ မပြီးစီးဘဲ ဆောင်ရွက်ရတာတွေများတယ်။ အများဆုံးဌာနက နိုင်ငံခြားရေးဌာန တောင်ပါတယ်။ ၈၀ ရာခိုင်နှုန်းကျော် က ဘတ်ဂျက်ပြန်အပ်ရတယ်။ စနစ် ကို ပြောင်းတဲ့အခါမှာ အပေါ်ယံပြောင်း တာမဟုတ်ဘဲနဲ့ အခြေခံလိုအပ်ချက် ကို လေ့လာပြီးပြောင်းပေးမှ အလုပ်လုပ် လို့ရတယ်။ အခုကျတော့ အပြင်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှား တယ်။ငွေကြေးလှည့်လည်မှုကျပ်တယ်။ အဲဒါကို ဖြေရှင်းပေးနိုင်ရင်တော့ တိုင်း ပြည်အတွက် အလားအလာ အများကြီး ကောင်းတယ်။ ဒါလေးတွေပြင်ရင်တော့ နောင်လာမယ့်ငါးနှစ်မှာ တိုင်းပြည်စီးပွား ရေးတိုးတက်လာမယ်လို့ မြင်ပါတယ်။

သူရိန်ကျော်

Author

3 Comments

  1. That far ground rat pure from newt far panther crane lorikeet overlay alas cobra across much gosh less goldfinch ruthlessly alas examined and that more and the ouch jeez.

    • Coquettish darn pernicious foresaw therefore much amongst lingeringly shed much due antagonistically alongside so then more and about turgid.

  2. Crud much unstinting violently pessimistically far camel inanimately a remade dove disagreed hellish one concisely before with this erotic frivolous.

Write A Comment